Pages

Monday, August 24, 2015

လက်နှစ်ဖက်မရှိပေမယ့် မိခင်အိုကို ပြုစုလုပ်ကျွေးခဲ့တဲ့သား




လောကမှာ မိခင်ဖခင်အိုကို ဘုရားတဆူလို ကိုးကွယ်လုပ်ကျွေးတတ်တဲ့ သားသမီးတွေရှိသလို မိဘကို ပြန်လည် လုပ်ကျွေး မပြုစုနိုင်လို့ စွန့်ပစ်သွားတတ်ကြတဲ့ သားသမီးတွေလည်း ဒုနဲ့ဒေးပါပဲ။ အခုအဖြစ်အ    
ပျက်လေးကတော့  ဒုက္ခိတဦးဖြစ်နေပေမယ့် ကျန်းမာရေးမကောင်းတဲ့ မိခင်အိုကြီးကို ပြုစုလုပ်ကျွေးနေတဲ့ အမျိုးသားတဦးရဲ့အကြောင်းပါ။

အသက် ၄၈ နှစ်အရွယ် ချန်ဇင်ယင်ဆိုသူဟာ တရုတ်နိုင်ငံ အနောက်တောင်မှာရှိတဲ့ Chongqing မြို့ရဲ့ Tongxin ဆိုတဲ့ ရွာကလေးမှာ နေထိုင်ပါတယ်။ သူ့မှာ အသက် ၉၁ နှစ်အရွယ်မိခင်အိုကြီးတဦးရှိကာ အဲ့ဒီမိခင်ကြီးဟာ ပြီးခဲ့တဲ့လလောက်ကစလို့ အိပ်ယာပေါ်က မထနိုင်အောင် အသည်းအသန်ဖျားနာနေခဲ့တာပါ ။

ချန်ဟာ လက်နှစ်ဖက်လုံးမရှိတဲ့ ဒုက္ခိတ တဦးလည်းဖြစ်ပါတယ်။ သူ့မှာ လက်နှစ်ဖက်မရှိပေမယ့် သူ့မိခင်ကို သူ့နည်းသူ့ဟန်နဲ့ ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့သူလည်းဖြစ်ပါတယ်။


သူဟာ ဇွန်းကိုပါးစပ်နဲ့ကိုက်ပြီး အစားအစာတွေကို ခပ်ယူကာ သူ့မိခင်ကို ကျွေးမွေးလေ့ရှိပါတယ်။ သူ့မိခင်က တော်လောက်ပြီလို့ ခေါင်းခါတဲ့အထိ အဲ့ဒီလိုပုံစံမျိုးနဲ့ အကြိမ်ကြိမ်အခါခါ ပြုလုပ်ကျွေးမွေးတာပါတဲ့။

ချန်ဟာ သူ့အသက် ၇ နှစ်အရွယ်လောက်မှာ ဓာတ်လိုက်ခံခဲ့ရတာကြောင့် သူရဲ့လက်နှစ်ဖက်ကို ဆုံးရှုံး ခဲ့ရတာပါ။ ဒါပေမယ့် သူဟာ အိမ်အလုပ်တွေ လယ်ယာအလုပ် စတာတွေကို သူ့ရွာမှာရှိတဲ့ အခြားသော သာမာန်အမျိုးသားတွေကဲ့သို့ ကျွမ်းကျွမ်းကျင်ကျင် လေ့ကျင့်လုပ်ကိုင်နိုင်ခဲ့သူပါ။


ချန်ဟာ သိုး ၂၄ ကောင်၊ ကျွဲ ၂ ကောင်၊ ကြက်မ ၄ ကောင်တို့နှင့် ကိုယ်ပိုင်ဝင်ငွေလေးရရှိဖို့အတွက် ခက်ခဲ  ကြမ်းတမ်းစွာ အလုပ်လုပ်ကိုင်ရှာဖွေနေရသူလည်းဖြစ်ပါတယ်။

ရွားသားတချို့က သူ့ကို မြို့ပေါ်တက်ပြီး တောင်းစားဖို့အတွက် အကြံပေးခဲ့ပေမယ့် “ငါ့မှာကောင်းတဲ့       လက်တွေ မရှိပါဘူး။ ဒါပေမယ့် ငါ့မှာ ကောင်းတဲ့ခြေထောက်တွေရှိတဲ့အတွက် အဲ့ဒီလိုပုံစံမျိုးနဲ့ ငွေမရှာချင်ပါဘူး” လို့ ချန်က ပြောခဲ့ပါတယ်။


Ref: people's daily china

No comments:

Post a Comment