ဦးအလံမလှဲ
ဗိုလ်သိန်းစိန်တယောက် အကြောင်းမညီညွတ်လို့ ဘောင်းဘီချွတ်ခဲ့ရစဉ်က မည်သို့မည်ပုံဖြစ်ခဲ့သည်ကို တလောကလေးက တင်ပြခဲ့သည်။ ထိုစဉ်က စစ်အရေခွံအခွာခံရလို့ ထွန့်..ထွန့်.. လူးသွားသော ဗိုလ်ချုပ်ကြီးတယောက်၏ အကြောင်းကို မကြာမီတင်ဆက်ပါမည်ဟု မိတ်ဆက်သဘော အစပျိုးထားခဲ့သည်။ ဟော.. ယခု.. ပျိုးထားခဲ့သောအစကို ဆွဲထုတ်ပါမည်။
“ကိုတူမောင်.. တလောတုန်းက ပြောခဲ့တယ်နော်။ စစ်အရေခွံအခွာခံရလို့ ဆားအတို့ခံရတဲ့ တီကောင်လို ထွန့်..ထွန့်.. လူးသွားတဲ့ ဗိုလ်ချုပ်ကြီးအကြောင်း”
“ဟုတ်ပါတယ်.. ဦးလေးကြီး။ ဘယ်ပုံဘယ်နည်း..ထွန့်..ထွန့်.. လူးသွားတယ်ဆိုတာကို နားထောင်ချင်လွန်းလို့ နားစွင့်နေတာက နေ့တိုင်းပါခင်ဗျာ”
နားထောင်ချင်လွန်းသည့် ကိုတူမောင်က ဇယက်တောင်ပံကျိုး၊ ပြောပြချင်လွန်းသည့် ဦးလေးကြီးက ကြောင်ခံတွင်းပျက်။ ဇယက်တောင်ပံကျိုးနှင့် ကြောင်ခံတွင်းပျက်တို့ တွေ့ကြပြီ။
“ကိုတူမောင်..ရေ။ အဖြစ်ကတော့ မနှစ်ကနဲ့မတူပါ ဆိုတဲ့စကားတခွန်း ရှိတယ်မဟုတ်လား။ အင်း.. သည်စကားအတိုင်း ဖြစ်တာပါပဲ..အံ့..ရော၊ အံ့..ရော။”
ဦးလေးကြီးက.. အံ့..ရော၊ အံ့..ရောဟု ပြောလိုက်သည်နှင့် ကိုတူမောင့်ပါးစပ်ကြီးက ..တအံ့..တသြ.. အော်တိုမက်တစ် “ဟ” သွားလေသည်။
“ကဲ..ကဲ..ကိုတူမောင်။ ပါးစပ်ကြီး “ဟ” ထားလို့ ဘာကိုမျှကြားရမှာမဟုတ်ဘူး။ ကိုင်း.. နားကိုသာစွင့်။ ထွန့်..ထွန့်..လူးတဲ့ ဗိုလ်ချုပ်ကြီးရဲ့ အဖြစ်ကဒီလို။ သူကဗိုလ်ချုပ်မှူးကြီးတို့၊ မယ်မယ်ကြီး..ဟဲ..ဟဲ.. မွှေးထုံသင်းကြိုင်တို့ရဲ့ မွေးစားသားတော်၊အချစ်တော်၊ လူယုံတော်၊ ညာလက်ရုံးတော်။ သူ့ဇနီးက.. ဗိုလ်ချုပ်မှုးကြီးတို့၊ မယ်မယ်ကြီးတို့ မိသားစုရဲ့ စားတော်ကဲ။”
ဤသို့ပြောနေစဉ် ကဗျာမစပ်တတ်သော ဦးလေးကြီးခေါင်းထဲ ဘယ်ကဘယ်ပုံ ရောက်လာမှန်းမသိသော ကဗျာဥာဏ်က တမုဟုတ်ချင်း ကွန့်မြူးလာသည်။
“ခဲဘွယ်ဘောဇဉ်၊ စုံအလင်ကို၊ နေ့စဉ်ရက်ဆက်၊ မပြတ်ချက်ပြုတ်၊ ထူးအလုပ်ကို၊ တကုတ်ကုတ်နှင့်၊ လုပ်ပေးခွင့်ရ.. ဟဲ..ဟဲ.. ကိုတူမောင်ရေ.. ရှေ့ကို မဆက်တတ်တော့ဘူး ..ဟဲ..ဟဲ..။”
