Pages

Wednesday, August 26, 2015

မြန်မာနိုင်ငံတွင်းက ရေခဲတောင်အလှများ ဓာတ်ပုံပြပွဲပြုလုပ်ပြီး ရေဘေးအတွက်လှူဒါန်းမယ့် ဓာတ်ပုံကျော်သာ(ဟိုက်ချင်း)

ဓာတ်ပုံ - ယုမွန်ကျော်/ The Irrawaddy

မြန်မာနိုင်ငံ ကချင်ပြည်နယ် ဟိမ၀န္တာတောင်စွယ် တောင်ကြောပေါ်မှာတည်ရှိပြီး မြင်ရခဲတဲ့ ဖုန်ကန်ရာဇီ၊   ဖုန်ရင်ရာဇီ၊ ဖန်ဂရမ်ရာဇီ ရေခဲတောင်များရဲ့ သဘာဝရှူခင်းအလှများကို ရိုက်ကူးထားခဲ့တဲ့ ဓာတ်ပုံများကို    စက်တင်ဘာ ၁ ရက် ကနေ ၆ ရက်နေ့အထိ Think Art Gallery မှာ ပြပွဲအဖြစ် ပြသရောင်းချပေးသွား   မှာဖြစ်ပါတယ်။

အခုလို အသက်အန္တရာယ်နှင့်ရင်းပြီး ခက်ခက်ခဲခဲရိုက်ကူးခဲ့တဲ့ ဓာတ်ပုံများကို ပြပွဲမှာ ပြသရောင်းချရငွေအားလုံးကို ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးမှာ လှူဒါန်းသွားဖို့လို့ သိရပါတယ်။ ဓာတ်ပုံများကို   ကျော်သာ(ဟိုက်ချင်း)က ၂၀၁၄၊ ၂၀၁၅ခုနှစ်က ရေခဲတောင်ဒေသများကို သိန်း ၅၀ ကျပ်ခန့် အကုန်အကျခံကာ စွန့်စွန့်စားစားရိုက်ကူးထားခဲ့တာပါ။

အခုလို ရေခဲတောင်အလှအပကို အဓိက ရိုက်ကူးရခြင်းမှာ အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံတွင်းမှာသာရှိတဲ့ ရေခဲတောင်အလှကို ဖော်ထုတ်ပြသလိုခြင်းကြောင့်လို့ သိရပါတယ်။ ရေခဲတောင်ဓာတ်ပုံပြပွဲနဲ့ပတ်  သက်လို့ ကျော်သာ(ဟိုက်ချင်း)က “ဒီပြပွဲလေးက ရေဘေးသင့် ပြည်သူတွေပြန်လည်ထူထောင်ရေးအတွက် ကျနော်က တထောင့်တနေရာကပါဝင်တာ ဖြစ်သလို နောက်တခုက ကိုယ့်နိုင်ငံတွင်းမှာ ဒီလိုလှပတဲ့     ရေခဲတောင်တွေရှိနေတာ မသိကြသေးတဲ့သူတွေလည်း ရှိပါတယ်။ အဲဒီသူတွေကိုလည်း ဒီလိုလှပတဲ့ရေ ခဲတောင်အလှကို လူတိုင်းကို မျှဝေချင်တယ်။ ဓာတ်ပုံဆရာတယောက်အနေနဲ့ ကိုယ်မှာတာဝန်ရှိတယ်လို့လည်း ခံယူထားတယ်။  နောက်တခုက ကျနော်တို့နိုင်ငံရဲ့ခရီးသွားလုပ်ငန်းအတွက်လည်း တထောင့်တနေရာ ကနေ အထောက်အကူပြုမယ်လို့ထင်ပါတယ်” လို့ ပြောပြပါတယ်။

ဓာတ်ပုံဆရာ- ကျော်သာ(ဟိုက်ချင်း)

ပြပွဲမှာ ဓာတ်ပုံပေါင်း ၁၁၅ ပုံကို ဘောင်သွင်း ပြသသွားမှာဖြစ်ပြီး ဓာတ်ပုံတပုံကို ကျပ်ငွေ ၈၀၀၀၀ ကျပ်နဲ့   ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ရောင်းချရငွေများကို ရေဘေးပြန်လည်ထူထောင်ရေးအတွက် နာရေး    ကူညီမှုအသင်း ရန်ကုန်ကို ပေးအပ်လှူဒါန်းသွားမှာဖြစ်ပါတယ်။


ယုမွန်ကျော်

No comments:

Post a Comment