Pages

Wednesday, March 9, 2011

ရယ်စရာ ပဟေဠိ အမှတ် ၀၀၁


မေးခွန်း - အစိုးရသစ်အတွက် ၀န်ကြီး ၃၀ စာရင်း ထုတ်ပြန်ထားတယ်။ အမျိုးသားတွေချည်းပဲ။ အမျိုးသမီး တဦးမှ မပါတာ ဘာကြောင့်လဲ။
သဲလွန်စ - ဘောင်းဘီ
အဖြေ - ???

မေးခွန်း - ဖွဲ့မယ့် အစိုးရသစ်မှာ အမျိုးသမီး မလိုအပ်ဘူး တဲ့။ ဘာကြောင့်လဲ။
သဲလွန်စ - စစ်မှန်တဲ့အာဏာ
အဖြေ - ???

ဖြေချင်တာ၊ ပြောချင်တာ ရှိရင် comment ပေးထားပါ။ အဖြေတွေကို မနက်ဖြန် မနက် တင်ပါမယ်။

19 comments:

  1. အမျိုးသမီးတွေပါရင်သူတို့ဝတ်ထားတဲ့လုံချည်နဲ့အမျိုးသမီးတွေဝတ်ထားတဲ့လုံချည်တွေမှားကုန်ပြီးသူ့လူကိုယ့်လူခွဲခြားရခက်မှာစိုးရိမ်လို့ထင်ပါတယ်။

    ReplyDelete
  2. အဖြေမှန်၇င် ဘာဆု ၇မလည်း

    အမျိုးသမီး တဦးမှ မပါတာ ဘောင်းဘီ ကြောင့်ပါ
    အစိုး၇ ၀န်ကြီး ၀တ်စားပုံ ပြောင်းနိုင်တယ်လေ
    ချိတ်လုံချည်ကနေ ဘောင်းဘီတို ၀တ်ကြပါ ဆိုပြီး
    အမျိုးသမီး တွေက ဘောင်းဘီတို နဲ့ ဆို မြန်မာယဉ်ကျေးမှု နဲ့  မကိုက်ညီညီဘူး ဆိုပြိး သူတို့ က အမျိုးသားတွေကိုဘဲ ခန့် ဖို့  စိတ်ကူးတာပါ

    နောက်မေးခွန်းတော့ မဖြေတတ်ဘူး ဟီးဟီး နက်ဖန်မှ စောင့်ဖတ်မယ်လေ

    ReplyDelete
  3. အိမ်မှာလဲမိန်းမကိုကြောက်နေရတယ်..ရုံးမှာလဲအမျိုးသမီးတွေကိုကြောက်နေရမယ်ဆိုရင်လုံချည်ဝတ်ထားတဲ့သူချင်းအတူတူကြောက်ရလွန်းလို့နေစရာနေရာမရှိမှာစိုးရိမ်လို့ထင်ပါတယ်။

    ReplyDelete
  4. အဖြေ (၁) ၀န်ကြီးပါဆိုမှတော့ ယောက်ျားပေါ့ ၀န်ကြီးမ ဆိုရင်တော့ မိန်းမခန့်မှာပေါ့ နောက်ပြီး နေပြည်တော်က ၀န်ကြီးရုံးတွေမှာ ယောကျာ်းအိမ်သာတွေဘဲ ဆောက်ထားမိတာကိုး

    အဖြေ (၂) အစိုးရအဖွဲ့ထဲ မိန်းမပါနေရင် ဘဲအုပ်က တစ်ရာနှစ်ရာ မဗေဒါက တစ်ပင်တည်း ဘယ်လက်လည်မလဲလို့...

    ReplyDelete
  5. အမျိုးသားမဟုတ် အမျိုးသမီးလည်းမဟုတ် ဖားတပိုင်း ငါးတပိုင်း အစိုးရဖြစ်နေပြီဘဲလေ... ကျားမခွဲနေစရာမလိုတော့ပါဘူး

    ReplyDelete
  6. ၁.ယောင်္ကျားတွေချည်းဘဲဖြစ်နေလို့ ၂.အဲဒီလူတွေကထမိန်ဝတ်ပြီးသားဖြစ်နေလို့

    ReplyDelete
  7. နဝတ ..နအဖ အုပ်ချုပ်ရေးဆိုတာက စစ်တပ်က ဘဲ မောင်ပိုင်စီးအုပ်ချု ပ်နေတာလေ..အောက်ခြေဝန်ထမ်းက အစ သမ္မတအဆုံး စစ်ယူနီဖောင်းဝတ်တွေချည်းဘဲဆိုတော့ မိန်းမဆိုတာ စစ်သားမဟုတ်လို့ အုပ်ချုပ်ေ၇းမှာ မလိုအပ်ပါဘူး

    ReplyDelete
  8. ဖွဲ့ စည်းမဲ့ အစိုးရသစ်မှာ အမျိုးသမီး မလိုအပ်ဘူးဆိုတာ..ခုဖွဲ့ စည်းလိုက်တဲ့လွတ်တော် အစိုးရသစ်ဟာလည်း ဒီမိုကေ၇စီ အစိုးရမဟုတ်လို့ ပါဘဲ.

