Pages

Tuesday, September 8, 2015

ငြိမ်းချမ်းရေး အော်ပရာရှိုး စင်ကာပူမှာ ပြုလုပ်မည်


ဓာတ်ပုံများ - ယုမွန်ကျော်

အနုပညာရှင်များစွာပါဝင်တဲ့ Peace Opera Show လို့ နာမည်ပေးထားတဲ့ ဖျော်ဖြေပွဲကို စင်ကာပူနိုင်ငံမှာ  အောက်တိုဘာ ၄ ၇က်နေ့မှာ တင်ဆက်ပြုလုပ်မှာပါ။ ဒီ Peace Opera Show ကို ဦးဇာဂနာက ဦးစီး   တာဖြစ်ပြီး ပါဝင်မယ့် အနုပညာရှင်တွေကတော့ မင်းမော်ကွန်း၊ ထွန်းထွန်း၊ အိချောပို၊ မေမြင့်မိုရ်၊             ညောင်ညောင်၊  ဂေါ်ဇီလာနဲ့ သီးလေးသီးအဖွဲ့သားများဖြစ်တဲ့ ပန်းသီ၊ စိန်သီး၊ ဇီးသီး၊ ကြယ်သီး တို့ပါဝင်ကြပါတယ်။

ဒါ့အပြင် နန်းခင်ဇေယျာ၊ ၀ိုင်းလေး၊ မေမြတ်နိုး၊ ဟယ်လင်မျိုးကို တို့ပါဝင်ကြမှာဖြစ်ပြီး သီးလေးသီး ပြန်လည် ပေါင်းစည်းပါဝင်တဲ့ပွဲလည်းဖြစ်ပါတယ်။ တေးသီချင်းသီဆိုမှု၊ ဖက်ရှင်အကအလှများ၊ ဟာသပြဇာတ်ရသများ၊ အငြိမ့်တင်ဆက်မှုများနဲ့ အခြားအနုပညာတင်ဆက်မှုမျိုးစုံတို့ကို ဖျော်ဖြေတင်ဆက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

စီစဉ်သူ ဦးဇာဂနာ

ပွဲနဲ့ပတ်သက်လို့ ဦးဇာဂနာက “အဓိကအားဖြင့် အစီအစဉ်က သုံးခုကျနော်တို့လုပ်ပါမယ်။ Peace ဆိုတဲ့ခေါင်းစဉ်အတိုင်း ငြိမ်းချမ်းရေးလိုတယ်ဆိုတဲ့အကြောင်း အော်ပရာကို ကပါမယ်။ သရုပ်ဆောင်တွေ၊ မော်ဒယ်လ်တွေ အဲမှာပါကြမယ်။ ဒါကလည်း တနိုင်ငံလုံးကို ကိုယ်စားပြုတဲ့ တေးသရုပ်ဖော်တခုကို လုပ်ပါမယ်။ ပြီးရင်တော့ ပြဇာတ်၊ တခန်းရပ် ပြဇာတ်ကလည်း ငြိမ်းချမ်းရေးလိုတဲ့အကြောင်းပါပဲ။ နောက်တခုက အငြိမ့်ပေါ့။ အငြိမ့်ကလည်း ငြိမ်းချမ်းရေးအငြိမ့်ပါပဲ။ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ သီချင်းတွေကိုပဲ လုပ်ထားပါတယ်။  ပြက်လုံးတွေမှာလည်း သီးလေးသီးရဲ့ပြက်လုံးတွေ ပါမယ်။ ပြက်လုံးတွေကိုလည်းငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ပြက်လုံးတွေကိုပဲ ပြက်ဖို့ ကျနော်တို့ မှတ်စုထုတ်ထားပါတယ်။ အဓိကအားဖြင့် ဖျော်ဖြေရေးအစီအစဉ်က သုံးမျိုးပါပါမယ်။ အဲဒီကရလာတဲ့ ရံပုံငွေကိုလည်း လှူပါမယ်။ လှူရင်လည်း တကယ်အသုံးလိုတဲ့ ဆိုလာမီးရယ်၊ ရေစုပ်စက်ရယ်ကို လှူပါမယ်။ အဲဒီအတွက်ကိုလည်း ကျနော်က ဒီအဖွဲ့ကိုပြန်ပြီး အလှူခံထားပါတယ်” လို့ ပွဲစဉ်နဲ့ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။ ပွဲမှာ ပရဟိတအနေနဲ့ မြန်မာနိုင်ငံရှိ ရေဘေးသင့် ပြည်သူများကို ကူညီထောက်ပံ့ခြင်းနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှာ ပူးပေါင်းပါဝင်နိုင်ရန် ရန်ပုံငွေ ကောက်ခံခြင်း  အစီအစဉ်ကိုလည်း ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။

မော်ဒယ်လ် မေမြတ်နိုး

ဒီဖျော်ဖြေပွဲကို စင်ကာပူနိုင်ငံအခြေစိုက် ကုမ္ပဏီဖြစ်တဲ့ ALTITUDE Entertainment Group စီစဉ်တာဖြစ်   ပြီး ပွဲစဉ်ကို စင်ကာပူနိုင်ငံရှိ KRETA AYER PEOPLE’S THEATRE မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။



ယုမွန်ကျော်

No comments:

Post a Comment