မြန်မာပို့စ်က ရှေ့လထဲ နောက်တစောင် တိုးချဲ့မယ် တဲ့။
အထက်ကကြော်ငြာမှာ ကြည့်ပါ။
အောက်ပုံကတော့ လက်ရှိ ထုတ်နေတဲ့ ဂျာနယ်ပါ။
အထက်ကကြော်ငြာမှာ ကြည့်ပါ။
အောက်ပုံကတော့ လက်ရှိ ထုတ်နေတဲ့ ဂျာနယ်ပါ။
အသစ်မှာ ထူးတာ ၂ ခု ရှိတယ်။
၁။ အဟောင်းအတိုင်း အမည်ပေးထားတယ်။ မြန်မာပို့စ် တဲ့။
၂။ ဂလိုဘယ် ဆိုတဲ့ စကားလုံး ကပ်ထည့်ထားတယ်။
ဖေဖော်ဝါရီ ၂၃ ရက်နေ့ထုတ် မြန်မာပို့စ်မှာတော့ ကြော်ငြာတွေအပါအ၀င် စာမျက်နှာ ၄၀ ရှိတယ်။ မီဒီယာအဖွဲ့တဖွဲ့က တပတ်ကို ၂ ကြိမ် စာစောင်ထုတ်မယ် ဆိုတာဟာ အခွင့်အရေးရရင် နေ့စဉ် သတင်းစာ ထုတ်ဖို့ အသင့်ပြင်ထားတဲ့သဘော ဖြစ်ပါလိမ့်မယ်။
တခြားတိုက်တွေကလည်း လုပ်ကြပါတယ်၊ ဥပမာ
- အလဲဗင်းက Weekly Eleven နဲ့ Biweekly Eleven ဆိုပြီး တပတ်ကို သတင်းဂျာနယ် ၂ စောင် ထုတ်တယ်။
- ရန်ကုန်က ရန်ကုန်တိုင်းမ် နဲ့ FLOWER NEWS ဆိုပြီး ၂စောင်။
၂ စောင်ထုတ်တော့ သတင်းထူးတွေကို ဂျာနယ်ထဲ ထည့်ဖို့ ရက် အများကြီး စောင့်စရာ မလိုတော့ဘူးပေါ့။
မြန်မာပို့စ်က အလဲဗင်းနဲ့ တူတာ တခု ရှိတယ်။ အမည်ပေးပုံ။
အလဲဗင်းက သူ့သတင်းဂျာနယ် ၂ စောင်ကို ဆင်တူနီးပါး အမည်ပေးထားတယ်။
မြန်မာပို့စ်ကတော့ လုံးဝ ဆင်တူ ပေးလိုက်တယ်။ စာလုံးပုံစံလည်း မပြောင်းဘူး။ The Myanmar Post ဆိုတဲ့ အင်္ဂလိပ်စာလုံးပုံစံလည်း မပြောင်းဘူး။ ဒီ ၂စောင်စလုံး ဒီတိုက်က ထုတ်တယ်လို့ ပရိသတ်ကို ပြောလိုက်တာပါ။ ကိုယ့်ရဲ့ လိုဂို ကိုလည်း စာဖတ်သူတွေ မှတ်မိသွားမှာပါ။
(သူတို့ရဲ့ ၀က်ဆိုက် http://www.themyanmarpost.com/ မှာ ဒီတပတ်ထုတ် ဂျာနယ်ကို PDF ဖိုင်နဲ့ တင်ထားပါတယ်။ အခမဲ့ ယူဖတ်နိုင်ပါတယ်။ ဖိုင်အရွယ်အစား 7.65 MB ရှိပါတယ်။ ညာဘက်ကော်လံမှာပါ။)
No comments:
Post a Comment