UN သံတမန် မစ္စတာ ဂန်ဘာရီ နေရာမှာ အစားဝင်တဲ့ မစ္စတာ Vijay Nambiar မြန်မာပြည် ခရီးစဉ်အကြောင်းက သတင်းဌာနတွေ မရေးမဖြစ် ရေးရတဲ့ သတင်းပါပဲ။
နိုင်ငံတကာ သတင်းဌာနတွေကတော့ ဒီလူကြီးက ဒီမိုကရေစီခေါင်းဆောင်၊ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ် ဘာတွေ ဆွေးနွေးတယ် ဆိုတာကို ဦးစားပေး ရေးသား၊ ဓာတ်ပုံ ရိုက်ကြတယ်။ အပေါ်မှာ မြင်ရတဲ့ အတိုင်းပါပဲ။ သတင်းဓာတ်ပုံတွေ ရှိတဲ့ အင်တာနက်စာမျက်နှာတွေကို သွားလိုက်ရင် ကုလ သံတမန်ကြီး နဲ့ မြန်မာပြည်က အရေးအပါဆုံး နိုင်ငံရေးသမား တို့ပုံတွေကိုပဲ တွေ့ရပါတယ်။
နေပြည်တော်က မလိမ် မညာ လူမသတ်တဲ့ သတင်းစာတွေကတော့ အဲဒါတွေနဲ့ ဆန့်ကျင်ဘက်ပါပဲ။
ကုလ အရာရှိကြီး မြန်မာပြည်လာတယ်၊ တစည ကြံ့ခိုင်ရေး စသဖြင့် ပါတီတွေနဲ့ တွေ့တယ် လို့ ပဲ ဖော်ပြပါတယ်။ သတင်းထဲမှာ NLD လည်း မပါ၊ ဒေါ်အောင်ဆန်းစုကြည်လည်း မပါပါဘူး။
မသိလို့ ထည့်မရေးတာလည်း ဖြစ်နိုင်တာပေါ့လို့ ပြောရင်တော့ အကောင်းမြင်ရာ ရောက်မယ် ထင်ပါတယ်း)
ဧရာဝတီရေ၊ သတင်းစာမှာပါတယ်ဗျ၊ပထမနေ့ ဒေါ်စုနဲ့ တွေ့ တာ၊ ဘာတဲ့- ဖျက်သိမ်းထားပြီးဖြစ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ....
ReplyDelete၂၈ ရက်နေ့ သတင်းစာ- စာမျက်နှာ ၅၊ ကော်လံ-၁ မှာဗျ၊ ပုံတော့မပါဘူး၊ ဒေါ်စုပုံထဲ့ရင်၊ မြန်မာ့အလင်းလဲ ဟိုဂျာနယ် ၉ ခုလို ၁ ပါတ်အပိတ်ခံရမှာစိုးလို့ နေမှာပါ..
