Pages

Tuesday, June 21, 2011

ဒေါ်အောင်ဆန်းစုကြည် ကွန်ရက်စာမျက်နှာ


လူအခွင့် အရေးတွေကို​ လေးစား​ တန်ဘိုးထားတဲ့အပေါ်မှာ​ အခြေခံတဲ့ ကမ္ဘာတစ်ခု ကျမတို့ ကြိုးပမ်းတည်ဆောက်တဲ့နေရာမှာ လူတွေကြား အပြန်အလှန် ဆက်သွယ်ရေးကိစ္စဆိုတာ သိပ်ကို အရေးကြီးလှပါတယ်။ လူတွေအားလုံးရဲ့ ငြိမ်းချမ်းရေး​၊​​ တရားမျှတရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွေ​ ခိုင်မာစေဘို့အတွက် ကျမတို့ အင်အားစုတွေအားလုံး ပေါင်းစည်းကြရပါမယ်။ လူတွေရဲ့​ စိတ်ကူးစိတ်သန်းတွေ အတွေးအခေါ်အယူအဆတွေကို​ အပြန်အလှန် ဖလှယ်ကြဘို့ ဒီဝက်ဆိုဒ်ဟာ အထောက်အကူပြုလိမ့်မယ်


ဒါကတော့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာ ကွန်ရက် ဝက်ဘ်ဆိုဒ် စာမျက်နှာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစကားပါ။

ဒီဝက်ဘ်ဆိုဒ်ကို တော်တော်များများလည်း သိပြီး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ တရားဝင် စဖွင့်တယ်လို့ ဆိုပါတယ်။ မသိသေးသူများအတွက် လက်တို့တာပါ။ ဆောင်းပါး၊ သုတေသနစာတမ်းအပြင်၊ ဆွေးနွေးခန်း ဖိုရမ်လည်း ရှိပါတယ်။ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာရှိပြီး မြန်မာပိုင်းအတွက် ဧရာဖောင့်ကို သုံးထားတာ တွေ့ရပါတယ်။

အကဲဆတ်တတ်သူတွေအတွက်ကတော့ သတ်ပုံသတ်ညွှန်းတွေ သည်းခံဖတ်ဖို့တော့ လိုပါလိမ့်မယ်။

No comments:

Post a Comment