Pages

Tuesday, February 15, 2011

စစ်ရေးလေ့ကျင့်နေတဲ့ F - 16 လေယာဉ် ၂ စင်း ပျက်ကျ

အမေရိကန်မှ ဝယ်ယူထားသည့် ထိုင်းလေတပ်ပိုင် F - 16 တိုက်လေယာဉ်များ

မနေ့က ထိုင်းနိုင်ငံအလယ်ပိုင်း Chaiyaphum ပြည်နယ် အတွင်းမှာ F - 16 ဖိုက်တာ ဂျက် လေယာဉ် ၂ စင်း ရှေ့ဆင့်နောက်ဆင့် ပျက်ကျခဲ့တယ်လို့ သိရပါတယ်။ ဒီလေယာဉ်တွေဟာ အမေရိကန်နဲ့ ထိုင်း စစ်ရေးပူးပေါင်းလေ့ကျင့်နေတဲ့ ကော်ဘရာ ဂိုးလ် လေ့ကျင့်ရေး အစီအစဉ်မှာပါတဲ့ လေယာဉ်တွေ ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်က အမေရိကန်က ဝယ်ထားတဲ့ လေယာဉ်တွေ ဖြစ်ပါတယ်။ ဒေသခံတွေကတော့ ပေါက်ကွဲသံကြီး ၂ ခု ရှေ့ဆင့်နောက်ဆင့် ကြားလိုက်ရတယ်လို့ ဆိုပါတယ်။ လေယာဉ် ၂ ဆင်း ပျက်ကျတဲ့ နေရာတွေဟာ ကီလိုမီတာ အနည်းငယ်သာ ကွာဝေးပါတယ်။ လေယာဉ်ပေါ်မှာ ပါသွားတဲ့ လေယာဉ်မှူး ၂ ဦးကတော့ အသက်အန္တရာယ် စိုးရိမ်စရာ မရှိပါဘူး။ ဒါပေမယ့် ဘာကြောင့် အခုလို လေယာဉ်တွေ ပျက်ကျတယ်ဆိုတဲ့ အကြောင်းရင်းကို သေချာ မသိရ သေးတဲ့အတွက် ထိုင်းလေတပ်က အထူး စုံစမ်းစစ်ဆေးရေးတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

3 comments:

  1. အဲဒါ....ကေအန်ယူလက်ချက်...ကေအန်ယူလက်ချက်။
    {သန်းရွှေကြီး အော်သံသာဖြစ်ပါသည်။}

    ReplyDelete
  2. ပျက်ကျသွားတာ ကောင်းပါတယ်။မဟုတ်ရင် ကမ္ဘောဒီးယားကို ရန်စကျူးကျော်နေအုံးမယ်။အခုတောင် နယ်စပ်မှာ သံချပ်ကာတွေ ပို့ထားပြီးပြီ။
    ထိုင်းရဲ့အကျင့်က ဘေးနိုင်ငံတွေနဲ့ တစ်ခုခုဖြစ်ရင် လေတပ်ကို အဓိကထားပြီး ခြိမ်းခြောက်တိုက်ခိုက်လေ့ရှိတယ်။ကြည်းတပ် ရေတပ်က စွမ်းရည်သိပ်မ၇ှိဘူး။လေတပ်စွမ်းအားကောင်းတယ်။

    မြန်မာနိုင်ငံနဲ့ဖြစ်ရင်လည်း လေတပ်ကိုပဲ အဓိကထားပြီး တိုက်တတ်တာ ၂၀၀၂ က ဥပမာတစ်ခုပါပဲ။ဒါကြောင့် မြန်မာနိုင်ငံကလည်း လေတပ်ကို ခေတ်မှီအောင် တည်ဆောက်နေတာတွေ့ရတယ်။ကြည်းတပ်ချင်းကတော့ ယှဉ်စရာကိုမလိုဘူး။မြန်မာက အတွေ့ကြုံလည်းရှိ အသာစီးကရှိပြီးသားပါ။

    မြန်မာဗိုလ်ချုပ်တွေက အရင်တုန်းကအယူဆက မြေပြင်နိုင်ရင် စစ်နိုင်တယ်ဆိုပြီး ယူဆထားတဲ့အတွက် ကြည်းတပ်ကိုပဲ အားကိုးခဲ့တာ။စစ်ဖြစ်တာနဲ့ ကြည်းတပ်က ထိုင်းနိုင်ငံကို အလျင်မြန်သွားရောက် တိုက်ခိုက်သိမ်းပိုက်မယ်ဆိုတဲ့ စိတ်ကူးနဲ့ပေါ့။တကယ်လက်တွေ့မှာတော့ မြန်မာကြည်းတပ်တွေကို ထိုင်းနိုင်ငံလေတပ်က ဟန့်တားပစ်ခတ်ထားလို့ ဘယ်လိုမှ ထိုးစစ်ဆင်လို့မရဘူးဆိုတာ ၂၀၀၂ ကတည်းက မြန်မာဗိုလ်ချုပ်တွေ ကောင်းကောင်းသိသွားခဲ့တယ်။

    ဒါကြောင့် ထိုင်း F16 စွမ်းရည်ကို ယှဉ်နိုင်မယ့် အပြိုင်နွှဲနိုင်မယ့် ရုရှားလုပ် MIG-29 တွေကို ၀ယ်ခဲ့တာဖြစ်တယ်။အရင်က မြန်မာနိုင်ငံမှာ F-7 တရုတ်လုပ် အစီး ၅၀ လောက်လေးနဲ့ မြန်မာဗိုလ်ချုပ်တွေဟာ မိမိကိုယ်ကို အဟုတ်ကြီးထင်ပြီး နေနေခဲ့တာ။တကယ့်လက်တွေ့မှာ F-7 က F-16 ကိုမမှီဘူးဆိုတာ သိသွားတဲ့အခါမှ အသဲသန် MIG29 တွေကိုပြေးဝယ်ခဲ့တော့တာပါပဲ။

    အဲဒီအချိန်ကစပြီး ယနေ့ထိ ခေတ်မှီလက်နက်တွေတပ်ဆင် ထုတ်လုပ်နေတော့တာပါပဲ။အခုဆို လေတပ်သာမက ကြည်းတပ်ကနေ ပစ်လို့ရတဲ့ တာဝေးပစ် မစ်ဇိုင်းတွေတပ်ဆင်လာနိုင်တာတွေ့ရတယ်။တစ်ပြိုင်တည်း ရေတပ်မတော်ကိုပါ ထပ်မံ တည်ဆောက်တိုးမြှင့်လာတယ်။ရေတပ်ကို တိုးမြှင့်လုပ်လာတာကတော့ ဘင်္ဂလားဒေ့ရှ်ရဲ့ကျေးဇူးကြောင့်လို့ ပြောနိုင်တယ်။ ကျန်တဲ့ လေတပ် တွေကတော့ ထိုင်းရဲ့ကျေးဇူးလို့ပြောရမှာပဲ။သူတို့တွေရဲ့ ကျေးဇူးကြောင့် ၀ါးလုံးခေါင်းထဲ လာသာနေတာကနေ အခုတော့ ရုန်းထွက်နိုင်ခဲ့ပြီဖြစ်လို့ ထိုင်း ဘင်္ဂလားဒေ့ရှ်တွေကို ကျေးဇူးတင်ရမလိုဖြစ်နေပါပြီ။


    မောင်ပေါက်

    ReplyDelete
  3. နောက်ဆုံးရသတင်း

    နအဖ ရဲ့  လောက်စာလုံးမှန်လို့ ဖြစ်ပါတယ်ဟု

    နှစ်ဖက်ချွန် သတင်းရပ်ကွက်မှ ကြားသိရပါတယ်

    ReplyDelete