ဟုတ်ပါသည်။ ဦးလေးကြီးက ကဗျာဥာဏ်မရှိလို့ ကဗျာမစပ်တတ်ပါ။ ထို့ကြောင့် ပြောချင်တာကို ပြောရိုးပြောစဉ် စကားပြေဖြင့်ပင် ဆက်၍ ပြောရပါတော့သည်။
“စားတော်ကဲရာထူး ရဖို့ဆိုတာ မလွယ်ဘူး။ ရန်သူက စားစရာ သောက်စရာတွေထဲ အဆိပ်ခတ်ပြီး အိမ်တော်မိသားတစုလုံးကို သတ်နိုင်တယ်။ သည်အခြေအနေမျိုးမှာ ထွန့်..ထွန့်..လူး.. ဗိုလ်ချုပ်ကြီးရဲ့ ကတော်ကို စားတော်ကဲရာထူး ပေးသနားချီးမြှင့်တော်မူတာ ။ဒါကိုကြည့်ရင် ထွန့်..ထွန့်..လူး..တို့ မောင်နှံစုံတွဲဟာ မှူးကြီးတို့မိသားစုရဲ့ အယုံကြည်ဆုံး၊အရင်းဆုံး၊ အားအထားဆုံးဆိုတာ ပေါ်လွင်နေတာပဲ”
ကိုတူမောင်က ဦးလေးကြီး၏ ကြောင်းကျိုးဆီလျော်သော ရှင်းချက်ကို သဘောပေါက်သည်။
“ကဲ..ကိုတူမောင်။ ခုဟာကအယုံကြည်ဆုံး၊ အရင်းဆုံး၊ အားအထားဆုံး မွေးစားသား ဗိုလ်ချုပ်ကြီးကိုပါ၊ ချွင်းချက်မထားဘဲ စစ်အရေခွံခွာပစ်တာ။ ဒီတော့ မွေးစားသား ဗိုလ်ချုပ်ကြီးနဲ့ သူ့ဇနီးလူယုံတော် စားတော်ကဲမမကြီးတို့အဖို့ မျှော်မှန်းမထားတဲ့ မိုးကောင်းကင်ကြီး ပြိုကျတော့တာပဲ။ ဒီအဖြစ်ဆိုးကို သိလျှင်သိချင်း မယုံနိုင်လောက်အောင် မှုံမှိုင်းဝေ၀ါးသွားတယ်။မွှန်ထွန်သွားတယ်။ ဆားအတို့ခံရတဲ့ တီကောင်လို ထွန့်..ထွန့်.. လူးသွားတယ်။ စိတ်အားငယ်သွားတယ်”
ဦးလေးကြီးက ကွက်ကွက်ကွင်းကွင်း၊ ရှင်းရှင်းလင်းရန်၊ အတင်းဝက်အူ၊ ရစ်ရစ်ယူသွား၊ သူ့စကားက၊
တအား ပြတ်သားလှပေသည်။
“အင်း.. ကိုတူမောင်ရေ။ မွေးစားသား ဗိုလ်ချုပ်ကြီးဟာ စိတ်ဆောက်တည်ရာမရ ဖြစ်ပြီး သူကိုးကွယ်တဲ့ ဆရာတော်ဆီ သုတ်ခြေတင်တော့တယ်။ ဆရာတော်က သေးသေးကွေးကွေး နှယ်နှယ်ရရမဟုတ်။ သူ့ပရိသတ်နဲ့သူ၊ တင့်တင့်တယ်တယ်ကြီးပါပဲ”
နားစိုက်ထောင်နေသော ကိုတူမောင်တယောက် ဘယ်ဆရာတော်ပါလိမ့်ဟု သိလိုဇောကြွကာ မရိုးမရွဖြစ်လာသည်။
“ဘယ်ဆရာတော်လဲ.. ဦးလေးကြီး..ရဲ့”
ဤတွင် ဦးလေးကြီးက တခန်းရပ်ဇာတ်လမ်းတခုကို ပြန်လှန်ရလေတော့သည်။
ဦးလေးကြီး၏ အဆိုအရ ထွန့်..ထွန့်..လူး.. ဗိုလ်ချုပ်ကြီး ကိုးကွယ်သော ဆရာတော်ကြီးက ယခုတောင်ဒဂုံမှာ.. ကျောင်းထိုင်ဆရာတော်။ ယခင်တုန်းကတော့ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်မှာ တိုက်အုပ်ဆရာတော်။ဘွဲ့အမည်နာမက.. ဦးဝိနယ။ ဆရာတော်ဦးဝိနယသည် စာသင်သားများအား ညဘက် ကျောင်းပြင်မထွက်ရ စည်းကမ်းအမိန့်ကို ဖတ်ပြပြီးလိုက်နာစေ၏။ ထိုစည်းကမ်းအမိန့်မှာ ဗဟိုသံဃမဟာနာယက အဖွဲ့က စစ်အစိုးရအလိုကျ ထုတ်ပြန်သော စည်းကမ်းအမိန့်ဖြစ်သည်။
ထို့ကြောင့် စာသင်သားများက မကျေနပ်ကြ။ ယင်းမကျေနပ်မှုက အရှိန်တက်ပြီး အိပ်ယာဝင်ချိန်အရောက်မှာ ဆရာတော်ဦးဝိနယ သီတင်းသုံးသည့်ကျောင်းပေါ်ကို ခဲမိုးရွာချကြသည်။ကျောင်းတိုက်၏ အကြီးအကဲဆရာတော် ဦးတိလောကဘိဝံသ လာရောက်ဖြန်ဖြေမှ စာသင်သားများက ကိုယ့်နေရာသို့ ကိုယ်ပြန်ကြသည်။စိတ်မချမ်းမြေ့ဘွယ်ရာတွေ ဖြစ်ကုန်ပြီ။ နံနက်မိုးသောက်တော့ ဆရာတော်ဦးဝိနယသည် မိမိလက်ဝယ်ရှိ သော့တံအားလုံးကို အကြီးအကဲ ဆရာတော်ကြီးထံ အပ်နှံပြီး ကိုယ်ပိုင်ကားကိုစီး၍ စာသင်တိုက်မှ ထွက်ခွာသွားတော့သည်။ဆရာတော်ဦးဝိနယ ဘယ်ဝယ်ဘယ်ဆီ ရောက်နေသည်ကို သတင်းစကားမကြားရတော့။
ဟော.. အတော်ကြီးကြာတော့ ကောင်းသတင်းက လွင့်ပျံလာသည်။ တောင်ဒဂုံတွင် စစ်အစိုးရက ဆောက်လုပ် လှူဒါန်းတော်မူသော ဧရာမကျောင်းအသစ် ကျပ်ချွတ်ကြီးတွင် ဆရာတော်ဦးဝိနယ သီတင်းသုံးတော်မူနေသည်.. တဲ့။ ငါးဆူတောင်တွင်လည်း ဆရာတော်ဦးဝိနယအား စစ်အစိုးရက လှူဒါန်းထားသော မြေကွက်ကျယ်ကြီးနှင့် တင့်တင့်တယ်တယ် ကျောင်းကြီးလည်းရှိသေးသည်.. တဲ့။
“အဲသည်ဟာက.. ကိုတူမောင်..ရေ၊ ဆရာတော်ရဲ့ဘဝတကွေ့ ကြုံတွေ့ခဲ့ရတဲ့ နောက်ခံဇာတ်ကြောင်း။ ဇာတ်ကြောင်းကို ထဲထဲဝင်ဝင် ကြည့်လိုက်ရင် ဘယ်သူတရားခံလဲ။ ခဲပေါက်တဲ့ စာသင်သားတွေလား။ စည်းကမ်းအမိန့်စာကို တိုက်အုပ်တာဝန်အရဖတ်ပြတဲ့ ဆရာတော်ဦးဝိနယလား။ စည်းကမ်အမိန့်စာကို ထုတ်ပြန်တဲ့ ဗဟိုသံဃမဟာနာယက အဖွဲ့က ဆရာတော်ကြီးများလား။ ဆရာတော်ကြီးများနဲ့ စစ်အစိုးရကြားမှာ ခလောက်ဆံနေတဲ့၊ ဘုန်းကြီးလူထွက်၊ ဘုန်းကြီးစာတတ်၊ ဘုန်းကြီးများထံမှ လာဘ်စားလွန်းသည်ဟု နံမည်ဆိုးနဲ့ကျော်ကြားတဲ့ သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအံ့မောင်လား။ အာဏာပိုင် စစ်အစိုးရလား။ အင်း..စိတ်ဝင်စားဘွယ်ရာ 'လား' တွေကဖြင့် အတိပြည့်နှက်လို့”
