Pages

Wednesday, September 30, 2015

ရေဘေးသင့်ဒေသပြန်လည်ထူထောင်ရေးအတွက် အမေရိကန်ရက်ပ်အဆိုတော် Redfoo လာရောက်ဖျော်ဖြေမည်




Electro music ပရိသတ်များအတွက် polyphonic entertainment Co.Ltd က International music festival yangon 2015 ကို အောက်တိုဘာ ၂၄ ရက်နေ့မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ထူးခြားမှုအနေနဲ့ မြန်မာနိုင်ငံက အဆိုတော် Ar T ၊ DJ wine တို့နဲ့အတူတူ အမေရိကန်အဆိုတော် Redfoo တေးဂီတအဖွဲ့ ပါဝင်သီဆိုဖျော်ဖြေကြမှာ ဖြစ်ပါတယ်။ ပွဲစဉ်မှာ အဆိုတော် Redfoo က မိနစ် ၆၀ စာ          ဖျော်ဖြေပေးမှာ ဖြစ်ပြီး အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ ရွှေထွဋ်တင်( Sky star hotel) မှာ ကျင်းပပြုလုပ်မှာပါ။ ပွဲစဉ်အတွက်လက်မှတ်များကို ၇သိန်း၊ ၅သိန်း၊ ၃သိန်း၊ ၁သိန်း နဲ့ ငါးသောင်းသတ်မှတ်ထားပြီး ကျပ် ၇ သိန်းတန် ၀ယ်ယူကြည့်ရှူမယ့်သူများ အနေနဲ့ကတော့ show ပွဲမစမီ အဆိုတော်များနဲ့အတူတူ စားသောက်ခွင့် ဓာတ်ပုံရိုက်ခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုတော် redfoo ရဲ့ အ၀တ်အထည်အကျီများကိုလည်း ကံ   စမ်းမဲ ပြန်ဖောက်ပေးသွားမယ်လို့လည်း သိရပါတယ်။


ဈေးနှုန်းသတ်မှတ်ထားတဲ့အပေါ် polyphonic entertainment Co.Ltd က တာဝန်ရှိသူ ကို Tarry Tan က “လက်မှတ်ဈေးနှုန်းများမယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဒီတခေါက်က ကျနော်တို့အနေနဲ့လည်း ပွဲကုန်ကျစရိတ်က များသွားတော့ များသွားတယ်။ ဈေးကိုဒီထက်ပိုလျော့ပေးချင်တယ်။ ပွဲလုပ်တဲ့ကွင်းက ဒီထက်ပရိသတ်ပိုဆံ့တဲ့ ကွင်းဖြစ်မယ်ဆိုရင် ကျနော်တို့ ပိုလျော့ပေးလို့ရပါတယ် ကြိုးတော့ကြိုးစားနေပါတယ် အခုလုပ်တဲ့ IMF ပွဲကိုလည်း နှစ်စဉ်လုပ်နိုင်အောင်လည်း ကြိုးစားသွားမှာပါ” လို့ ဧရာဝတီကို ပြောပါတယ်။


အဆိုတော်များစွာထဲမှ Redfoo ကို ဖိတ်ခေါ်ရခြင်းမှာ ရေဘေးအတွက် လှူဒါန်းရန် စီစဉ်နေတုန်း Redfoo နဲ့ တွေ့ဆုံပြီး Redfoo ကလည်းပါဝင်လှူဒါန်းဖို့ စိတ်ဝင်စားတဲ့အတွက် ဖိတ်ခေါ်ဖြစ်တာဖြစ်ကြောင်းလည်း သူကဆက်ပြောပါတယ်။



ပွဲကရရှိတဲ့ အကျိုးအမြတ်ထဲမှာ ရာခိုင်နှုန်းတချို့ကို ရေဘေးသင့် ပြန်လည်ထူထောင်ရေးအတွက် polyphonic entertainment  ဘက်မှရော အဆိုတော် Redfoo ဘက်မှရော ပါဝင်လှူဒါန်းပေးသွားကြမယ်လို့လည်း သိရပါတယ်။ အဆိုတော် Redfoo ဟာ ရန်ကုန်မြို့သို့ အောက်တိုဘာ၂၀ ရက်နောက်ပိုင်းရောက်ရှိလာမှာဖြစ်ပြီး ရောက်ရှိလာပါက ရွှေတိဂုံဘုရားသို့သွားရောက်ဖူးမျှော်ကာ TV အင်တာဗျုးရိုက်ကူးမှုများ ပြုလုပ်မယ်လို့လည်း သိရပါတယ်။ Redfoo ဟာ  ၂၀၀၆ ခုနှစ်မှာ Eletro Pop Band ဖြစ်တဲ့ LMFAO ကို တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ကစလို့ တကိုယ်တော်ဖျော်ဖြေမှုတွေကို ဆက်လုပ်လာခဲ့တဲ့ Redfoo ရဲ့ Shuffle အကကို မြန်မာပရိတ်သတ်တော်တော်များများ သတိထားမိကြမှာပါ။


ယုမွန်ကျော်

1 comment: