Pages

Sunday, October 24, 2010

မင်းပြားမြို့နယ် အပျက်အစီး

ဧရာဝတီ သတင်းထောက် ပေးပို့ချက်


မင်းပြားမြို့နယ် စွန်ရဲ ကျေးရွာမှာ အိမ်ခြေ ၁၅၀ လောက် ပျက်စီးသွားတယ်လို့ သိရပါတယ်။
အဲဒီလူတွေဟာ အခု ရွာဦးဘုန်းကြီးကျောင်းမှာပဲ နေ နေကြရတာတဲ့။ အခုထိလည်း အစိုးရဘက်က ဘာမှ လုပ်မပေးသေးဘူးလို့ ဒေသခံတွေက ပြောနေတယ်။ ရွာကလူငယ်တွေ စုပြီးတော့ နေရေးစားရေး ထောက်ပံ့ပေးနေကြရတယ်။ အကူအညီတွေ အရမ်းလိုတယ်လို့ ဒေသခံတွေက ပြောတယ်။ မင်းပြားတမြို့နယ်လုံးဆိုရင်တော့ အိမ်ခြေတထောင်ကျော် ပျက်စီးတယ်လို့ ထွေအုပ်က ထွက်လာတဲ့ သတင်းတွေအရ သိထားရတယ်။

No comments:

Post a Comment