“ပြောမှတော့.. ဦးလေးကြီးရယ်.. မထူးတော့ပါဘူး။ စိတ်ဝင်စားဘွယ်ရာ ဆိုတာတွေကိုပါ တဆက်တည်း ထည့်ပြောပါတော့။”
ရေငတ်တုန်း ရေထဲပြုတ်ကျ..ဆိုလား။ ထိုဆိုရိုးစကားအတိုင်း ဖိုးပြောချင်ဦးလေးကြီးက ဆက်၍ပြောလေသည်။
“ဗိုလ်ကျန်စစ်သား လက်ထက်တုန်းက မန္တလေးကနေ.. ရန်ကုန်ကို ကူးစက်လာတဲ့ သံဃာ့သပိတ်ဖြစ်ခဲ့ဖူးတယ်။သည်သပိတ်က ဗိုလ်ချုပ်တွေကို ကောင်းကောင်းကြီး သင်္ခန်းစာပေးခဲ့တာ။ သံဃာတွေ သပိတ်မှောက်ထားတုန်း ဗိုလ်ချုပ်တွေပဲဖြစ်ဖြစ် သူတို့မိသားစုတွေထဲက တယောက်ယောက်ပဲဖြစ်ဖြစ် တကယ်လို့သေသွားခဲ့သော် ဘယ်ဘုန်းကြီးကိုပင့်မလဲ။ ပင့်စရာဘုန်းကြီးမရှိရင် ခွေသေဝက်သေမြှုပ် သလိုမြှုပ်ရတော့မယ်။ နောက်ပြီး ထုံးတမ်းစဉ်လာအရ ဘယ်လိုသပိတ်သွပ်မလဲ။”
ဟုတ်ပေသည်။ ထို့ကြောင့် စစ်ဗိုလ်ချုပ်အဝန်းအဝိုင်းတွင် ကိုယ်ပိုင်ဘုန်းကြီးလိုလာပြီ။ ကိုယ်ပိုင် ဘုန်းကြီးရအောင် ဘယ်သို့လုပ်မည်နည်း။
၈၈-နောက်ပိုင်းမှာ စစ်တပ်အတွက် အမှုထမ်းမယ့် ဆရာဝန်နှင့်အင်ဂျင်နီယာ ရှားခဲ့သည်။ စစ်ဆေးတက္ကသိုလ်၊စစ်နည်းပညာတက္ကသိုလ်တွေဖွင့်ပြီး ကိုယ်ပိုင်ခြံပေါက် စစ်ဆရာဝန်တွေ စစ်အင်ဂျင်နီယာတွေကို မွေးထုတ်ခဲ့သည်။
“အဲဒါနမူနာပဲ..ကိုတူမောင်။ တည့်တည့်ဘွင်းဘွင်း ပြောပြဖို့ လျော်ကန်တဲ့ဝေါဟာရကို အရှာရခက်တယ်ဗျာ။ကိုတူမောင့်ဘာသာ စဉ်းစားသာကြည့်ပါတော့”
ဦးလေးကြီးက အတုံးလိုက်အတစ်လိုက် ထုတ်ပြရခက်၍ အရိပ်မျှကိုသာ ထုတ်ပြနိုင်သည်။ ကိစ္စမရှိ။ ကိုတူမောင်က အရိပ်ပြ အကောင်ထင်ပါသည်။
“ကိုတူမောင် ..ထွန့်..ထွန့်..လူး.. ဗိုလ်ချုပ်ကြီးအကြောင်းကနေ ဆရာတော်ဦးဝိနယအကြောင်း ချော်တောငေါ့သွားလိုက်တာ ..ဟဲ..ဟဲ။ ဖိုးသူတော် မျက်စေ့လည်တော့ ဆွမ်းဆန်များများရလို့ ဆိုသကိုး..ဟဲ..ဟဲ။ ကဲ..ကိုတူမောင်၊ထွန့်..ထွန့်..လူး.. ဗိုလ်ချုပ်ကြီးအကြောင်းကို ပြန်ကောက်ကြစို့ရဲ့”
ထွန့်..ထွန့်..လူး.. ဗိုလ်ချုပ်ကြီးသည် စိတ်၏ သက်သာရာသက်သာကြောင်း ချမ်းမြေ့ရာချမ်းမြေ့ကြောင်း မိမိကိုးကွယ်အားထားရာ ဆရာတော်ဦးဝိနယထံ ကားစကြာယာဉ်ဖြင့် ကြွချီတော်မူပြီး ဖြစ်ကြောင်းရယ်ကုန်စင်ကို ခြေတော်ဦးခိုက် လျှောက်ထား ရင်ဖွင့်တော်မူသည်။
