Pages

Tuesday, June 21, 2011

ဘန်ကောက်ပို့ စ်ကို ရန်ကုန်မှာ ဆင်ဆာဖြတ်ပြီ

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကာလမှာ သူ့အကြောင်း မီဒီယာတွေက ဦးစားပေး ဖော်ပြကြတယ်။ ဘန်ကောက်ပို့စ်လည်း ပါပါတယ်။
ဇွန် ၁၉ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် ရန်ကုန်မှာ ဖြန့်တော့ အတွင်းစာမျက်နှာ တချို့ ဆင်ဆာ ဖြတ်ခံရပြီးမှ စာဖတ်သူတွေဆီ ရောက်တယ် တဲ့။ 


အဖြတ်ခံရတဲ့ စာမျက်နှာတွေကို ဘန်ကောက်ပို့စ် အွန်လိုင်း စာမျက်နှာမှာ ဖတ်နိုင်ပါတယ်။


အများပြည်သူ ဖတ်ရှုဖို့ မသင့်တော်လို့ သို့မဟုတ် တို့တာဝန်အရေး၎ပါးနဲ့ ငြိစွန်းလို့ နိုင်ငံတော်က မလွှဲမရှောင်သာ ဖြတ်နေရတာလို့ သိရပါတယ်။


ဘန်ကောက်ပို့စ်မျက်နှာဖုံးမှာ အဲဒီဆောင်းပါးကြော်ငြာ ပုံနဲ့တကွ ပါပေမယ့် အဲဒီပုံကို မဖြတ်ပါဘူး။
ပြီးတော့ ဒါမျိုး နောက်မရေးဖို့ ဘန်ကောက်ပို့စ်ကို သတိပေးတာမျိုးလည်း မလုပ်ပါဘူး။
ဒါတွေဟာ နိုင်ငံတော်ရဲ့ သဘောထားကြီးမှုတွေ မဟုတ်လား)



ဘန်ကောက်ပို့စ် မျက်နှာဖုံး
ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ ဘေးမှာ Spectrum ကဏ္ဍ စာမျက်နှာ ၈ - ၁၁  လို့ ရေးထား၊ ညွှန်းထားပါတယ်။

ဒီတပတ် Spectrum ကဏ္ဍ မျက်နှာဖုံး။
ဒီကဏ္ဍက သတင်းစာဆိုဒ်ရဲ့ ထက်ဝက်ပဲ ရှိတယ်။ အကြီးကြီး မဟုတ်။ ကိုင်ပြီး ဖတ်လို့ ကောင်းတဲ့ အရွယ်အစား။ တနင်္ဂနွေနေ့ထုတ်မှာ ပါတဲ့ ကဏ္ဍ။ မြန်မာပြည်အကြောင်း ဆောင်းပါးရှည်တွေ မကြာခဏ ပါလေ့ရှိ။

No comments:

Post a Comment