အောင်သောင်းကိုယ်တိုင် ဦးစီးကာ မြို့နယ်တမြို့နယ် အမာခံ ၁၅ ယောက်ရွေးပြီး ဒေါ်အောင်ဆန်းစုကြည် ကို လုပ်ကြံ သတ်ဖြတ်ဖို့ သင်တန်းတွေ ပေးနေတယ်ဆိုတဲ့ သတင်း မြန်မာပြည်ထဲမှာ ပြန့်နှံ့နေပါတယ်။
ReplyDeleteဒီ သတင်းမှားပါတယ် ဧရာဝတီ၊ ကြည့်ရတာ အရင်နေ့က သတင်းစာကို မဖတ်ဘဲ ဝေဖန်လိုက်တယ် ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အမည် ပါပါတယ်။ ဦးထောင်ခိုထန်းတို့၊ ပူးကျင်ရှင်းထန်တို့၊ နိုင်ထွန်းသိန်းတို့ နာမည်တွေလဲပါတယ်။
ReplyDeleteရောက်တဲ့ နေ့ က သတင်းမှာ ပါပါတယ်။
ReplyDeleteဖျက်သိမ်းပီးသော လို့  သုံးထားပါတယ်။
ဒီနေ့ ထွက်တဲ့ ၀ီကလီးအလဲဗင်းဂျာနယ်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် လို့ သုံးနှုန်းရေးသားဖော်ပြထားကြောင်းပါ။
ခက်တာပဲ။ နာမည်ကြီး (ဧရာဝတီ) သတင်းဌာနရဲ့ ဘလော့ဂ်ကလည်း မြန်မာပြည်က နေ့စဉ်ထုတ် သတင်းစာကိုတောင် ပုံမှန် မလေ့လာဘူးလား။ အလာသတင်းမှာ အားလုံး ဖော်ပြပြီးပြီလေ။ ဘယ်သူတွေနဲ့ တွေ့တယ်၊ ဘယ်သူကြိုတယ် ကအစ။ သာမန်မြန်မာတစ်ယောက် အနေနဲ့ ကိုယ့်နိုင်ငံ အကြောင်း စိတ်ဝင်စားလို့ ဘက်မျှအောင် အစိုးရသတင်းစာကော၊ ပြည်ပက သတင်းဌာနတွေကော တက်အားသရွေ့ဖတ်ပါတယ်။ ပြည်ပရောက်၊ သတင်းဌာနတွေက သတင်းတွေကို သတင်းအဖြစ်နဲ့သာ ဖတ်တာ၊ တိတိကျကျ မျက်စိမှိတ်ယုံလို့ မရတာဟာ ဒီလို အဖြစ်အပျက်မျိုးတွေက သက်သေခံပါတယ်။ (တိကျခိုင်မာ ယုံကြည်ရတဲ့ သတင်းဌာနကြီး အဖြစ် တက်လှမ်းနိုင်ပါစေ။)
ReplyDelete(ကျော်ကျော်)
ပုံမှန်စာဖတ်သူ
မြန်မာပြည်မှာနေပြည်တော်မှာတင်ထုတ်တဲ့သတင်းစာဆိုပြီးမဲမဲတူးတူးအဖြူအမဲ
ReplyDeleteသတင်းစာထုတ်ပါတယ်.နေပြည်တော်ကထုတ်တဲ့သတင်းစာမှာတော့မတွေ့ပါ
ဘူး...မြန်မာ့အလင်းတို့.ကြေးမုံတို့မှာတော့ပါပါတယ်.နေပြည်တော်ကထုတ်
တဲ့မှုံဝါးဝါးသတင်းစာမှာတော့လုံးဝမပါပါဘူး...
ပျဉ်းမနားသား
This comment has been removed by a blog administrator.
ReplyDeleteကိုယ် အကျိုးလေးတွေလျှော့ပြီးတော့ ပြည်အကျိုးရှေ့ထားပြီး ပြည်သူတွေ စားဝတ်နေရေးချောင်လည်ပြီး အလုပ်အကိုင်ပိုရစေနိုင်တဲ့ စီးပွားရေးပိတ်ဆို့မှူ့တွေကို ပြည်လည်ရုတ်သိမ်းဖို့ ပြောပေးမယ်ဆိုရင်တော့ ကျေးဇူးတင်ပါတယ်
ReplyDeleteဒီကုလကိုယ်စားလှယ်ကော သူတို့ပို့နေကြဘုရား အပို့ခံလိုက်ရသေးလား။
ReplyDeleteWe,almost of Myanmar people, accept that Daw Aung San Su Kyi is our National hero.She has been sacrificing her life in Myanmar.Her speech is simple and wise.It is very different with you and your Junta group.Junta =cunning,brainless,selfish and foolish crook who bullies weak people
ReplyDeleteစီးပွားရေး ပိတ်ဆို. မှု့ထက် လာဘ်စား လာဘ်ထိုးမှု့တွေ ကို ကိုင်သွယ် ပေးနိုင်ရင် ပြည်သူတွေ အရမ်းစိတ်ချမ်းသာမှာပဲ ။ နိုင်ငံသားတိုင်း update ဖြစ်သော မှတ်ပုံတင် နှင့် ပါတ်စပို ကိုင်နိုင်ကြပါစေ
ReplyDeleteအောင်သောင်း အားကောင်းတုန်းအောင်းထား။ ဒီတခါ ခင်ဗျား အလှည့်ပါကွာ။ သူတပါးကို မကောင်းကျန်ရင် ကိုကိုယ်လည်းမကောင်းကျန်တဲ့လူ ရှိတယ် ဆိုတာမမေ့နဲ့ ဦး။ ခင်းဗျားက ကောင်းတစ်လုံးဘဲ ရှိပါတယ် အထဲက အဆံမရိ။ ခွေးခေါင်းနဲ့တောင် မလည်းဘူး။
ReplyDelete"ကိုယ် အကျိုးလေးတွေလျှော့ပြီးတော့ ပြည်အကျိုးရှေ့ထား"လို့ ပြောတဲ့
ReplyDeleteအကို ရေ ခင်ဗျားကကော ပြည်အကျိုးဘယ်နခါလုပ်ဘူးပါသလဲခင်ဗျာ.
