Pages

Monday, February 21, 2011

တပ်ချုပ် သန်းရွှေ ခွေးကြီး သေပြီ

ဒီဓာတ်ပုံကို ဒီက ယူပါတယ်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အိမ်မှာမွေးထားတဲ့ ခွေးကြီး သေသွားပြီလို့ ခိုင်လုံတဲ့သတင်းရပ်ကွက်က ကြားသိ ရပါတယ်။

ခွေးကြီးဟာ အူယောင်ငန်းဖျားရောဂါ အပြင်းအထန် ခံစားရပြီး သေသွားတာဖြစ်တဲ့အကြောင်း၊ အသက် ၈၀ နား နီးကပ်နေပြီဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မသေဘဲ ခွေးကြီးက အစား သေသွားရတာ ဖြစ်တဲ့အတွက် အလွန် ဝမ်းနည်း ကြောင်း အမည်မဖော်လိုသူ နေပြည်တော် စစ်ဘက် အသိုင်းအဝန်းက ပြောဆိုနေကြပါတယ်။

ယတြာသဘောအရ ဆိုရင်လည်း အိမ်တအိမ်က ခွေး သေသွားတာဟာ အဲဒီအိမ်က လူတွေအတွက် ကောင်းတယ်။ သေစရာရှိတဲ့သူတွေ မသေနိုင်တော့ဘူး လို့ ယူဆနေသူတွေလည်း ရှိပါတယ်။

“တကယ်ဆိုရင်ပေါ့နော် ... ခွေးက အစားအသေခံသွားရတာ ပေါ့နော်။ ခွေးမသေဘဲ တပ်ချုပ်ကြီးပဲ သေသင့် တာပေါ့နော်။ ခွေးဆိုတာက တနည်းနည်းနဲ့ အိမ်လုံတယ်၊ အသုံးဝင်တယ်လေ။ အခုလို ခွေးက အစား ဝင်သေပေး သွားတာကြောင့် ... အရမ်း အရမ်းကို ဝမ်းနည်းရပါတယ်” လို့ အမည်မဖော်လိုသူ ကိုတာတေက ပြောပါတယ်။

တပ်ချုပ်ကြီးရဲ့ ခွေးကြီးဟာ ဘာခွေးအမျိုးအစား ဖြစ်တယ်ဆိုတာကိုတော့ အခုထိ မသိရသေးပါဘူး။ သိတဲ့သူရှိရင် ဧရာဝတီကို အကြောင်းကြားပေး စေလိုပါတယ်။

လေ့လာသူတွေနဲ့ တပ်ချုပ်ကြီးအရေး ကျွမ်းကျင်သူတွေကတော့ တပ်ချုပ်ကြီးအိမ်က ခွေးဟာ “ခွေးဘီလူး” ပဲ ဖြစ်လိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

ရန်ကုန်သားတာတေ

5 comments:

  1. as soon as ... than shwe n kyaing kyaing also going to die [ CAR ACCIDENT ]..pl wait n see ... pl believe it ...sure 100%

    ReplyDelete
  2. ဒုတိယ ဟစ်တလာလားမသိဘူး။ ခွေးချစ်တယ်နဲ့တူတယ်။

    ReplyDelete
  3. Most r alsatian.He should deserve wut she did.B ez men.His day is comin soon.

    ReplyDelete
  4. ခွေးအစစ်ကိုပြပါ ဆိုတဲ့ပုံကို ခွေးသာစကားပြောတတ်ရင် သန်းရွှေနဲ့တော့မနှိုင်းပါနဲ့ဗျာ ခွေးသိက္ခာကျတယ်လို့ပြောပါလိမ့်မယ်။

    ReplyDelete
  5. WHICH ONE DOG ? PLEASE SHOW ME ..LEFT OR RIGHT?.THANKS

    ReplyDelete