Pages

Sunday, October 24, 2010

ဒုတိယအကြိမ် တိုင်းရင်းသား ညီလာခံ ကျင်းပရန် ဆုံးဖြတ်

ဇိုမီးအမျိုးသား ကွန်ဂရက်ပါတီရဲ့ ဒီကနေ့ ကျရောက်တဲ့ ၂၂နှစ်ပြည့် အခမ်းအနားမှာပဲ ပင်လုံညီလာခံလို တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ ဒုတိယအကြိမ် ညီလာခံခေါ်ယူဖို့ လက်မှတ်ရေးထိုး ဆုံးဖြတ်လိုက်ကြပါပြီ။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ကျင်းပတဲ့ ဇိုမီး အခမ်းအနားကို တက်ရောက်လာတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ ၊ ၀ါရင့်နိုင်ငံရေးသမားကြီးတွေ ၊ NLD ခေါင်းဆောင်တွေက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ တိုင်းရင်းသားနဲ့ ပြည်သူတရပ်လုံး လက်မခံနိုင်ကြောင်း၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖော်ဆောင်နိုင်မယ်လို့ မယုံကြည်ကြောင်း ဆုံးဖြတ်ခဲ့ကြပြီး ပင်လုံညီလာခံလို တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ဒုတိယအကြိမ် ညီလာခံတခု ခေါ်ယူဖို့ ဆုံးဖြတ်လိုက်ကြတာပါ။

ဒီအခမ်းအနားကို နိုင်ငံရေးခေါင်းဆောင်တွေ အပါအ၀င် ပရိသတ် ၁၀၀၀ ကျော်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment