Pages

Tuesday, February 15, 2011

လွတ်လပ်မှုနဲ့ တရားမျှတခြင်း


“လွတ်လပ်မှုနဲ့ တရားမျှတခြင်း ?” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပန်းချီပြပွဲတပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က Thavibu ဆိုတဲ့ ပြခန်းမှာ ဖေဖော်ဝါရီ ၁၉ ကနေ မတ်လ ၁၂ ရက်နေ့အထိ ပြသမှာဖြစ်ပါတယ်။

ပန်းချီဆရာကတော့ အသက် ၃၁ နှစ်အရွယ် Jittagarn ဖြစ်ပြီး သူ့ရဲ့ “People in power” ဆိုတဲ့ လူတွေရဲ့ စရိုက်ကို ဖော်ကျူးတဲ့ Portrait ပန်းချီကားတွေက ထင်ရှားပါတယ်။ အမေရိကန်နဲ့ ထိုင်းမှာ ပြပွဲတွေ မကြာခဏ လုပ်လေ့ရှိတယ်လို့ သိရပါတယ်။

ပန်းချီကားတွေကတော့ ပုံတူပန်းချီတွေဖြစ်ပြီး အဓိကက ထင်ရှားတဲ့လူတွေရဲ့ စရိုက်ကို ဖော်ကျူးတာဖြစ်ပါတယ်။ အများသော အားဖြင့်တော့ သူက နိုင်ငံရေးသမားတွေထဲက ကောင်းတဲ့သူတွေနဲ့ ဆိုးတဲ့သူတွေရဲ့ စရိုက်ကို ပေါ်လွင်အောင် ရေးဆွဲလေ့ ရှိပါတယ်။ အခု ပြသမယ့် ပန်းချီကားတွေထဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူ ပန်းချီကားလည်းပါဝင်ပါတယ်။

No comments:

Post a Comment