Pages

Thursday, December 24, 2015

ဖဲကြိုးနက်ဆရာဝန်များ ကြေညာချက်တစောင် ထုတ်ပြန်





စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ် သခ္ခတ္တတိုက်နယ်ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့်  ဒေါက်တာမင်းမင်းစိုး နှင့် ဒေါက်တာ မို့မို့လင်းတို့ ၂ ဦး ကို NLD ပါတီ ၏  စည်းရုံးလှုံ့ဆော်မှုလုပ်ငန်းစဉ် တွင် ပါဝင်သည်ဟု စွပ်စွဲတိုင်ကြားမှုအပေါ် ဖဲကြိုးနက်ဆရာဝန်များအဖွဲ့က ယနေ့ရက်စွဲဖြင့် သဘောထား    ကြေညာချက်ထုတ်ပြန်လိုက်သည်။

ဖဲကြိုးနက်ဆရာဝန်များကြေညာချက်

၁။ နိုင်ငံဝန်ထမ်းဆရာဝန်နှစ်ဦးအား ပါတီနိုင်ငံရေးနှင့်ပတ်သက်ခဲ့သည်ဟူသော စွဲချက်ဖြင့် တိုင်တန်းခြင်းကို ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။

၂။ ရွေးကောက်ပွဲမတိုင်မီကာလများတွင် နိုင်ငံ့ဝန်ထမ်းဆရာဝန်များအနေဖြင့် " ပါတီနိုင်ငံရေး" နှင့် မပတ် သက်လိုပါပဲလျက် " အထူးကုခရီးစဉ်" အချို့ဗန်းပြလျက် ပါဝင်ပတ်သက်ခဲ့ရသော သက်သေသာဓက များစွာ ရှိခဲ့ပါသည်။ ယခုကဲ့သို့ နိုင်ငံတော်အသွင်ကူးပြောင်းနေစဉ်ကာလမျိုးတွင် အနိုင်ရပါတီ၏ ဂုဏ်သိက္ခာ   ညှိုးနွမ်းစေနိုင်သည့် စွပ်စွဲချက်များကို အရင်းပြုလျက် နိုင်ငံ့ဝန်ထမ်းများအပေါ် မတည်မငြိမ်ဖြစ်စေသည့် လုပ်ရပ်အား ရှုံ့ချပါသည်။

၃။ စွဲချက်တင်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း လုပ်ငန်းစဉ်များ တစ်လျောက်လုံးကို ကျွန်ုပ်တို့ ဖဲကြိုးနက် လှုပ်ရှားမှု ဆရာဝန်များအဖွဲ့မှ စိုးရိမ်မကင်းစွာဖြင့် စောင့်ကြည့်လျက်ရှိပါသည်။

၎။ စုံစမ်းစစ်ဆေးကြမည့် ဌာနဆိုင်ရာ လူကြီးမင်းများအနေဖြင့် တရားနည်းလမ်းတကျ ၊ တည်ဆဲဖြစ်သော ဥပဒေ၊ နည်းဥပဒေများနှင့်လျော်ညီစွာ စုံစမ်းစစ်ဆေး အစီရင်ခံကြလိမ့်မည်ဟု ယုံကြည်မျှော်လင့်လျက် ရှိပါသည်။

၅။ အကြောင်းတစုံတရာကြောင့် နိုင်ငံ့ဝန်ထမ်းဆရာဝန်နှစ်ဦးအား မတရားနစ်နာစေခြင်းမရှိစေရန်အတွက် ဖဲကြိုးနက်ဆရာဝန်များမှ ဌာနဆိုင်ရာ စစ်ဆေးဆုံးဖြတ်မှုပြီးသည်အထိ ဆက်လက်ဝိုင်းရံသွားမည်ဖြစ်ပါ သည်။



No comments:

Post a Comment