    ReplyDelete
  9. Because of the true power is in the hands of madam kyine.

    ReplyDelete
  10. because of they wear women longyi.

    ReplyDelete
  11. အဲဒီ ဝန်ကြီးတွေအကုန်လုံးက မိန်းမတပိုင်း ယောက္ကျားတပိုင်းဖြစ်နေပြီလေ
    ချိတ်ထမီတွေ ဝတ်နေပြီဆိုတော့ ဘယ်သူဘဲခန့်ခန့် အတူတူပဲ

    ReplyDelete
  12. ဟား... ဟား... သူတို့ မိန်းမတွေထဲမှာ ဝန်ကြီးခန့်လောက်အောင်တော်တဲ့သူ မရှိလို့ပါ...

    ReplyDelete
  13. အဖြေ (၁)
    အမျိုးသမီး တဦးမှ မပါတာ ဘာကြောင့်လဲ..
    သဲလွန်စ က ဘောင်းဘီ..တဲ့လား..
    ဘောင်းဘီ..ဘောင်းဘီ..အမျိုးသမီးဘောင်းဘီ...
    အမျိုးသမီးအတွင်းခံဘောင်းဘီ..အီ..အီ..အမလေး...
    တမရွက်ပြုတ်စော်..အနံ ရမှာစိုးလို့ ကိုး..ဟိုး..ဟိုး..ဟိုး။

    အဖြေ (၂)
    အမျိုးသမီး မလိုအပ်ဘူး..
    သဲလွန်စ က စစ်မှန်တဲ့အာဏာ..တဲ့လား။
    နှုတ်ခမ်းနီတတောင့်၊မိတ်ကပ်တစ်ဗူး နဲ့ လဲလိုက်မှာစိုးလို့ ဟေ့..။

    ReplyDelete
  14. အဟက်.....စိတ်ဝင်စားတယ်၊ဖြေမယ်နော်-
    (1)သဲလွန်စကဘောင်းဘီဆိုတော့ အဖြေက-အရှင်းကြီးပါ ထမီတွေဝတ်ကြတော့မှာဆိုတော့ ဟိုမိန်းမလည်းထမီ ငါတို့လည်း ထမီတွေဟဆိုပြီး အဖြစ်မခံချင်လို့။
    (2) စစ်မှန်တဲ့အာဏာဆိုတော့ စစ်သားမှန်မှပဲ အာဏာဆက်ရမယ်လို့သိစေအပ်တယ်။ဒါကြောင့်မိန်းမ မလိုလေ၊ အဟက်ဟက်...။

    ReplyDelete
  15. (၁) ကြေငြာစာရင်းမှာသာ အမျိုးသား ၃၀ ပါ.. အပြင်မှာ ချိတ်ထမီဝတ်တယ့် အမျိုးသမီးကြီးတွေ ဖြစ်နေလို့ပါ....
    (၂) အစိုးရသစ်ဆိုတာလည်း စစ်တပ်ကမှန်အောင်ပြစ်ထားတယ့် တားကတ် တခုမလို့ပါ

    ReplyDelete
  16. အဖြေ(၁)ဘောင်းဘီချွတ်ထားပြီး ထဘီဝတ်ထားသူများသာ ပါဝင်ရမည်လို့သတ်မှတ်ထားသောကြောင့်ဖြစ်မည်။
    အဖြေ (၂)အမျိုးသမီးများကို စာရင်းပြရန်မလိုပါ။ ပါဝင်ပြီးသားဖြစ်ပါသည်။ စစ်မှန်သောအာဏာကို ထိုသူတို့ဧ။်နောက်ကွယ်မှ အသုံးပြုလိမ့်မည်။

    ReplyDelete
  17. အမျိုးသမီးတွေက စစ်ဘောင်းဘီးမ၀တ်ခဲ့ဖူးလို့ပါ

    ReplyDelete
  18. စစ်သားမှန်မှအဏာရမယ်ဆိုတော့အမျိုးသမီးတွေက စစ်သားမှမဟုတ်တာ

    ReplyDelete
  19. စစ်မှန်တဲ့ အာဏာဆိုတာ.. ဒီငတိတွေက မိန်းမခိုင်းတာလုပ်ရနေရတော့ ဘယ်လိုလုပ် မိန်းမလိုတော့မှာလဲ တကယ် အုပ်ချုပ်နေတာ သူတို့မိန်းမတွေလေ

    ReplyDelete