Pages

Monday, October 26, 2015

လူမှုအသိုင်းအ၀ိုင်းမှာကျယ်ပြန့်လာသော Instagram ဆိုတဲ့ ငါးနှစ်သားမိုဘိုင်းအပလီကေးရှင်း ၀န်ဆောင်မှု




Instragram ဆိုတာ မိုဘိုင်းဖုန်းကနေတစ်ဆင့် Facebook, Twitter, Tumblr and Flickr အစရှိတဲ့ လူမှုကွန်ယက်တွေမှာ ဓါတ်ပုံနှင့်ဗီဒီယိုများဝေမျှနိုင်သည့်  ၀န်ဆောင်မှုတစ်ခုဖြစ်ပြီး Instagram ၀န်ဆောင်မှုရဲ့ ငါးနှစ်ပြည့် အထိမ်းအမှတ်ပွဲအတွက် ပွဲတက်စာရင်းမှာ အယောက်သန်း (၄၀၀)ရှိနေခဲ့ပါတယ်။ အဲဒီ     အယောက် သန်း (၄၀၀)ကျော်ဟာ Instagram အပလီကေးရှင်း ၀န်ဆောင်မှုကို လစဉ်ပုံမှန် သုံးစွဲနေသူများဖြစ် ပြီး အဲဒီသုံးစွဲသူများရဲ့ထက်ဝက်နီးပါးခန့်ဟာ အသက် (၂၅)နှစ်အောက် လူငယ်များဖြစ်ကြပါတယ်။ Facebook Twitter တို့နဲ့အတူ ပူးတွဲလည်ပတ်နေတဲ့ Instagram ဟာ တကယ်ပဲ နှစ်ခြိုက်စရာကောင်းလှတဲ့  အပလီကေးရှင်း ၀န်ဆောင်မှုတစ်ခုဖြစ်ပါတယ်။

Instagram နဲ့ ကိုင်းကျွန်းမီကျွန်းကိုင်းမီ အသုံးပြုနေတဲ့ လူမှုကွန်ယက်များကလည်း ရိုးရှင်း လွယ်ကူခြင်းရှိဖို့ တောင်းဆိုထားတာမို့ Instagram ကို တည်ဆောက်တဲ့သူများကလည်း Instagram စတင်ထွက်ရှိကတည်းက ယခုထိတိုင် အပြောင်းအလဲ အနည်းငယ်ကိုသာ ပြုလုပ်ခဲ့ကြပါတယ်။

သို့ပေမယ့် ကမကထပြုလုပ်ထားတဲ့ တင်ပြချက်တွေကြောင့် Instagram ရဲ့ရှေ့ရေးဟာ မတင်မကျ၊ ခန့်မှန်း၍မရ ဖြစ်နေခဲ့ပါတယ်။ Instagram ဟာ ပုဂ္ဂိုလ်တစ်ဦးချင်းစီအတွက် ထူးခြားမှုပေးနေခြင်း အနေအထားမှ ဆုံးရှုံးသွားမှာလား ဒါမှမဟုတ် အသွင်အပြင်အသစ်တွေနဲ့ နောက်ထပ် အောင်မြင်မှု အဆင့်တစ်ခုကို တက်လှမ်းသွားမှာလားဆိုတာတော့ Instagram ရဲ့ရှေ့ရေးနဲ့ဆိုင်တဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။

အချိန်နာရီတွေကသာ အဲဒီမေးခွန်းတွေရဲ့ အဖြေကိုတော့ ပြောပြသွားမှာဖြစ်ပါတယ်။ ယခုအချိန်မှာတော့ Instagram မှ ပေးစွမ်းနေတဲ့ ပျော်ရွှင်ခြင်းတွေကို ခဏဘေးဖယ်ထားပြီး Instagram ဟာကမ္ဘာကြီးကို    ဘယ်လောက်ထိ ပြောင်းလဲပေးနိုင်လဲ စဉ်းစားဖို့အချိန်ဖြစ်ပါတယ်။


ခင်အေးမြလွင် 

ကိုးကားသတင်း။  ။ http://edition.cnn.com/2015/10/22/fashion/instagram-is-changing-the-world/index.html?sr=cnnifb 

No comments:

Post a Comment