“ကိုတူမောင်..ရေ့။ အဲဒီလို ..ရင်ဖွင့်တုန်းက ရင်ထဲမှာ..ဖိုလှိုက်.. ဖိုလှိုက်ဖြစ်လာသတဲ့။ ဖိုလှိုက်..ဖိုလှိုက်က တလိပ်လိပ်တက်လာ။ ရင်ထဲမှာဆို့။ စိတ်ကိုထိန်းမရ။ နောက်ဆုံးတော့.. ဖြေမဆည်နိုင်ဘဲ ရှိုက်ကြီးတငင်.. မျက်ရည်ယိုရွဲလို့ ချုံးပွဲချငိုခဲ့ရဆိုပဲ”
“ဟာ..ဦးလေးကြီး..ရာ။ ဗိုလ်ချုပ်ကြီးတယောက်လုံး လုပ်နေပြီး အသည်းက ငယ်လှချည့်လား။ ဘယ်ဗိုလ်ချုပ်ကြီးလဲ။”
“အင်း..မေးတော့လည်း ပြောရတော့မှာပေါ့။ စစ်လောကမှာက တပွင့် ဒုဗိုလ်ကို ဗိုလ်ကြီးလို့ ခေါ်မှ။ နှစ်ပွင့်..ဗိုလ်ကိုလည်း ဗိုလ်ကြီးလို့ခေါ်မှ။ ဖြစ်ပုံက..ဖြစ်ပုံက။ မှန်ကန်တိကျမှ စစ်တပ်က ကြိုက်တာလို့ အထင်ကြီးပြီး တဘား နှစ်ပွင့် ဒုဗိုလ်မှူးကြီးကို ဒုဗိုလ်မှူးကြီးလို့ အမှန်အကန် အတိအကျခေါ်ရင် ပါးရိုက်ခံရမယ်။ ဗိုလ်မှူးကြီးလို့ခေါ်မှ ရှေ့ဆက်စကားပြောလို့
ရတာ..ဟဲ..ဟဲ..။ အခု..ဦးလေးကြီးပြောနေတဲ့ ဗိုလ်ချုပ်ကြီးက အမှန်ဆို ဒုဗိုလ်ချုပ်ကြီး”
“အောင်မယ်လေး..။ ဦးလေးကြီ..ရာ။ တသက်လုံး စစ်အုပ်ချုပ်ရေးအောက်မှာပဲ လူလုပ်ခဲ့ရတာ။ ဒါလေးများ..ဟဲ..ဟဲ..။ဘယ်သူဆိုတာ စိတ်ဝင်စားလွန်းလို့ သူ့နာမည်ကိုသာ ပြောစမ်းပါ”
ဦးလေးကြီးက နာမည်ထုတ်ပြောရမှာ အားနာနေသည်။ မပြောဘဲနေလျှင် လံကြုတ်ဟု ထင်မည်။
ထို့ကြောင့် ဖွင့်ပြောရပါတော့မည်။ ပြောပြီ။
“ဒု ဗိုလ်ချုပ်ကြီးမြင့်ဆွေ”
အကြောင်းအရာနဲ့တော့ မဆိုင်ပါဘူးဗျာ။ ဒါပေမယ့် သတိထားစေချင်လို့ပါ။ မြန်မာဘလော့တွေသာမက၊ မြန်မာ သတင်းစာမျက်နှာတွေမှာပါ မြန်မာစာလုံးပေါင်းအမှားတွေက မမြင်ချင်အဆုံး ဖြစ်နေလို့ပါ။ 'ဇယက်' မဟုတ်ပါဘူး။ 'ဆက်ရက်' လို့ပေါင်းပါတယ်။ ရေးတော့အမှန် ဖတ်တော့အသံဆိုသလို 'ဇရက်' လို့အသံထွက်ပါတယ်။ စကားပုံက 'ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုး' ပါ။ ပညာရှိသတိဖြစ်ခဲ ဆိုသလိုဖြစ်နေကြတယ် ထင်ပါ့။ နောင် မျိုးဆက်သစ်တွေပါ အမှားကို မှားလို့မှားမှန်းမသိ မှားပြီးရင်း မှားနေကြမှာစိုးတဲ့ စေတနာနဲ့ပါ။ ကျေးဇူးတင်ပါတယ်။
ReplyDeleteYes, the spelling and grammar is very important for any, any country and races in this modern age.
