Reuters Picture - A man begs in central Yangon February 20, 2011.
ရန်ကုန်က တောင်းရမ်းသူတဦး တဲ့
ဈေးဦးပေါက်သေးပုံ မပေါ်။
သူတောင်းစားက ယူနီဖောင်း မလို
သူ့ဖိနပ်က သူ့ထိုင်ခုံ
သူ့ဦးထုပ်က ငွေလက်ခံရာဌာန။
အခွန်ဆောင်/ရှောင်စရာ မလိုတာ သူ့ အားသာချက်
ရွှေ့ပြောင်း လုပ်ကိုင်နိုင်တာ အားသာချက်
သနားတတ်သူတို့နိုင်ငံမှာ လူဖြစ်တာကလည်း အားသာချက်။
ဂုဏ်သိက္ခာ နည်းလွန်းတာက သူ့ အားနည်းချက် ဖြစ်မယ်။
ဒါပေမယ့် ရုံးထိုင်သူတောင်းစားထက်တော့ ဂုဏ်သိက္ခာ ရှိမယ် ထင်ပါရဲ့။
Actually, he has a better status than international beggars with proposal cups, right????
ReplyDeleteအပိတ်စာသားလေး သိပ်သဘောကျတယ်ဗျာ။ ဒါပေမယ့် တောင်းတားခြင်းတူသည့်တိုင် ပုံထဲက အဘိုးက အများကြီးသာပါတယ်ဗျာ။ ကံမကောင်းလို့ ဒီဘ၀ရောက်သည့်တိုင် ဘာဥပဒေမှမချိုးဖောက်တဲ့အပြင် သူရတဲ့ ပိုက်စံက စေတနာသန့်သန့်နဲ့ပေးလို့ရတဲ့ပိုက်စံပါ၊ ယူနီဖောင်းအစိမ်းနဲ့ သူတောင်းစားတွေလို မသဌာရေစာ စားနေတာမဟုတ်ပါဘူး။ ဒါကြောင့် ဥပဒေချိုးဖောက်သူတောင်းစားလုပ်နေတာကို ဂုဏ်ယူစရာကြီး တစ်ခုလိုလုပ်ပြီး လူကြားထဲမှာ လက်မထောင်နေတဲ့ ယူနီဖောင်းဝတ်သူတောင်းစားတစ်သိုက်ထက် ဒီအဖိုးကို ကျွန်တော်အများကြီးလေးစားတယ်။
ReplyDeleteကောင်းလိုက်တဲ့စာသားလေးတွေဗျာ။
ReplyDeleteတကယ်ပါ။တော်တယ် ။
ရုံထိုင်ပြီတောင်းစားသူတွေထက်တော့
ဒီသူတောင်စားကအများကြီသာပါတယ်ဗျ။။။။
ဒါဟာ ကဗျာလည်း ဖြစ်တယ်လေ။ ခေါင်းစဉ်ကို သူတောင်းစား ၂မျိုးလို့  ပေးသင့်ပါတယ်။
ReplyDeletethe photo is very good.
ReplyDeletethe caption in burmese is also very good.
cheers!
zaw myo aung
တကယ်ထိမိတဲ့ နှိုင်းယှဉ်ချက်ပါပဲ ။
ReplyDeleteယူနီဖေါင်းဝတ် လိုင်စင်ရ သူတောင်းစားကြီးများ ၊
ရှက်တတ်ရင် လဲသေဖို့ပဲကောင်းပါတယ် ။
အတွေးများများဖြစ်စေတဲ့ စာတွေ ၊ ပုံတွေ ၀က်စာမျက်နှာပေါ် တင်နိုင်လေလေ ကျွှန်တော်တို့စာဖတ်သူတွေ စိတ်ဓါတ်မြင့်တာ များလာလေလေ ပေါ့ဗျာ ။ ကောင်းပါတယ် ။
ReplyDeleteဒီမိုကရေစီအကြောင်းပြ ပြည်သူကိုအကြောင်းပြပြီး တောင်းစားနေတဲ့သူတွေထက် ဒီသူတောင်းစားက ပိုဂုဏ်ရှိပါတယ်။
ReplyDeleteကိုဇာဂနာရဲ့ သူတောင်းစားညီလာခံက ပြက်လုံးကို ဖူးကော်ပီနဲ့ လူတတ်ကြီး လုပ်ထားတာကိုများ ဗဟုသုတနည်းတဲ့ မသိနိုးနားတွေက ထောပနာကြတာ ရှက်စရာ ....
ReplyDeleteဂုဏ်သိက္ခာနည်းလွန်းတာက သူ့အားနည်းချက်ဆိုတဲ့ စာသားက အားနည်းသူကို လှောင်ပြောင် စော်ကားရာရောက်ပါတယ်။ သူတောင်းစားက အသက်လည်း ကြီး ပါပြီ။ ဘယ်သူ တောင်းစားချင်မှာတုန်း
ReplyDeleteနိုင်ငံရေးခုတုံးလုပ်ပြီးတောင်းစားနေတဲ့ပြည်ပရောက်ဒီမိုသူတောင်းစား ဆိုတာလဲရှိသေးတယ်။
ReplyDelete