Pages

Thursday, July 2, 2015

ချစ်သူသစ်ဘီလျံနာသူဌေးရဲ့ ကူညီဖေးမမှုမရလိုက်တဲ့ ပေါ့ပ်ဘုရင်မ


photo - dailymail.com

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကမ္ဘာကျော် ပေါ့ပ်အဆိုတော်မာရီကာရေးဟာ သူ့ရဲ့ ချစ်သူသစ် ဂျိမ်းစ်ပါကာ နဲ့ အတူ စပိန်နိုင်ငံရှိ Formentera ကျွန်းမှာ Arctic P vessel ဆိုတဲ့ ရွက်သဘောင်္စီးပြီး သွားလာခဲ့စဉ် လှေခါးထစ်ပေါ်မှ မတော်တဆ လဲကျခဲ့ပေမယ့် သူမကို ဆွဲထူဖေးမှုမှု မရှိခဲ့ပါဘူးတဲ့။


ဘီလျံနာသူဌေးဖြစ်သူ သြစတြေးလျလူမျိုး စီးပွားရေးလုပ်ငန်းရှင် ဂျိမ်းစ်ပါကာ ဟာ သူ့ချစ်သူ မာရီယာကာရေး အခုလို လှေကားပေါ်ကနေ ခြေလွတ်လက်လွတ် ပြုတ်ကျမယ့်ဆဲဆဲဖြစ်နေချိန်မှာ သူကတော့ သူ့ကိုယ်ပိုင် ရွက်သဘောင်္ကြီးပေါ်မှာ အေးအေးဆေးဆေးနဲ့ နေရောင်ခြည်ရဲ့ အရသာကို ကောင်းကောင်းကြီး ခံ စားနေခဲ့တာပါတဲ့။



မာရီယာကားရေးကတော့ ချစ်သူသစ် ဂျိမ်းစ်ပက်ကာ တယောက် သူ့လက်နဲ့ လာရောက်ဖေးမ ကူညီပေးဖို့ လိုလားစိတ်ရှိခဲ့ပေမယ့် ဂျိမ်းစ်ကတော့ လာရောက် အကူအညီ မပေးခဲ့ဘူးလို့ ဆိုပါတယ်။


ကိုးကားသတင်း။  ။ http://www.dailymail.co.uk/tvshowbiz/article-3146705/As-new-love-Mariah-Carey-takes-tumble-stairs-mega-yacht-James-Packer-doesn-t-lift-finger-help-deckhand-that.html?ito=social-facebook

No comments:

Post a Comment