Handmade ပစ္စည်းလေးတွေဟာ လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ်၊ ကိုယ်တိုင်သုံးစွဲဖို့ပဲဖြစ်ဖြစ် အဆင်ပြေပါ တယ်။ သေးငယ်ပြီး ချစ်စရာကောင်းတဲ့ Handmade ပစ္စည်းလေးတွေကို လူငယ် အတော်များများက သဘောကျကြပါတယ်။ အရင်တုန်းက မိမိချစ်တဲ့သူအတွက် ဆုတောင်းပေးချင်ရင်ပဲဖြစ်ဖြစ်၊ အမှတ်တရဖြစ်စေမယ့် ကြိုးကြာငှက်ပုံစံစက္ကူရုပ်လေးတွေကို ခေါက်ပြီး ဖန်ပုလင်းထဲလက်ဆောင်ထည့်ပေးခဲ့တာ ခေတ်စားခဲ့ ပါသေးတယ်။
သူငယ်ချင်းမိတ်ဆွေတွေ၊ ကိုယ်နဲ့ ရင်းနှီးချစ်ခင်သူတွေကို မွေးနေ့လက်ဆောင်၊ အမှတ်တရလက်ဆောင်၊ နှစ်ပတ်လည်နေ့လက်ဆောင်ပေးတာမျိုး၊ အခမ်းအနားတခုခုမှာ ဆင်ယင်အသုံးပြုတာမျိုး၊ ကိုယ်ကိုယ်တိုင်သုံးတာမျိုး၊ ဘယ်လိုပဲသုံးသုံးအဆင်ပြေစေပါတယ်။
ဒီတပတ်မှာ ပန်းပွင့်ပုံစံ Handmade ပစ္စည်းလေးတွေနဲ့ မိတ်ဆက်ပေးပါမယ်။ သူတို့ဟာပန်းပွင့်ပုံစံရှိနေတဲ့အတွက် အလှူ၊မင်္ဂလာဆောင်စတဲ့နေရာတွေမှာ အလှဆင်ဖို့အတွက် သင့်တော်စေမှာပါ။ ပိုက်ဆံလည်း အကုန်အကျမများဘဲ ချစ်စရာကောင်းပြီးမျက်စိပသာဒဖြစ်တာမို့တင့်တင့်တယ်တယ်ရှိပါတယ်။ပြုလုပ်ရမှာလဲ အခက်အခဲမရှိဘဲမိမိလိုချင်တဲ့ပုံစံကို ပြုလုပ်နိုင်ပါတယ်။ အဖိုးတန်ပစ္စည်းလက်ဆောင်ပေးတာထက် ဒီလို ကိုယ်ချစ်ရတဲ့သူက Handmade ပေးတာကတော့ ပေးရတဲ့သူအတွက်ရော၊ လက်ဆောင်ရရှိတဲ့သူအတွက်ပါ တန်ဖိုးမဖြတ်နိုင်တဲ့အမှတ်တရဖြစ်စေတဲ့ လက်ဆောင်ပဲ မဟုတ်ပါလား။ ဒီတော့ကိုယ်ချစ်ရတဲ့ခင်ရတဲ့သူကို အချိန်နည်းနည်းပေးပြီး ကိုယ်ရဲ့အိုင်ဒီယာလေးနဲ့ ချစ်စရာ Handmade လက်ဆောင်လေးများပြုလုပ်ပြီး ကိုယ့်ရဲ့မေတ္တာကိုဖော်ညွှန်းပြလိုက်ပါလား။
ထက်ဦးဝေ
No comments:
Post a Comment