Pages

Tuesday, December 22, 2015

သီချင်းတွေဆိုပြီး အဆိုတော်လုပ်တော့မယ့် အလှမယ် နန်းခင်ဇေယျာ


သရုပ်ဆောင် အလှမယ် နန်းခင်ဇေယျာ(ဓာတ်ပုံ - ယုမွန်ကျော်/The Irrawaddy)

လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်နောက်ပိုင်း မြန်မာနိုင်ငံတွင် Miss တွေအမြောက်အများ ပေါ်ထွက်လာဖို့   ခေတ်ဦးဖြစ်တဲ့ အလှမယ် နန်းခင်ဇေယျာက အလှမယ် တယောက်အနေနဲ့ အောင်မြင်ခဲ့သလို သရုပ်ဆောင်အနေနဲ့လည်း ပရိသတ်အားပေးမှုကို ရရှိထားသူတဦးလည်းဖြစ်ပါတယ်။



နန်းခင်ဇေယျာက အခုဆိုရင် နယ်ပယ်ချဲ့ထွင်လို့ သီချင်းတွေသီဆိုပြီး အဆိုတော်လုပ်တော့မှာ ဖြစ်ပါတယ်။ နန်းခင်ဇေယျာက သူရဲ့ တကိုယ်တော်တေးစီးရီးနာမည်ကို Nonstop(ဘယ်တော့မှမရပ်)လို့ နာမည်ပေးထားပြီး အခုလာမယ့် ဒီဇင်ဘာ ၂၅ ရက်( ခရစ်စမတ်)နေ့မှာ ဖြန့်ချိပေးတော့မှာပါ။ အခွေစီးရီးနာမည် Nonstop ကို တေးရေးရွှေဂျော်ဂျော်က ရေးပေးထားတာဖြစ်ပြီး နန်းခင်ဇေယျာနဲ့ ပတ်သက်လို့ တေးရေးရွှေဂျော်ဂျော်က “သူရဲ့အသံကို အရင်နားထောင်ကြည့်တဲ့အခါ သူရဲ့အသံက အဆိုတော်ဖြစ်မယ့် အသံရှိတာတွေ့ရတယ်။ မထင်မှတ်ဘဲ သူရဲ့အသံက ဂိုးသွင်းနိုင်မယ့် ရွှေအစွမ်းမျိုးရှိတယ်။ ကျနော်က သီချင်းလေးတပုဒ်ကို ရေးပေးထားတယ် Pop အမျိုးအစားလေးပါပဲ။ ဘယ်တော့မှမရပ်နဲ့ ဆိုတဲ့ သီချင်းလေးပါ သီချင်းလေးတွေကို ဖန်တီးပါ သီဆိုပါ ဘယ်တော့မှမရပ်ပါနဲ့ဆိုတဲ့ ပုံစံမျိုးပါ” လို့ ပြောပြပါတယ်။



နန်းခင်ဇေယျာရဲ့တေးစီးရီးမှာ ပရိသတ်နားစွဲလွယ်မယ့် တေးသီချင်းများထည့်သွင်းထားတယ်လို့ သိရပါတယ်။ နန်းခင်ဇေယျာက သူ့အနေနဲ့ တေးစီးရီးထုတ်ဖြစ်တာဟာ ပရိသတ်တွေကို အသစ်လုပ်ပြချင်တာနဲ့ Surprise လုပ်ချင်တဲ့အတွက်ကြောင့် ထုတ်ဖြစ်တာလို့လည်း ပြောပြပါတယ်။ တေးစီးရီးမှာ သီချင်းစုစုပေါင်း ၁၂ ပုဒ် ပါဝင်ပါတယ်။ ဒီမှာ သီချင်းအမျိုးအစားစုံလင်စွာ ထည့်သွင်းထားကာ တေးစီးရီးကို မန္တလေးမြို့တွင် ဒီဇင်ဘာ ၂၅ ရက်နေ့ ဖြန့်ချိပေးမှာဖြစ်ပြီး ရန်ကုန်မှာတော့ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဖြန့်ချိပေးမှာဖြစ်ပါတယ်။

ယုမွန်ကျော်

No comments:

Post a Comment