ReplyDeleteစာလုံးပေါင်းသတိပေးတာလဲပေးတာပေါ့။
စာရေးသူကိုတော့ဒီလိုဒီလိုပြောင်ပြောင်မြောက်မြောက်ရေးနိုင်တာကိုဂုဏ်ပြုချီးကျူးဘို့လဲသတိပေးပါရစေ။
ဖက်ဆစ်စစ်ဝါဒီတွေများဒီလိုရေးတဲ့လူတွေ့လို့ကတော့၊ထောင်၆၅နှစ်လား၊
အရိုက်လွန်လို့လား၊ဘဝပျက်၊လူပျက်ဘဲ။
ဒီလိုအရေးအသားမျိုးကိုဂုဏ်ယူကျေးဇူးတင်ဘို့မမေ့၊မကြောက်ကြပါနဲ့ဗျာ။်
congratulation. Keep it up. Cheers.
ဧရာဝတီက အရေးအသားရော သတင်းတွေပါ တတ်နိုင်သလောက် ကြိုးစားနေလို့ ဂုဏ်လည်းယူ ကျေးဇူးလည်းတင်ပါတယ်။ လာဖတ်နေတယ်ဆိုကတည်းက ဧရာဝတီကို နှစ်သက်လို့ပါ။ စာဖတ်သူတွေကလည်း ပိုကောင်းစေချင်လို့ ပြောတဲ့သဘောဖြစ်ကြမှာပါ။ စာဖတ်သူတွေကိုလည်း ဧရာဝတီက ဒီထက်ပို အလေးထားစေလိုပါတယ်။
ReplyDeleteဘာမှမဟုတ်တဲ့ ပြောချင် တာလေး တစ်ခု အတွက်..ေ၇းလိုက်တာ အများကြီးပဲ..
ReplyDeleteဖတ်ရတဲ့ အချိန်တွေ နှမြှော လိုက်တာဗျာ
ဟုတ်ပါ့ soe ရေ၊ ဒီလိုကောင်တွေအကြောင်း ဖတ်ရတာ တော်တော်တော့ အချိန်တွေ နှမြောဖို့အကောင်းသား၊ ဒါပေမယ့် အော် ဒီလောက်ထိတောင် ဖြစ်ရလေလို့ သနားရမလို၊ ရီရမလို သူတို့တွေရဲ့ အခြေအနေကိုတော့ လူတွေသိရတာပေါ့လေ။ ဧရာဝတီကို အားပေးလျှက်ပါ။
ReplyDeleteဧရာဝတီ
ReplyDeleteစာရေးသားခြင်းအနုပညာလိုပါသေးသည်။
သတင်းသမားများကြေးမုံဦးသောင်းရေးတဲ့
ဘီလူးတို့ရွာ ဆိုတဲ့ဆောင်းပါးများဖတ်စေချင်ပါတယ်။
ဆရာကြေးမုံဦးသောင်းဟာသတင်းဆောင်းပါးကိုပင်
ရသမျိုးစုံပါအောင်ရေးသားနိုင်တဲ့စာပေအနုပညာရှင်ပါ။
လေးစားအတုယူဖွယ်ပါ။ကြေးမုံဦးသောင်းဆည်းကပ်ခဲ့တဲ့
ဆရာများအကြောင်းကိုတော့ မိုးမခဘလော့မှာ
အာစရိယအဆူဆူ ဆိုတဲ့ခေါင်းစဉ်နဲ့တင်ထားတာ
သွားရောက်ဖတ်ရှုနိုင်ပါတယ်။
ဧရာဝတီရေ
ReplyDeleteပရိသတ်ကို ငဲ့သောအားဖြင့် အလွန် အဆင့်မမှီသော အရေးအသား ဆောင်းပါးများကို ပယ်၊ သို့မဟုတ် တည်ဖြတ်ပြီးတင်ပေးစေလိုပါတယ်။
အော် တို့ပြည်မှာ အလုပ်မရှိသူတော်တော်များတာဘဲ...
ReplyDeleteသြော်၊
ReplyDeleteလူတွေ လူတွေ အရေမရ၊ အဖတ်မရတဲ့အလုပ်တွေ သိတ်ပြီးလုပ်ကြပါလား။
ကိုယ့်အိမ်က ဆန်အိုးထဲမှာ ဆန်ရှိမရှိကို အယင်ဖြည့်ကြပါလို့ဘဲပြောချင်
တော့တယ်။ပေါတောတော ချာတာတာ တွေကိုနောက်မတင်ယင်ကောင်း
လိမ့်မယ်လို့ အကြံပြုပါရစေ။
That man has been predicted a post for state president
ReplyDelete