Pages

Thursday, November 12, 2015

ဆာလောင်နေတဲ့ ခြင်္သေ့တွေရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရတဲ့ ခရီးသွားဧည့်သည်များ




တန်ဇန်နီးယားနိုင်ငံ Serengeti အမျိုးသားဥယျာဉ်တခုမှာ တိရိစ္ဆာန်များရဲ့ သဘာဝကို ကြည့်ရှု့ဖို့ရန် လာရောက်လည်ပတ်သူ ခရီးသွားတွေရဲ့မော်တော်ကားတာယာတွေကို ခြင်္သေ့တွေက သူတို့ရဲ့အစာတခုလို    ကိုက်ဖြတ်စားသုံးခဲ့တဲ့ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြောင့် အဆိုပါ ဥယျာဉ်သို့ လာရောက်လည်ပတ်သူ ခရီးသွားတွေဟာ ထိတ်လန့်ကြောက်ရွံ့ခဲ့ကြရ တယ်လို့ ဆိုပါတယ်။



ရုပ်ရှင်ဇာတ်ကားဆန်ဆန် ဒီဖြစ်ရပ်ဟာ ဒီလအစောပိုင်းလောက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး ပုံမှာ မြင်တွေ့ရတဲ့   ခြင်္သေ့တွေက မော်တော်ကား တာယာတွေကို ကိုက်ဖြတ်စားသုံးနေတဲ့ ပုံရိပ်များအား တန်ဇန်နီးယားနိုင်ငံရဲ့ Arusha မြို့မှ ဧည့်လမ်းညွှန်တဦးဖြစ်တဲ့ Emmanuel Bayo က ရိုက်ကူးမှတ်တမ်းတင်ထားခဲ့တာပါ။

ပုံထဲမှာ မြင်ရတဲ့အတိုင်းဆိုရင် ခြင်္သေ့တွေက မော်တော်ကားတာယာတွေကို နာရီအတော်ကြာ ကိုက်ဖြတ်စားသုံးနေတာဖြစ်ပြီး အဆိုပါခြင်္သေ့တွေအနေနဲ့ ဆာလောင်မွတ်သိပ်နေတဲ့ အနေအထားမျိုးရှိနိုင်တယ်လို့ သတင်းက ဆိုပါတယ်။



မျက်မြင်သက်သေလည်းဖြစ်ပြီး ဒီပုံများကိုလည်း  မှတ်တမ်းတင်ခဲ့တဲ့ ဧည့်လမ်းညွှန်က အဆိုပါခြင်္သေ့တွေဟာ ဥယျာဉ်ထဲမှာ တော်တော် ဆာလောင်နေကြပုံရပြီး ဒီလို ခရီးသွားတွေကို တိုက်ခိုက်မှုဟာ ပုံမှန်မဟုတ်တဲ့ တိုက်ခိုက်မှုဖြစ်နိုင်တယ်လို့ မှတ်ချက်ပေးပါတယ်။

ဓာတ်ပုံထဲမှာ ခြင်္သေ့တွေရဲ့ တိုက်ခိုက်ခံနေရတဲ့ ခရီးသွားမော်တော်ကားတစီးရဲ့ တာယာတွေကတော့    ကွဲပြဲ  ပျက်ဆီးသွားတာတွေ့ရပြီး ခြင်္သေ့တွေရန်မှ လွတ်သွားသလား မလွတ်ဘူးလား ဆိုတာကိုတော့ သတင်းမှာ ဖော်ပြမထားပါဘူး။


Ref:People’s daily china

1 comment: