
ရန်ကုန်မြို့မှာတော့ တီရှပ်စစ်ပွဲ စတင်နေပါပြီ။
ဖြစ်ပွားခဲ့ပုံကတော့ ဒီလိုပါ။ ဧရာဝတီကို ပြည်တွင်းက ပေးပို့လာတဲ့ "ကိုယ်ပိုင် ပြဌာန်းခွင့် ဥပဒေအရ မဲမပေးဘဲ နေနိုင်တယ်" ဆိုတဲ့ စာသားပါ တီရှပ်ဝတ်လူငယ်တွေ ရန်ကုန်မြို့ပေါ်က လမ်းတွေအပေါ် သွားလာနေတဲ့ ဓာတ်ပုံတွေကို ဖော်ပြပေးခဲ့အပြီးမှာ "I vote(မဲပေးမယ်)” ဆိုတဲ့ စာသားပါ တီရှပ်ဝတ်သူတွေ ပေါ်ထွက်လာတာပါ။

“I vote (မဲပေးမယ်)” အုပ်စု ပေါ်ထွက်လာတာဟာ မိမိတို့အတွက် ပိုပြီး အားကောင်းသွားစေတယ်လို့ "မဲမပေးဘဲ နေနိုင်တယ်" အုပ်စုဝင် တဦးက ဆိုပါတယ်။
“ကျနော်တို့ မဲမပေးဘဲနေနိုင်တယ် တီရှပ်တွေ ၀တ်ပြီး မြို့ထဲသွားရင်လာရင် လူတွေက ၀ိုင်းကြည့်ကြတယ်။ သူငယ်ချင်းတချို့ကို ပေးဝတ်တာ သူတို့ ၀တ်ဖို့ စိုးရွံ့နေကြသေးတယ်။ ကျနော်တို့က ရှင်းပြရတယ်။ ဒါဟာ ဥပဒေကိုချိုးဖောက်တာ မဟုတ်ဘူး။ အစိုးရကိုယ်တိုင်ပြဌာန်းထားတဲ့ ဥပဒေပါစာသားကိုပဲ တံဆိပ်ရိုက်ထားတာ။ ဖမ်းဆီးပိုင်ခွင့်မရှိဘူးဆိုပြီး ရှင်းပြရတယ်။ I vote အဖွဲ့က အခုလို ၀တ်ပြီးထွက်လာတော့ မဲမပေးဘဲနေနိုင်တယ် တီရှပ်ကို ၀တ်ဖို့ လူတွေမှာ စိုးရိမ်စိတ်တွေ မရှိကြတော့ဘူး"လို့ သူက ပြောပါတယ်။
လူတွေရဲ့ စိုးရိမ်စိတ်ကို ဖယ်ရှားပေးလိုက်တာဟာ I vote အဖွဲ့ရဲ့ တန်ပြန် လှုပ်ရှားမှုပဲ ဖြစ်တယ်လို့လည်း သူက သုံးသပ်ပြပါတယ်။
“ကျနော်တို့ကို ဖမ်းဆီးလို့မရဘူး။ မရတဲ့အတွက် သူတို့ တန်ပြန်လှုပ်ရှားမှုပဲ လုပ်နိုင်တယ်ဆိုတာကို လူတွေ သိသွားကြပြီ။ သိသွားတဲ့ အတွက် ကျနော်တို့ သူငယ်ချင်းတွေဆိုရင် သူတို့လည်း ၀တ်မယ်ပေးပါဆိုပြီး လာတောင်းလာကြပြီ"လို့ သူက ဆိုပါတယ်။
မဲမပေးဘဲနေနိုင်တယ် တီရှပ်တွေကို လူငယ်တစုက သူတို့ကိုယ်ပိုင် ငွေကြေးနဲ့ စာသား ရိုက်နှိပ်ဝတ်ဆင်နေကြတာဖြစ်ပြီး လိုလားသူတွေကို ပေးဝေဖို့ဆိုရင်တော့ အလှူရှင်တွေ ရှိမှ ဖြစ်ပါလိမ့်မယ်လို့ သိရပါတယ်။
“လှူမယ့်လူတွေရှိလာရင်တော့ တီရှပ်တွေ ပိုပြီး ပေးဝေနိုင်ပါလိမ့်မယ်။ လူတွေကလည်း ၀တ်မှာဗျ။ သူတို့ မကြောက်တော့ဘူး။ I vote အဖွဲ့ဆိုတာက စစ်အစိုးရလိုလားသူ တစုလေးပဲလေ။ ဒီအစိုးရကို ရွံ့မုန်းနေသူတွေက တနိုင်ငံလုံးဗျ။ ဒို့အရေးအော်စရာမလိုဘဲ။ တီရှပ်လေးဝတ်တာနဲ့ ကိုယ့်ဆန္ဒကိုယ်ဖော်ထုတ်ခွင့်ရမယ်ဆိုရင် သူတို့ လိုက်ဝတ်ကြမှာပဲ"လို့ မဲမပေးဘဲနေနိုင်တယ် အုပ်စုဝင် လူငယ်က ရှင်းပြပါတယ်။
