Pages

Thursday, October 15, 2015

တွယ်အပ်ခေါင်းဆောင်း ဖက်ရှင်




ပုံမှာမြင်ရတဲ့ တွယ်အပ်တွေနဲ့ ဖန်တီးထားတဲ့ ခေါင်းဆောင်းကို မြင်ရတဲ့သူအဖို့ တော်တော်တော့ ရူးကြောင်ကြောင်နိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒါကလည်း ဖက်ရှင်ပေကိုး။ ဖက်ရှင်ဆိုမှတော့ သူမတူတဲ့ ဒီ   ဇိုင်းတွေနဲ့ ဆန်းသစ်တီထွင်မှသာ ဖက်ရှင်ပီသမှာလေ။ အခု တွယ်အပ်ခေါင်းဆောင်းဖက်ရှင်ကတော့       ရက်သတ္တပတ် ဂျပန်ဖက်ရှင်ပြပွဲမှာ မြင်တွေ့ရတဲ့ နောက်ဆုံးပေါ် ဒီဇိုင်းလို့ ဆိုရမှာပါ။



ဂျပန်ဒီဇိုင်နာ ခဲအိစုခဲ့ အီမဇာခိ ဖန်တီးထားတဲ့ ဒီဖက်ရှင်အသုံးအဆောင်များဟာ ၂၀၁၆ ခုနှစ် နွေဦးရာသီနဲ့ နွေရာသီတို့အတွက်  ရွေးချယ်ပြသခဲ့တဲ့ ဒီဇိုင်းများဖြစ်ပြီး မော်ဒယ်လ်များမှ အင်္ဂါနေ့က ၀တ်ဆင်ပြသခဲ့တာပါ။



စတိုင်ကျနလှတဲ့ တွယ်အပ်ခေါင်းဆောင်းဟာ ရာနဲ့ချီတဲ့ တွယ်အပ်တွေကို ချိတ်ဆက်ထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် တွယ်အပ်တွေအကြားမှာ ပြုံးရယ်နေတဲ့ မျက်နှာပုံလေးတွေ၊ ငြိမ်းချမ်းရေး သင်္ကေတ အမှတ်တံဆိပ်ပုံတွေ၊ နောက် အင်္ဂလိပ် Rock ဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ Rolling Stones အဖွဲ့ရဲ့ အမှတ်တံဆိပ်ဖြစ်သော လျှာပုံစံ၊ နှုတ်ခမ်းပုံစံ အမှတ်အသားပုံလေးတွေကိုပါ တွယ်အပ်တွေနဲ့အတူ ချိတ်ဆက်ထားတာကို တွေ့ရပါတယ်။



ဒီဖက်ရှင်ပြပွဲမှာ တွယ်အပ်ခေါင်းဆောင်းတခုတည်းကိုသာ အဓိက ပြသသွားတာမဟုတ်ပါဘူး။ ဒီဇိုင်နာရဲ့ တီထွင် ဆန်းသစ်ထားတဲ့ အရောင်တောက်တောက် လည်ပတ်ပ၀ါကြီးတွေ မျက်နှာအပြင်အဆင်တွေကိုပါ ထည့်သွင်း ပြသသွားခဲ့တာပါ။







Ref: CCTVnews

No comments:

Post a Comment