Pages

Tuesday, October 27, 2015

ခရမ်းချဉ်သီးစားကြပါ



သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာ ခရမ်းချဉ်သီးက စူပါစတားစာရင်းဝင်နေပါသတဲ့။ သူ့မှာပါ  ဝင်တဲ့ လိုင်ကိုပင်း Lycopene ဓာတ်က ကင်ဆာတိုက်ရာမှာ အတော်အစွမ်းထက်တဲ့ တိုက်ခိုက်ရေးသမားလို့ ပြောကြပါတယ်။ ချက်ထားတဲ့ ခရမ်းချဉ်သီးက အာဟာရဓာတ် ပိုများတယ်လို့ ဆိုပြီးခေါက်ဆွဲတွေ၊        စွပ်ပြုတ်တွေ၊ အသုပ်တွေမှာ သုံးကြပါတယ်။

ခရမ်းချဉ်သီးက ပန်းသီးလိုဘဲ ရင်ကျပ်ပန်းနာနဲ့ နာတာရှည် အဆုတ်ရောဂါတွေ လျော့ပါးစေတယ်လို့ ဆိုပါတယ်။ အဲ့ဒီအသီး ၂ မျိုးစလုံးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်း Quercetin ကြောင့်ပါ။ သီတင်းတပတ်မှာ ခရမ်းချဉ်သီး ၅ လုံးလောက်တော့ စားသင့်ကြပါသတဲ့။

No comments:

Post a Comment