Pages

Monday, October 12, 2015

ဘေဂျင်းမြို့က ၀ိုင်ဖိုင်အသုံးပြုနိုင်တဲ့ အများသုံးသန့်စင်ခန်းတွေမှာ အဆင့်မြင်ဝန်ဆောင်မှုများလည်း ပါရှိ


(တရုတ်ပြည်မှ အများသုံးသန့်စင်ခန်းတခု)

မြို့တမြို့ရဲ့ သပ်ရပ်သန့်ရှင်းမှုကို ဖော်ပြနေတဲ့ ပုံရိပ်တခုဖြစ်တဲ့ အများပြည်သူအသုံးပြုသော အိမ်သာတွေကို တရုတ်ပြည် ဘေဂျင်းမြို့မှာ အဆင့်မြှင့်တင်သွားဖို့ အစီအစဉ်ရှိနေပါတယ်။

အများပြည်သူအသုံးပြုတဲ့ အ၀တ်လျှော် ရေချိုးခန်းတွေမှာလည်း ၀ိုင်ဖိုင်အသုံးပြုခွင့်၊ ATM စက် နှင့် ကိုယ်  တိုင် ငွေပေးချေစက်တို့ကို တပ်ဆင်ပေးထားမှာပါ။



ဒါ့အပြင် သွေးပေါင်ချိန်စက်များ၊ သွေးခုန်နှုန်းတိုင်းတာစက်နဲ့ အလိုအလျောက်ဆီးစစ်တဲ့စက်များ စတဲ့ ကျန်းမာရေးအသုံးအဆောင် စက်ကိရိယာတချို့ကို အများပြည်သူအသုံးပြုနိုင်ဖို့အတွက် ထားရှိသွားဖို့ ရှိပါတယ်တဲ့။



ဒီအစီအစဉ်တွေကို တရုတ်ပြည်ဘေဂျင်းမြို့ရဲ့ Fangshan ဒေသမှာ ဒီနှစ်ကုန်ပိုင်းကစလို့ ပထမဆုံးအနေနဲ့ စမ်းသပ်ပြုလုပ်သွားမယ်လို့ သတင်းက ဆိုပါတယ်။

တချိန်တည်းမှာပဲ မြို့တော်မိလ္လာနဲ့ရေဆိုးစနစ်ထိန်းသိမ်းရေးအဖွဲ့အနေနဲ့ စိုက်ပျိုးရေးဘဏ်တခုတို့  ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပြီး ရန်ပုံငွေဖြည့်တင်းရေး၊ ပိုမိုခေတ်မီသောနည်းပညာအသုံးပြုရေး၊ အကျိုးတူ     ပူးပေါင်းမယ့် အ၀တ်လျှော်ရေချိုးခန်းလုပ်ငန်းတွေပေါ်ပေါက်ရေး နှင့် ကာဗွန်လျော့ချရေးအစီအစဉ်တွေနဲ့   လည်း  ကိုက်ညှိ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။



Ref: people's daily china



No comments:

Post a Comment