Pages

Friday, July 3, 2015

Rock ဂီတကို ကျွမ်းကျင်တက်မြောက်လိုသူတွေအတွက် Acadamy Of Rock သင်တန်းကျောင်းဖွင့်ပြီ


ဓာတ်ပုံ- ယုမွန်ကျော် / The Irrawaddy

Rock ဂီတကို နှစ်သက်မြတ်နိုးကြတဲ့ လူငယ်များအတွက် UK နိုင်ငံက rock school ထိ သွားရောက် သင်   ကြားစရာ မလိုပဲ သင်တန်းကျောင်းကို မြန်မာနိုင်ငံမှာပဲ တက်ရောက်နိုင်ပါပြီ။

အဲ့ဒီသင်တန်းကတော့ Acadamy of Rock ဖြစ်ပြီး  လက်ရှိ မြန်မာနိုင်ငံမှာတော့ အဆိုတော် ဟန်ထူးလွင်နဲ့ ညီမ ဟန်နေလွင်လွင်တို့က ဦးစီးပြီးသင်ကြားပေးနေတာ ဖြစ်ပါတယ်။ သင်တန်းကျောင်းကို ဖွင့်လှစ်ခဲ့တာ အခုဆိုရင် အချိန်ခြောက်လကြာ ရှိပြီဖြစ်ပြီး  မြန်မာနိုင်ငံမှာ ဒီ ဂီတကျောင်းဖွင့်ဖြစ်ရတာက AOR rock school Singapore မှာ ဟန်နေလွင်လွင်က ဂစ်တာတီးဆရာအဖြစ် ၀င်ရောက်လုပ်ကိုင်ရင်း အဲဒီက သင်တန်းကျောင်းနဲ့ ချိတ်ဆက်မိတာကနေ   မြန်မာနိုင်ငံမှာလည်း ဒီသင်တန်းကို ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်ဖြစ်ခဲ့တာပါ။

သင်တန်းမှာ Drum ၊Guitar ၊Vocal ၊ Bass တို့ကို သင်ကြားပေးမှာ ဖြစ်ပြီး သင်တန်း ၆ လ တက်ရုံနဲ့ သူငယ်ချင်း တွေနဲ့ အတွဲညီညီ Band ဖွဲ့နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိသင်တန်းကာလ ၇ လမှာ AOR ကျောင်းသားတွေရဲ့ Red ၊Blue ၊Green ၊Yellow ဆိုတဲ့ 4 Band ဖွဲ့ပြီးတီးခတ်နေကြပြီး Drum သင်တန်းအတွက်ကတော့ အထူး Promotion ရှိတယ်လို့ သိရပါတယ်။

သင်တန်းဆရာမ ဟန်နေလွင်လွင်ရဲ့ လက်စွမ်းပြ

သင်တန်းအတွက် သင်တန်းကြေးမှာ မြန်မာနိုင်ငံမှာရှိတဲ့ ဂီတသင်တန်း တက်ရောက်လိုသူ လူငယ်များ   တတ်နိုင်တဲ့၊ သင့်တင့်မျှတတဲ့ ဈေးနှုန်းကို သတ်မှတ်ပေးထားပြီး သင်တန်းဈေးနှုန်းနဲ့ ပတ်သက်လို့ အဆိုတော် ရင်ဂိုက  “ဟိုမှာဖြေတဲ့ သင်တန်းကြေးက ကျနော်သိရသလောက်က ထောင်ကျော်လောက်ကျတယ်။ ဒီမှာလာဖွင့်တော့ ပြောပြထားတယ်။ သူတို့ကို ဒီက မြန်မာကလေးတွေက ခြိုးခြံချွေတာရတဲ့အတွက် သိပ်မများပါနဲ့ ၊ သူတို့က ကျနော်ထင်ထားတာထက်တောင် လျော့ထားပါတယ်။ ကျနော်က တလကို ငါးသောင်းလောက်ထင်ထားတာ၊ သူတို့က အခု US 32 ကျပ်နဲ့လုပ်ထားပေးပါတယ်၊ စတက်တက်ချင်းဆိုရင်တော့ စာအုပ်ဝယ်ရတာနဲ့ ဆိုရင် မြန်မာငွေ ခြောက်သောင်းလောက်တော့ ကျပါမယ်။ နောက်လတွေဆိုရင်တော့ US 32 ကျပ်နဲ့ ညီမျှတဲ့မြန်မာငွေပဲ ကျသင့်မှာပါ” လို့ ပြောပြပါတယ်။

သင်တန်းရက်တွေကတော့ တလကို လေးရက်၊တပတ်ကို တရက်၊တရက်မှာ တနာရီသင်ကြားပေးမှာဖြစ်ပြီး သင်တန်း ကို နှစ်သက်ရာအချိန်၊ နာရီ ရွေးချယ်တက်ရောက်နိုင်တာဖြစ်ပါတယ်။ သင်တန်းကြေးကို မြန်မာကျပ်ငွေနဲ့လည်း ပေးသွင်းနိုင်ကာ သင်တန်းပြီးဆုံးပါက စာမေးပွဲစစ်မှာဖြစ်ပြီး အောင်မြင်ပြီးပါက ဘွဲ့လက်မှတ်ပေးမယ်လို့ သိရပါတယ်။

ဂစ်တာ လက်စွမ်းပြနေတဲ့ သင်တန်းသူတဦး

ဒါ့အပြင် UK rock school သင်တန်းရှိရာဘယ်နိုင်ငံမှာဖြစ်ဖြစ် အလုပ်လုပ်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ စာမေးပွဲကိုလည်း စင်ကာပူ Rock school ၊ UK rock school ထိ သွားရောက်ဖြေဆိုဖို့ မလိုဘဲ AOR သင်တန်းကျောင်းမှာတင် ဖြေဆိုနိုင်မှာဖြစ်ပါတယ်။

အခုအခါ AOR သင်တန်းကျောင်းမှာ သင်တန်းသား ၁၀၀ ကျော် လာရောက်သင်ကြားနေပြီး အမြတ်အစွန်း အဓိက မထားဘဲ ဂီတနဲ့ပတ်သတ်တဲ့ ပညာရပ်များကို မျှဝေပေးလိုချင်တာက အဓိကလို့လည်း သိရပါတယ်။

သင်တန်းလိပ်စာကတော့ Utopia Toewr ၃လွှာ၊ ကန်တော်ကြီးသဘာဝဥယျာဉ်၊ ရန်ကုန် ဖြစ်ပါတယ်။


ယုမွန်ကျော်

No comments:

Post a Comment