Pages

Thursday, October 22, 2015

မျက်မမြင်အဖိုးအိုကို ၃၁ နှစ်တာလုံး စေတနာနဲ့ ပြုစုပေးခဲ့တဲ့ အသက် ၆၀ အမျိုးသမီးကြီး




“ခင်ရာဆွေမျိုး၊ မိန်ရာဟင်းကောင်း”ဆိုတဲ့ မြန်မာစကားပုံတခုလို သွေးတော်သားစပ်မှ ဆွေးမျိုးဖြစ်ရတယ် မဟုတ်ပါဘူး။ သွေးမတော်သားမစပ်ဘဲနဲ့လည်း ရှေးရေစက် သံယောဇဉ်တွေကြောင့် မခွဲမခွာ အတူနေထိုင် ကြ ချစ်ခင်စုံမက်ကြရတယ်ဆိုတာ တရုတ်ပြည် Chongqing ကျေးလက်ဒေသရှိ ရွာလေးတရွာက မိသားစုမရှိဘဲ နေထိုင်နေရတဲ့ မျက်မမြင်အဘိုးအိုတဦးရဲ့ အဖြစ်က သက်သေပြနေပါတော့တယ်။



အဖြစ်က ဒီလိုပါ။ လွန်ခဲ့တဲ့ ၃၁ နှစ်ကတည်းက အသက် ၂၉ နှစ်အရွယ် တရွာတည်းနေ ဂျန်ဖန်မင်းဆိုသူ အမျိုးသမီးနဲ့ သူ့ခင်ပွန်းတို့ဟာ အဆိုပါ မျက်မမြင် အဖိုးအိုကို ပြုစုစောင့်ရှောက်ဖို့အတွက် သူတို့ရဲ့ မိသားစုထဲသို့ ခေါ်ဆောင်လာခဲ့ပါတော့တယ်။


 “ဖန်မင်းဟာ ကျနော့ သမီးအရင်းထက်ကို ပိုကောင်းပါတယ်။ သူ ကျနော့ကိုသာ မစောင့်ရှောက်ခဲ့ဘူးဆိုရင် ကျနော် ဒီနေ့ထက်ထိ အသက်ရှင်နေထိုင်နိုင်မှာမဟုတ်ပါဘူး။ သူသာ ကျနော့ကို ပြုစုခဲ့မယ်ဆိုရင် အသက် ၁၀၀ အထိ နေနိုင်မှာပါ” လို့ အဖိုးအိုက BTV သတင်းဌာနမှ သတင်းထောက်ကို ပြောပါတယ်။



အဆိုပါ လင်မယားနှစ်ဦးဟာ သူတို့ရဲ့ ကလေးငယ် သုံးဦးကိုလည်း ပြုစုပျိုးထောင်ရင်း အဖိုးအိုကိုလည်း ကျွေးမွေးစောင့်ရှောက်ခဲ့ကြတာပါ။ ဇန်အမျိုးသမီးဟာ အဖိုးအိုအား လုအဖေလို့ စခေါ်ပြီဆိုကတည်းက သူတို့ရဲ့ သားသမီးတွေကလည်း အဖိုးလို့လိုက်ခေါ်ကြပြီး မိသားစုတခုလို နွေးထွေးမှုကို ခံစားလာရကာ လုအဖိုးအို အတွက် စိုးရိမ်ကြောင့်ကြမှုတွေပါ ကွယ်ပျောက်ခဲ့ရတာပါ။



ကြင်နာသနားတတ်တဲ့ လင်မယားနှစ်ဦးဟာ လွန်ခဲ့တဲ့ ၃၁ နှစ်ကတည်းက အဖိုးအိုရဲ့ ဝေယျာဝစ္စ ကိစ္စမှန်သမျှ အပြင် အောက်ခြေသိမ်းအလုပ်မှန်သမျှကိုပါ မညဉ်းမညူ စတမ်းလုပ်ကိုင်လာခဲ့ပေးတာပါ။

အဆိုပါ လင်မယားနှစ်ဦးရဲ့ ဆင်းရဲနွမ်းပါးတဲ့ ငွေးကြေး၏အခြေအနေကြောင့် ဇန်ဖန်မင်းရဲ့ အမျိုးသားဖြစ်သူဟာ မြို့တက်ပြီး တနှစ်ပတ်လုံး အလုပ်သွားရောက်လုပ်ကိုင်နေရတာပါ။ ဒါ့ကြောင့် ဇန်အမျိုးသမီးကသာ လုအဖိုးအိုကို ဒီနှစ်ပိုင်းတွေမှာ တောက်လျှောက် ပြုစုလုပ်ကိုင်ပေးခဲ့ရပါတယ်။


“ကျမ အမျိုးသားနဲ့အတူ ကျမအလုပ်လုပ်ဖို့ စီစဉ်ခဲ့ပါသေးတယ်။ ဒါပေမယ့် လုအဖေကို ထားခဲ့ရမယ်ဆိုရင် သူ့ကို ပြုစုပေးမယ့်သူ ရှိမှာမဟုတ်ဘူး။ သူ့ကို တယောက်တည်း မထားခဲ့ရက်ပါဘူးရှင်” လို့ ဇန်အမျိုးသမိးက ဆိုပါတယ်။

 “သူ့ဘ၀တလျှောက်လုံးကို ပြုစုကျွေးမွေးဖို့ ကျမတို့တွေ ကတိပေးခဲ့ပါတယ်။ ဒီကတိကို အမြဲ ထိန်းသိမ်း ထားမှာပါ” လို့ ယခုဆိုရင် အသက် ၆၀ အရွယ်ရှိပြီဖြစ်တဲ့ ဇန်ဖန်မင်းက BTV သတင်းဌာနကို ပြောကြားခဲ့ပါတယ်။


Ref: CCTVnews



No comments:

Post a Comment