Pages

Friday, September 4, 2015

အိန္ဒိယတွင် ကွန်ဒုံကြော်ငြာတခုကြောင့် လိင်အကြမ်းဖက်မှု ပိုမိုဖြစ်လာနိုင်တယ်လို့ နိုင်ငံရေးသမားတဦးက ဝေဖန်


သရုပ်ဆောင် ဆန်နီလီယိုနဲ
ဘောလီးဝုဒ်မင်းသမီးတဦးလည်းဖြစ် ယခင်က အပြာဇာတ်ကား  မင်းသမီးတဦးလည်းဖြစ်သူရဲ့ ကွန်ဒုံကြော်ငြာ တခုကြောင့် အိန္ဒိယတွင် လိင်အကြမ်းဖက်မှုကိစ္စတွေ ပိုမိုမြင့်တက်လာနိုင်ဖို့ နည်းပေးလမ်းပြဖြစ်လာနိုင်ကာ လူမှုရေးကိစ္စရပ်တွေမှာလည်း ပြင်းထန်တဲ့ အကျိုးဆက်တွေ ရလာနိုင်တယ်လို့  အိန္ဒိယနိုင်ငံရေးသမားတဦးက မကြာသေးခင်ကာလလောက်က သုံးသပ်ပြောဆိုလိုက်ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ ကွန်မြူနစ်ပါတီနိုင်ငံရေးသမားတဦးဖြစ်တဲ့ အထူအဂျန် က အိန္ဒိယ-ကနေဒီယမ် သရုပ်ဆောင် တဦးဖြစ်တဲ့ ဆန်နီ လီယိုနဲ ရဲ့ ကမ်းခြေတခုတွင် ရိုက်ကူးထားသော ကွန်ဒုံ တီဗီကြော်ြ ငာကို   ရည်ရွယ်ပြောဆိုလိုက်ခြင်းပါ။


“ဒီကြော်ငြာဟာ လိင်ပိုင်းဆိုင်ရာမှုာ မကောင်းတဲ့ တွေးခေါ်မှုတွေကို ကြီးထွားလာစေနိုင်ခြင်းနဲ့ သင်တို့ရဲ့ အရှက်အကြောက်တရားကို သတ်ပစ်လိုက်တာပဲ” ဟု အဂျန်က   ပြောဆိုခဲ့တယ်လို့ Indian Express newspaper ရဲ့ အဆိုအရ သိရပါတယ်။

“ဒီကြော်ငြာတွေကို တီဗီမှာ ဆက်လက်ပြသနေဦးမယ်ဆိုရင်တော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တွေဟာလည်း ပိုမိုတိုးပွားလာနေဦးမှာပဲ” လို့ အဂျန်က ထပ်မံပြောဆိုပါတယ်။

အသက် ၃၄ နှစ်အရွယ် သရုပ်ဆောင် လီယိုနဲဟာ ၂၀၁၁ ခုနှစ်က စလို့ အိန္ဒိယသို့ ပြောင်းရွေ့လာကာ     ဘောလီးဝုဒ် သရုပ်ဆောင်အဖြစ် အသက်မွေးဝမ်းကျောင်းပြုလာသူပါ။ နိုင်ငံရေးသမားတယောက်အနေနဲ့ သရုပ်ဆောင်တယောက်အတွက် အချိန်ကုန်ခံမနေသင့်ပဲ ပြည်သူ့အတွက်ကိုသာ အာရုံစိုက်ထားသင့်တယ်လို့ နိုင်ငံရေးသမား အဂျန်ကို တွစ်တာတွင် ပြန်လည် ပြစ်တင်ပြောဆိုတာတွေလည်းရှိလာပါတယ်။

ထို့နောက် အဂျန်ဟာ လီယိုနဲရဲ့ ပရိတ်သတ်တွေအား သူ့ရဲ့ဝေဖန်ချက်တွေနဲ့ပတ်သက်လို့ ပြန်လည်         တောင်းပန်ခဲ့ပေမယ့်လည်း သူ့ရဲ့ယူဆချက်အပေါ်မှာဘဲ မားမားမတ်မတ် ရပ်တည်နေဆဲပါ။

“ကျနော်တောင်းပန်ပါတယ်။ ဒါပေမယ့် ကျနော် အဲ့ဒီကြော်ငြာဘက်ကနေ ရပ်တည်မှာမဟုတ်ဘူး” လို့ Times of India newspapaer မှာပြောဆိုသွားပါတယ်။


ကိုးကားသတင်း။  ။ http://time.com/4022580/atul-anjan-sunny-leone-condom-ads-rape-india/


No comments:

Post a Comment