မဲမပေးဘဲနေနိုင်တယ်အုပ်စုကို ရန်ကုန်မြို့ခံလူငယ်တစုနဲ့ ဖွဲ့စည်းထားတာလို့သာ သိရှိရပြီး ဘယ်သူတွေ ပါဝင်တယ်။ ဘယ်နှစ်ဦးပါတယ်ဆိုတာ မသိရသေးပါဘူး။ ထိုနည်းတူပါပဲ I vote မဲပေးမယ်အဖွဲ့ဟာလည်း ဘယ်သူတွေနဲ့ ဖွဲ့စည်းထားတယ် ၊ ဘယ်သူတွေက ကျောထောက်နောက်ခံပြုပေးထားတယ်ဆိုတာကိုလည်း မသိရသေးပါဘူး။
ဒါပေမယ့် ဒီအုပ်စု ၂ စုရဲ့ တီရှပ်စစ်ပွဲဟာ ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ ဘယ်လောက်အထိ ပြင်းထန်လာမလဲဆိုတာကိုတော့ စောင့်ကြည့်နေရဦးမည် ဖြစ်ကြောင်းပါခင်ဗျား......။
အဲ့ဒိ I Vote ဆိုတဲ့လူငယ်တွေ ဘာကို vote မှာလဲ ၊ ဘာလို့ vote မှာလဲ ... I Vote ဆိုတာကော နားလည်ရဲ့လားလို့ မေးချင်တယ်...။
ReplyDeleteno vote ကိုဝတ်ထားတဲ့ လူငယ်တွေကရော No vote ဆိုတာဘာလဲသိရော သိရဲ့လားလို့ ပြန်မေးချင်တယ်။
ReplyDeletekoko
Vote ပေးမှ ကြိုက်တဲ့သူကို ပေးလို့ရမှာပေါ့ .. မကြိုက်ရင်လည်း မကြိုက်ကြောင်း ပြလို့ ရမှာပေါ့. .. no Vote ကတော့ အဓိပါယ် မရှိပါဘူး .... နိုင်ငံသားတစ်ယောက်ဖြစ်ပီး ကိုယ်ကြိုက်တာဘာမှန်း မကြိုက်တာ ဘာမှန်းမသိရင်တော့ ကိုယ်ညံ့လို့ပဲ ... ဘယ်သူကိုပေးရမှန်းမသိရင် စာတွေဖတ် ...
ReplyDeleteThe basic ground of democracy is one man, one vote. We as Myanmar citizens are given the chance of voting for the first time after 1993. No voting is just like not taking our chance. All we have to do is choose wisely. I agree that there can be cheating however, all the positions cannot be cheated logically.
ReplyDeletei vote တီရှပ်ဝတ်ထားတဲ့ လူငယ်တော်တော်များများ ခေါင်းငုံနေကြတာများလား။ ဘာပဲဖြစ်ဖြစ် သူများအသုံးချခံတော့ မဖြစ်ကြစေနဲ့နော်။ တစ်သက်လုံး နောင်တမရကြပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်။
ReplyDeleteမဲမပေးဘဲနေနိုင်တယ်အဖွဲ့ကိုအားပေးပါတယ်။ တီရှပ်ပေါ်မှာ ဗမာတွေလို ရေးထားတာဆိုတော့ အင်္ဂလိပ်စာမတတ်တဲ့လူတွေပါ ဖတ်တတ်ကြမှာမို့ I vote အဖွဲ့ထက် ပိုထိရောက်မယ်ထင်ပါတယ်။
