ပဟေဠိ စိတ်ဝင်စားသူများ၊ ဉာဏ်ရည် စစ်ဆေးလိုသူများ၊ ရယ်မောလိုသူများအတွက် မေးခွန်းတွေ အခါအလားလျော်စွာ လာပါလိမ့်မယ်။ ဖြေရ လွယ်ကူအောင် (ဒါမှမဟုတ် ပိုပြီး ခက်ခဲအောင်) သဲလွန်စလည်း ထည့်ပေးပါမယ်။
အဖြေ(တွေ)ကို နောက်တနေ့ တင်ပေးမှာ ဖြစ်တဲ့အတွက် ဒီ ဘလော့ကို ပြန်လာကြည့်တဲ့အခါ ကိုယ်ဖြေထား၊ ထင်ထားတာနဲ့ တူ မတူတွေ့ရမှာပါ။
ဥပမာ -
အမေး - ဗိုလ်ချုပ်ကြီးတို့က ကင်မ်အဲရစ် (ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား) ကို ဘာကြောင့် ပြည်ဝင်ခွင့် ပြုခဲ့သလဲ။
သဲလွန်စ - ဘော်ဒါကဏ္ဍ
အဖြေ - မြောက်ကိုရီးယား ခေါင်းဆောင်တွေနဲ့ နာမည်ချင်း ဆင်တူယိုးမှား ဖြစ်လို့ ခွင့်ပြုခဲ့တာပါ။
ဒါက နမူနာ အမေး အဖြေပါ။
စာဖတ်သူတွေရဲ့ အဖြေက ပိုပြီး မှန်ကန်၊ ပိုပြီး ဟာသမြောက်နိုင်ပါတယ်။
မေးခွန်း ၂ ခု ဒီနေ့ တင်လိုက်ပါပြီ။ ဖြေကြည့်ပါဦး။
No comments:
Post a Comment