Pages

Friday, September 18, 2015

နာရီပေါင်း ၂ နာရီကြာ ရေခဲထဲမှာနေနိုင်သူ ကမ္ဘာ့စံချိန်သစ်ချိုး


photo -fooyoh.com

အသက် ၆၀ အရွယ် ဂျင်ဆောင်ဟိုဆိုတဲ့ တရုတ်အမျိုးသားတဦးဟာ ရေခဲတုံးငယ်လေးတွေ ထည့်ထားတဲ့  မှန်သေတ္တာထဲမှာ နာရီပေါင်း ၂ နာရီ(၁၂၀ မိနစ်) နီးပါးကြာ ရေချိုးပြနိုင်ခဲ့လို့ ကမ္ဘာ့စံချိန်မှတ်တမ်းအသစ်ကို တင်နိုင်သူအဖြစ် ပြီးခဲ့တဲ့တပတ်က သတ်မှတ်ခံရပါတယ်။

၂၀၁၀ ခုနှစ် အစောပိုင်းကာလတွေက ၁၁၈ မိနစ်ကြာ ရေခဲတုံးတွေထဲမှာ နေထိုင်နိုင်ခဲ့ပြီး ဂင်းနစ်စံချိန်တင်ထားနိုင်ခဲ့သူက တရုတ်ပြည်မှ ချန်ခီကိုင်ဆိုသူဖြစ်ပြီး သူ့ကို တရုတ် “ရေခဲလူသား” လို့ခေါ်တွင်ခဲ့ကြတာပါ။

အခုတော့ ချန်ခီကိုင်ရဲ့ စံချိန်ကို ဂျင်ဆောင်ဟိုက စံချိန်ချိုးလိုက်နိုင်သွားပါပြီ။

ဂျင်ဟာ အခုလို အအေးဒဏ်ကို ကြာရှည်စွာ ခံနိုင်ဖို့အတွက် ၁၉၈၆ ခုနှစ်ကာလလောက်ကတည်းက စတင် လေ့ကျင့်လာခဲ့တာဖြစ်ပြီး သူ့ရဲ့အိမ်မက်တခုဖြစ်တဲ့ ကမ္ဘာ့အအေးဆုံးဝင်ရိုးစွန်း ဒေသတွေဆီ           သွားရောက်နိုင်ဖို့ အတွေ့အကြုံရအောင် ကြိုးစားခဲ့ခြင်းဖြစ်တယ်လို့လည်း သူကဆိုပါတယ်။


Ref: CCTV news

No comments:

Post a Comment