Pages

Monday, July 27, 2015

Huawei P7 နဲ့ရိုက်ပြီး လူအများဆုံးပါဝင်တဲ့ Selfie ဂင်းနစ် စံချိန်ချိုး




တောင်အမေရိကတိုက်၊ ဘိုလီဗီးယားနိုင်ငံမှာ Huawei (ဘိုလီဗီးယား) မှ Selfie ဓာတ်ပုံ ရိုက်ကူးရာမှာ လူအများဆုံး ပါဝင်နိုင်ခဲ့တာကြောင့် ဇူလိုင်လ ၁၈ ရက်နေ့က ကမ္ဘာ့ဂင်းနစ်မှတ်တမ်းမှာ ဂင်းနစ်စံချိန်ချိုးနိုင်ခဲ့ပါတယ်။ အဲဒီ Selfie ဓာတ်ပုံကို Huawei P7 စမတ်ဖုန်းရဲ့ အရှေ့ဖက်ကင်မရာနဲ့ ရိုက်ကူးခဲ့တာဖြစ်ပြီး ဓာတ်ပုံမှာ လူအယောက် (၂၆၈) ယောက် ပါဝင်ရိုက်ကူးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံအတွင်းမှာ ဘိုလီဗီးယားနိုင်ငံမှ တရုတ်သံအမတ်၊ မြို့တော်ဝန်၊ လားပါ့(ဇ်)မြို့ရဲ့ ယဉ်ကျေးမှုဝန်ကြီး၊ ဘိုလီဗီးယား ဘောလုံးအသင်းမှ မန်နေဂျာများ၊ ဘောလုံးသမားများနဲ့ ဘိုလီဗီးယား မြို့သူမြို့သားတွေ ပါဝင်ခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ရှိတဲ့ ဂင်းနစ်စံချိန်ရဲ့ တာဝန်ရှိသူတွေကနေ ဘိုလီဗီးယားမှာရှိတဲ့ Huawei  ရုံးကို လာပြီးတော့ ဂင်းနစ်မှတ်တမ်း လက်မှတ်ကို ချီးမြှင့်ခဲ့တယ်လို့လည်း သိရပါတယ်။


သီဟတိုး

No comments:

Post a Comment