Pages

Friday, August 14, 2015

Kaymu Online Shopping မှာ ရေဘေးသင့်ပြည်သူများအတွက် အွန်လိုင်းကတဆင့် လှူဒါန်းနိုင်




မြန်မာနိုင်ငံရဲ့အွန်လိုင်းရှော့ပင်း ဝက်ဘ်ဆိုက်တခုဖြစ်တဲ့ Kaymu.com.mm မှ လတ်တလော မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ရေဘေးသင့်ပြည်သူများအတွက် အွန်လိုင်းကနေတဆင့် လှူဒါန်းနိုင်ရန် အစီအစဉ်တခု ပြုလုပ် ထားတယ်လို့ သိရပါတယ်။

ပြုလုပ်ထားတဲ့ အစီအစဉ်ကတော့ လှူဒါန်းလိုသူတွေအနေနဲ့ http://kaymu.com.mm/savemyanmar ကို ဝင်ရောက်ပြီး ငွေကျပ် တသောင်း၊ ၂သောင်း၊ ၅ထောင်၊ တသိန်း စသဖြင့် သတ်မှတ်ထားတဲ့ listing တွေထဲက နေ Kaymu ဝက်ဘ်ဆိုက်မှာ ပစ္စည်းဝယ်သလိုပဲ ဝယ်ယူလှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။

“ဒီ အစီအစဉ်က ရန်ကုန်မြို့တွင်းမှာရှိတဲ့ Kaymu အဖွဲ့က ရေဘေးမှာ ကြုံတွေ့ခဲ့ရသူတွေကို လွယ်ကူသက်သာ မြန်ဆန်တဲ့ နည်းလမ်းနဲ့ ကူညီပေးဖို့ ရည်ရွယ်ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဝယ်ယူလှူဒါန်းမှုတွေကို အခမဲ့ လာရောက် ကောက်ခံသွားမှာဖြစ်ပြီး လှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာတွေ ပေးအပ်သွားမှာပါ” လို့ Kaymu ရဲ့တာဝန်ရှိသူတဦးက ဆိုပါတယ်။

လှူဒါန်းရရှိတဲ့ ငွေကြေးတွေကိုတော့ ရေဘေးသင့်ပြည်သူများကိုသာ ပေးလှူသွားမှာဖြစ်ပြီး လှူဒါန်းမှုအားလုံး ကို မြန်မာနိုင်ငံမှာရှိတဲ့ ရေဘေးဒုက္ခ ကယ်ဆယ်ရေးအတွက် ရည်ညွှန်းပြုလုပ်တဲ့ Save the Children (အစိုးရမဟုတ်တဲ့အဖွဲ့အစည်း) နဲ့ Facebook fundraiser campaign တို့မှာ ထည့်ဝင်လှူဒါန်းပေးသွားမှာလို့ သိရ ပါတယ်။



Kaymu.com.mm မှ Facebook ပေါ်တွင် ကျင်းပပြုလုပ်ခဲ့သော Campaign တွင် ကျပ် ၁၀ သိန်းဖိုး အခမဲ့ ဝယ်ယူခွင့်ဆုရရှိသွားသော မသက်ထက်စံမှ ရေဘေးသင့်ပြည်သူများအတွက် Kaymu ကို ဒေါ်လာ ၁၀၀ လှူဒါန်းခဲ့ပြီး Kaymu Myanmar မှလည်း ဒေါ်လာ ၁၀၀ ပါဝင်လှူဒါန်းထားတယ်လို့ သိရပါတယ်။



သီဟတိုး

No comments:

Post a Comment