ReplyDeleteNLD ရွေးကောက်ပွဲမဝင်ခြင်းသည် မဟာဗျူဟာအရ အကြီးအကျယ် မှားယွင်းမှုဖြစ်သည်ဟု သာ ကူးများ၊ နိုင်ငံရေးသိုက်တူးသူများ၊ နအဖအကျိုးဆောင် ပညာတတ်များက သွယ်ဝိုက်၍တမျိုး၊ ဗြောင်တမျိုး ပြောလာနေကြသည်။ ရွေးကောက်ပွဲသပိတ်မှောက်လို့ ကြံ့ဖွတ်ကြီးပဲနိုင်ရင် ဘယ်လိုလုပ်မလဲ ကိုယ့်ဘက်က ပါ နိုင်သလောက်ပါရင် လွှတ်တော်ထဲမှာ အသံထွက်နိုင်တယ်၊ တဖြည်းဖြည်း ပြောင်းလဲနိုင်တယ်ဆိုနေတဲ့ Evolution သမားများကို တခုတော့ ပြောချင်ပါသည်။ အတိုက်အခံများအားလုံး ရွေးကောက်ပွဲ မဝင်လျှင် ကြံ့ ဖွတ် တရားဝင်မှု ရရှိနိုင်တော့မည်မဟုတ် ဆိုသည်ကို တွေးမိဖို့ကောင်းသည်။ ထို့အတူ ညစ်နည်းပေါင်းစုံနှင့် ကြံ့ဖွတ်ပါတီကိုသာ အပြတ်အသတ်နိုင်အောင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ၎င်းတို့ထင်သလို လွှတ်တော် ထဲတွင် အသံထွက်နိုင်လိမ့်မည်မထင်၊ ၎င်းတို့ အာပေါက်အောင် ပြောသော်လည်း လွှတ်တော်ထဲတွင် ကြံ့ ဖွတ်အသံကသာ လွှမ်းနေလိမ့်မည်၊ ၎င်းတို့ အာပေါက်အောင် ပြောသည့်အသံကိုလည်း သတင်းစာ ရုပ်မြင်သံ ကြားတို့တွင် ထည့်သွင်းဖော်ပြလိမ့်မည်မဟုတ်ချေ။
ReplyDeleteRef: http://drlunswe.blogspot.com/
ကြံ့ဖွတ်ကတော့ညစ်ပတ်စုတ်ပဲ့တဲ့အကြံ့နဲ့ညစ်ပတ်လို့နေပါပြီ။ ညစ်ပတ်တာကို
ReplyDeleteခံချင်တဲ့စိတ်ကူးယဉ်ပါတီများရှိလို့ညစ်ပတ်နိုင်တာဖြစ်ပါတယ်.ရွေးကောက်ပွဲဝင်
မဲ့ကြံ့ဖွတ်ကရွေးကောက်ပွဲဝင်မဲ့ပါတီရှိလို့သာအဲဒီပါတီတွေပေါ်ကိုညစ်လို့ရတာပါ.
ပါတီအားလုံးကတညီတညွှတ်နဲ့ရွေးကောက်ပွဲကိုသပိတ်မှောက်ရင်ကြံ့ဖွတ်မည်
သည့်ပါတီသွားပြီးညစ်နိုင်ပါမည်နည်း။ကြံ့ဖွတ်ပါတီတခုတည်းဖြစ်ပါကလုံးဝလုံး
ဝတရားမ၀င်ဖြစ်ရုံမျှမကဘဲနိုင်ငံရေးအရအကြီးအကျယ်ရှုံးပြီးနအဖထွက်ပြေးဖို့သေချာသလောက်ဖြစ်သွားပါလိမ့်မည်...
ဘာမှ မသိချင်ဘူး သန်းေ၇ွှနဲ့ကြိုင်ကြိုင် သေမှပဲနားအေးမယ်
ReplyDeleteVote ပေးမှ ကြိုက်တဲ့သူကို ပေးလို့ရမှာပေါ့ .. မကြိုက်ရင်လည်း မကြိုက်ကြောင်း ပြလို့ ရမှာပေါ့. .. no Vote ကတော့ အဓိပါယ် မရှိပါဘူး .... နိုင်ငံသားတစ်ယောက်ဖြစ်ပီး ကိုယ်ကြိုက်တာဘာမှန်း မကြိုက်တာ ဘာမှန်းမသိရင်တော့ ကိုယ်ညံ့လို့ပဲ ... ဘယ်သူကိုပေးရမှန်းမသိရင် စာတွေဖတ် ...
ReplyDelete>>> what are you reading? Junta's newspapers? I decided not to vote because I know what I want! What should I do if I don't like any of them? I know I should vote to who but they are not in the campaign.. sad. So far, no party has promised to bring 24 hours electricity to even major cities hahaha.... May be if you guys gun point on me and ask me to vote, I will vote NDF, simply because I don't want to die.
