Pages

Thursday, September 24, 2015

"ချစ်ပြီးသားပါ" လို့ ထပ်မံဆိုလိုက်တဲ့ အဆိုတော်ထွန်းရတီ


(ဓာတ်ပုံ- ယုမွန်ကျော်/ The Irrawaddy)

“အချစ်များစွာယူ” ဆိုတဲ့ ဆယ်ကျော်သက်လူငယ် တေးသီချင်းနဲ့ ပရိသတ်အသိအမှတ်ပြုခံခဲ့ရသော အဆို  ရှင် ထွန်းရတီ ရဲ့ ဒုတိယမြောက် တေးစီးရီး “ချစ်ပြီးသားပါ” ဟာ စက်တင်ဘာ ၂၇ ရက်နေ့မှာ ထွက်ရှိ လာတော့မှာပါ။

အခုထွက်ရှိမယ့် “ချစ်ပြီးသားပါ” စီးရီးခွေမှာလည်း အချစ်သီချင်းအမျိုးအစား ၁၂ ပုဒ်ပါဝင်ပြီး တေးရေးတွေအနေနဲ့ ရွှေဂျော်ဂျော်၊ ဇ၀ါ၊ စိုးလင်း၊ မိုးမိုး၊ ညီမင်းခိုင်၊ သိန်းလင်းစိုး၊ ခင်ဆွေလင်း၊ မိုင်း နဲ့ ထွန်းရတီ ကိုယ် တိုင် ပါဝင် ရေးသားထားကြပါတယ်။

အခွေနဲ့ပတ်သတ်လို့ အဆိုတော်ထွန်းရတီက “ဒီ အခွေက ပထမစီးရီး အချစ်များစွာယူ နဲ့ တနှစ်နဲ့ ၇ လ ခွာ ထားပါတယ်။ ခွာရတဲ့အကြောင်းရင်းကလည်း သီချင်းတွေကို သေချာရွေးနေတဲ့အတွက်ကြောင့်ပါ။ အခုခွေမှာ တေးရေးတွေအများကြီးပါပြီး သီချင်းခပ်မြူးမြူးလေးတွေလည်း အများကြီးထည့်ထားပါတယ်” လို့ ဆိုပါ တယ်။

၂၀၁၃ ခုနှစ်က စလို့ “အချစ်များစွာယူ” ဆိုတဲ့ တေးစီးရီးနဲ့ ဂီတလောကထဲကို ၀င်ရောက်လာခဲ့တဲ့ အဆိုရှင် ထွန်းရတီဟာ အဲဒီတေးစီးရီးနဲ့ပဲ အောင်မြင်မှုရရှိခဲ့တဲ့ အဆိုရှင်တဦးဖြစ်ပါတယ်။


ယုမွန်ကျော်

No comments:

Post a Comment