Pages

Wednesday, July 22, 2015

မိုဘိုင်းနဲ့ကွန်ပြူတာသုံးသူတွေရဲ့ အချက်အလက်များ ခိုးယူနိုင်တဲ့ ဆော့ဖ်ဝဲလ် မ၀ယ်ခဲ့ဘူးလို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ငြင်းဆို




မိုဘိုင်းဖုန်းနဲ့ ကွန်ပျူတာ အသုံးပြုသူများရဲ့ကိုယ်ရေး အချက်အလက်တွေကို ကြားဖြတ် ခိုးယူနိုင်တဲ့ ဆော့ဖ်ဝဲ လ် ၀ယ်ယူခဲ့ခြင်း မရှိကြောင်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ငြင်းဆိုလိုက်ပါတယ်။

“ကျနော်တို့အနေနဲ့ ကိုယ်ရေးအချက်အလက်များ ခိုးယူနိုင်တဲ့ အဲဒီလို ဆော့ဖ်ဝဲကို ပြစ်မှုကြောင်းအရ ဘယ်လို ရှိမယ်ဆိုတာ ဆန်းစစ် လေ့လာတာမျိုး ရှိနိုင်ပေမယ့် ၀ယ်ယူခဲ့တာတော့ လုံးဝ မရှိပါဘူး” လို့ တော်ဝင်ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဖရာဝတ် သာဝန်ဆရီ (Prawut Thawornsiri) က ပြောပါတယ်။

ဒါဟာ အီတလီလူမျိုး ကြားဖြတ်စောင့်ကြည့်ရေး ဆော့ဖ်ဝဲရောင်းချတဲ့အဖွဲ့ (Hacking Team -HT) ထံမှ ထိုင်းဘတ် ဆယ်သန်းကျော်ဖြင့် ၀ယ်ယူခဲ့တာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြခဲ့ပြီးနောက် အခုလို ရှင်းလင်း ပြောဆိုမှုတွေ ဖြစ်ပေါ်လာတာပါ။

ဒုတိယရဲဗိုလ်မှူးကြီး ဖရာဝတ်က ထိုင်းတော်ဝင် ရဲတပ်ဖွဲ့ အနေနဲ့ အများပြည်သူတို့ရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို စောင့်ကြည့်စုံစမ်းဖို့ မူဝါဒ မရှိကြောင်းလည်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရဲတပ်ဖွဲ့ အနေနဲ့လည်း လူမှုမီဒီယာများအပေါ် စောင့်ကြည့်ဆန်းစစ်နိုင်တာကြောင့် အခုလို ကြားဖြတ်ခိုးယူနိုင်တဲ့ ဆော့်ဖ်ဝဲလ်မျိုး ၀ယ်ယူဖို့ မလိုအပ်ဘူးလို့လည်း ပြောပါတယ်။

ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားတာကတော့ ပြီးခဲ့သော ဇူလိုင် ၈ ရက်နေ့က ပေါက်ကြားခဲ့တဲ့ HT ရဲ့ emails and documents ကို အခြေခံထားတယ်လို့ ဆိုပါတယ်။ ထိုင်းတော်ဝင် ရဲတပ်ဖွဲ့နဲ့ ထိုင်းတော်ဝင် စစ်တပ်တို့ရဲ့ ၀ယ်ယူသူ အမည်ကို ဂယ်လီလီယိုနဲ့ ဒါဗင်စီ စသဖြင့် ပေးထားတယ်လို့ ဆိုပါတယ်။

အီးမေးလ် တစောင်မှာတော့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ၂၀၁၃ ခုနှစ်အတွင်း ယူရိုငွေ ၂၈၆၄၈၂ (ထိုင်းဘတ် ၁၀ ဒသမ ၇ သန်း) ဖိုး ၀ယ်ယူခဲ့သလို ထိုင်းတော်ဝင်စပ်တပ်ကလည်း ၂၀၁၄ ခုနှစ်အတွင်း ယူရို ၃၆၀၀၀၀ တန်ဖိုး သုံးစွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။



ကိုးကားသတင်း။  ။ http://www.bangkokpost.com/news/security/628636/

No comments:

Post a Comment