Pages

Monday, July 6, 2015

နန်းတော်ရှေ့ဆရာတင်ရဲ့ ဓမ္မသီချင်းငါးပုဒ်ကို မန္တလေးမဟာမြတ်မုနိဘုရားကြီးထံ ရာသက်ပန်လှူဒါန်း


နန်းတော်ရှေ့ဆရာတင်ရဲ့ မိသားစုနဲ့အတူ အဆိုတော်၊ စာရေးဆရာများ (ဓာတ်ပုံ - ယုမွန်ကျော်)

နန်းတော်ရှေ့ဆရာတင်ရဲ့ ဓမ္မတေးသီချင်းငါးပုဒ်ကို မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီးကို ရာသက်ပန် လှူဒါန်းကုသိုလ်ပြုပွဲ အခမ်းအနားကို ဇွန်၂ ရက်က နန်းတော်ရှေ့ဆရာတင်မိသားစုက  ပြုလုပ်ခဲ့ပါတယ်။

နန်းတော်ရှေ့ဆရာတင် ရေးစပ်သီကုံးခဲ့တဲ့ တေးသီချင်းပေါင်း နှစ်ထောင်ကျော်ခန့်ရှိခဲ့ပြီး အဲဒီထဲက ဓမ္မ သီ ချင်းငါးပုဒ်ဖြစ်တဲ့ အောင်နိမိတ်၊ ဓမ္မစကြာ၊ မြန်မာ့ဂုဏ်ရည်၊ မြနန္ဒာ၊ စွယ်တော်ကြိုးသီချင်းတွေကို ဂီတ အ    စည်းအရုံးကတဆင့် လှူဒါန်းခဲ့ခြင်းဖြစ်ပါတယ်။

နန်းတော်ရှေ့ဆရာတင်ရဲ့ မြေးတော်စပ်သူ နန်းခင်မွှေး

အဲ့ဒီလို ရာသက်ပန်လှူဒါန်းဖြစ်တာနဲ့ပတ်သတ်လို့ နန်းတော်ရှေ့ဆရာတင်ရဲ့ သားကြီးဖြစ်တဲ့ ဦးရွှေနန်းတင်က “ဒါက အဖေရှိနေရင် အသက်၁၂၀ပြည့်မှာလေ၊ အဖေ့အတွက်လည်း ကုသိုလ်လုပ်ချင်တယ်။ အဘတို့ ဒီအတိုင်း ဘုန်းကြီးဆွမ်းကပ်လိုက်လဲ ရပေမယ့် အဖေရေးခဲ့တဲ့ ဓမ္မသီချင်းတွေကို ဘုရားကို လှူဒါန်းပြီး    ကုသိုလ်လုပ်ပေးချင်လို့ပါ”လို့ပြောပြပါတယ်။ နန်းတော်ရှေ့ဆရာတင်ရဲ့ မျိုးဆက်ဖြစ်တဲ့  သားဖြစ်သူ       ရွှေနန်းတင်နဲ့ ဇနီး ခင်စန်းတင် တို့မှ မွေးဖွားလာတဲ့  မြေး နန်းခင်အေး၊ နန်းဝင်းနဲ့ နန်းခင်မွှေးတို့နဲ့အတူ        မြစ်တော်စပ်သူ သဲနုဆည်းဆာတို့က နန်းတော်ရှေ့ဆရာတင်ရဲ့ ဓမ္မသီချင်းများ လှူဒါန်းပွဲမှာ တေးသီချင်းများကို အမှတ်တရ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

အဆိုတော် စိမ်းမို့မို့နှင့် သဲနုဆည်းဆာ

နန်းတော်ရှေ့ဆရာတင် နှစ်၁၂၀ ပြည့်ပွဲကိုလည်း ကျင်းပပြုလုပ်နိုင်ရန် ကြိုးစားသွားမယ်လို့လည်း သိရပြီး ပြုလုပ်ဖြစ်ပါက လာမယ့် ဒီဇင်ဘာလမှာ ပြုလုပ်သွားမှာပါ။



ယုမွန်ကျော်

No comments:

Post a Comment