QUOTED >>Vote ပေးမှ ကြိုက်တဲ့သူကို ပေးလို့ရမှာပေါ့ .. မကြိုက်ရင်လည်း မကြိုက်ကြောင်း ပြလို့ ရမှာပေါ့. .. no Vote ကတော့ အဓိပါယ် မရှိပါဘူး .... နိုင်ငံသားတစ်ယောက်ဖြစ်ပီး ကိုယ်ကြိုက်တာဘာမှန်း မကြိုက်တာ ဘာမှန်းမသိရင်တော့ ကိုယ်ညံ့လို့ပဲ ... ဘယ်သူကိုပေးရမှန်းမသိရင် စာတွေဖတ် ...<<
ReplyDeleteနိုင်ငံသားတစ်ယောက်ဖြစ်နေလို့ ကိုယ်ဘာကြိုက်မှန်းသိတယ် ။ ဘာမကြိုက်မှန်းလဲသိတယ် ။ ဘယ်သူ့ကိုမပေးရမှန်းလည်းသိတယ် ။ဘယ်သူ့ကိုပေးရမှန်းလည်းသိလို့ ၁၉၉၀ ခုနှစ်မှာ ကျုပ်တွေ အဖေတွေ ၊ အမေတွေ ၊ အဘိုးတွေ ၊ အဘွားတွေ အပါအ၀င် တစ်တိုင်းပြည်လုံး မဲပေးခဲ့ကြပြီးပြီ..။ ဒါစာဖတ်ပြီးပြောနေတာမဟုတ်ဘူး ။ ကိုယ့်အတွေ့အကြုံအရပြောနေတာ..။
noVote ကလည်း၂ယောက်ထဲ။ထဲ့မတွက်တော့ဘူး။။။
ReplyDeleteမဲမပေးဘဲနေတာလည်း အဓိပ္ပါယ်ရှိတယ်။ဘာလို့မရှိရမှာလဲ၊အခြေခံဥပဒေကို မကြိုက်လို့ မပေးဘဲနေတာ ပေးတဲ့သူတွေ နောင်မှနောင်တမရကြနဲ့လို့ ပြောချင် ပါတယ်။မဲမပေးဘဲနေကြပါ။
ReplyDelete"No Election" movement will be more meaningful than "No Vote/I Vote".
ReplyDeleteရွေးကောက်ပွဲပျက်ဖို့မပြောနဲ့အလံတင်အခမ်းအနားတောင်ဘာမှမလုပ်နိုင်ပဲ။ no voteကဘာလုပ်နိုင်မှာလဲ။နိုင်ငံတကာကိုအားကိုးမှုတွေစွန့်လွှတ်လိုက်ပါတော့။
ReplyDeleteမင်းကို ချေးနဲ့ ထမင်း နဲ့ နယ်ကြွေးရင်
ReplyDeleteစားမှာလား အတင်းငြင်းမှာလား?
မင်းမကြိုက်တာကြီးကို အတင်းစားမှာလား?
ရမဲ့ မသထာရေစာ လေးကို မျှော်လင့်ပြီး ရှောက်မပြောနဲ့
နိုင်ငံရေးဆိုတာဘာလဲ ? ငါ့ကိုတလုံးချင်းရှင်းပြစမ်း
အေးဗျာ....နာမည်တောင်မဖော်ပြရဲတဲ့သူကိုဘယ်လိုရှင်းပြရမှာလဲ။ဗိုလ်ချုပ် အောင်ဆန်းပြောဖူးတာကတော့ဘုရင်ခံထိုင်ဆဲနေတာနိုင်ငံရေးမဟုတ်ဘူးတဲ့။ ဒီလောက်ဆိုကိုယ့်ကိုကိုယ်ဘာလုပ်နေတာလဲသိလောက်ရောပေါ့။
ReplyDeletevote vote မ vote vote အရေးမကြီးဘူး အရေးကြီးတာ
ReplyDeleteအာဏာရှင်စနစ်မရှိရင် ပြည်ထောင်စုကြီးဆက်တည်မြဲမယ်။
ကြီးကြီးကျယ်ကျယ်တွေပြောနေမယ့်အစား ကျွန်တော်တို့တွေကိုယ့်နိုင်ငံအတွက်
ReplyDeleteကောင်းကျိုးလေး ဥပမာဗျာ-မိဘမဲ့ကျောင်းတွေ ပရဟိတကျောင်းတွေက
ကလေးတွေအတွက်ခဲတံတစ်ချောင်းလောက် လှုဖူးကြလား
အဲလိုတွေလုပ်ပါ။ကျွန်တော်တို့ဟာ နိုင်ငံသားတွေ နိုင်ငံရေးသမား
မဟုတ်ဘူး။နိုင်ငံသားဆိုရင် နိုင်ငံကောင်းကျိုးလုပ်။နိုင်ငံရေးသမားက
အာဏာရှင်စနစ်ကျဆုံးပြီး ဒီမိုကရေစီရအောင်လုပ်။ကိုယ့်ကိုယ်ကို နိုင်ငံသားလား
နိုင်ငံရေးသမားလား သိအောင်တော့လုပ်သင့်တယ်။