အမေစု ထောင်နဲ့ နေအိမ်အကျယ်ချုပ်ထဲမှာ နှစ်တွေအများကြီး နေခဲ့ ရတာ သူတစ်ယောက်ထဲအကျိုးအတွက်လားခင်ဗျာ.သေချာသုံးသပ်ပြီးမှ comment
ေ၇း ပါဗျာ...မြန်မာ့ သတင်းစာထဲကလေသံမျိုး (ဖားမင်းဆွေ)လိုလူမျိုးအဖြစ်မခံချင်စမ်းပါနဲ့ .......
ဧရာဝတီမှ ဖော်ပြချက်ကိုစာရှုသူများ သေချာဖတ်ကြည့်ရင် တွေ့နိုင်ပါ တယ်၊ ရေးထားတာက နေပြည်တော်က မလိမ်မညာ လူမသတ်တဲ့ သတင်းစာ လို့ ဖော်ပြထားတာပါ၊ မြန်မာပြည်မှ သတင်းစာများလို့ မရေး ထားပါ၊ နေပြည်တော် မှသတင်းစာကို မဖတ်ဘူးလို့ မသိပါ၊ သို့သော် ပျဉ်းမနားသားပြောတဲ့တိုင်းဆိုရင်တော့ သတင်းမှာမဖော်ပြတာကို သိနိုင်ပါ တယ်၊ ဒါပေမယ့် သတင်းဌာနတစ်ခုအနေနဲ့ ကျော်ကျော်ပြောထားသလို နေ့စဉ်ထုတ်သတင်းစာတွေကိုတော့ သိထားသင့်ပါတယ်၊ ပါတဲ့သတင်းတွေ ကိုမဖော်ပြတော့ မလေ့လာထားတာလား၊ ဒါမှမဟုတ် သိထားပြီးမှ တမင် မဖော်ပြတာလား ဆိုတဲ့ အထင်မျိုးတော့ ပရိသတ်က ထင်မိတာပေါ့။
ReplyDeleteနေ၀င်းသေတုန်းက ရန်ကုန်က ကြေးမုံ၊ မြန်မာ့အလင်းမှာ နာရေးပါပေမယ့် ၊သန်းရွေရောက်နေတဲ့ မနလေးမှာ လုံးဝမထည့်ရလို့ ကြေးမုံ၊မြန်မာ့အလင်း version နှစ်မျိုးထုတ်ရတာကြုံဖူးတယ်။ ရန်ကုန်ကလူတွေ မနလေးထုတ် ကြေးမုံ၊ မြန်မာ့အလင်းသတင်းစာတွေဝယ်စုထားကြသေးတယ်။ ထူးဆန်းလွန်းလို့။ အခုလဲ အဲလိုဖြစ်မှာပေါ့။
ReplyDelete