Pages

Monday, August 3, 2015

ထိုင်းအမျိုးသားတဦး လမ်းဘေးခွေးတွေကို ကိုယ်တိုင်သတ်ပြီး ရဲစခန်းသို့ လာရောက်ဝန်ခံ


photo - wikipedia.org

ထိုင်းနိုင်ငံ ဆူရတ်ဌာနီဒေသ ဖွန်ဖင်းခရိုင်အတွင်းမှာ လမ်းဘေးခွေးလေခွေးလွင့်နှစ်ကောင်ကို ရက်ရက်    စက်စက် ပစ်သတ်ခဲ့တယ်လို့ အမျိုးသားတဦးဟာ အဲ့ဒီဒေသ ရဲစခန်းသို့ လာရောက် ၀န်ခံသွားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အသက် ၂၁ နှစ်အရွယ် Staporn Promtas ဆိုသူကို ရဲစခန်းက ဆင့်ခေါ်ခဲ့တာပါ။

ထို့နောက် အသက် ၃၇ နှစ်အရွယ် Thanyarat Prommakorn ဆိုသူ အမျိုးသမီးတဦးရဲ့ ထွက်ဆိုချက်အရ သူမ အိမ်ရှေ့မှ ခွေးလေခွေးလွင့် သုံးကောင်ကို အမျိုးသားတဦးက ပစ်သတ်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ခွေးနှစ်ကောင်ဟာ သေဆုံးခဲ့ပြီး ကျန်ခွေးတကောင်ကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ မစ္စတာ Staporn ဟာ သူ့ရဲ့ ကြက်ကလေးတွေကို ပြီးခဲ့တဲ့ စနေနေ့က အဆိုပါ ခွေးလေခွေးလွင့်တွေက လာရောက်နှောက်ယှက်တဲ့အတွက်  စိတ်ဆိုးဒေါသဖြစ်ပြီး သတ်ဖြတ်ခဲ့တာလို့ ၀န်ခံသွားပါတယ်။

ရဲစခန်းမှ အဆိုပါ အမျိုးသားကို လိုင်စင်မဲ့လက်နက်ကိုင်ဆောင်မှုနှင့် တိရိစ္ဆာန်များ ကာကွယ်စောင့်ရှောက်ရေး ဥပေဒချိုးဖောက်မှု စတာတွေနဲ့ တရားဆွဲဆိုခဲ့ပါတယ်။ တရားလိုအစိုးရရှေ့နေတွေက အဆိုပါ အမျိုးသားကို တရားရုံးတင် စစ်ဆေးဖို့ စဉ်းစားနေကြပါတယ်။ အကယ်လို့ အပြစ်ရှိကြောင်း ရှာဖွေ တွေ့ရှိခဲ့ပါက အဲ့ဒီ အမျိုးသားအနေနဲ့ ထောင်ဒဏ်နှစ်နှစ်နဲ့ ဘတ်ငွေ ၄ သောင်းကို ဒဏ်ငွေအဖြစ် ပေးဆောင်ရနိုင်ဖွယ်ရှိပါတယ်။


ကိုးကားသတင်း။  ။ http://www.bangkokpost.com/news/general/637132/man-surrenders-over-stray-dog-killings

No comments:

Post a Comment