Pages

Friday, July 1, 2011

လစ်သူယေးနီးယားက ပွဲ


ဥရောပ နိုင်ငံတခု ဖြစ်တဲ့ လစ်သူယေးနီးယားနိုင်ငံမှာ ဇွန်လ ၃၀ ရက်နေ့က ကျင်းပခဲ့တဲ့ လူထုအခြေပြု ဒီမိုကရေစီ အဖွဲ့များ ဝန်ကြီးအဆင့် အစည်းအဝေးကို ကျင်းပပြုလုပ်ပါတယ်။ အဲဒီပွဲကို မြန်မာနိုင်ငံ လူထုအခြေပြုအဖွဲ့များ ကိုယ်စားပြုပြီး ပြည်ပအခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်ရဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက တက်ရောက်ခဲ့ပြီးတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ လစ်သူယေးနီယားနိုင်ငံခြားရေး ၀န်ကြီးတို့ကို မြန်မာ့နိုင်ငံအခြေအနေနဲ့ ပတ်သက်ပြီးတော့ ပြောပြခဲ့ပါတယ်။

အဲဒီအစည်းအဝေးကိုနိုင်ငံပေါင်း ၁၀၀ ကျော်က ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပေ့မယ့် အမေရိကန်နီုင်ငံခြားရေး ၀န်ကြီးကတော့ ကိုယ်စားလှယ် ၁၂ ယောက်နဲ့ပဲ တွေ့ဆိုခဲ့တာပါ။

အဲဒီပွဲကို ဒေါ်အောင်ဆန်းစုကြည်ကလည်း ဗွီဒီယိုဖိုင်ကနေပြီးတော့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အဲဒီမိန့်ခွန်းမှာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလူထု အဖွဲ့အစည်းသို့ မကြာခင် ရောက်မယ်လို့ မျှော်လင်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

သူ နေအိမ်အကျယ်ချုပ်ကိုလွတ်မြောက်တဲ့ အချိန်မှ လစ်သူနီးယားနိုင်ငံက လူထုအခြေပြု ဒီမိုကရေစီ အဖွဲ့များ ဥက္ကဋ္ဌတာဝန်ယူထားတာကလည်း နိမိတ်ကောင်းတခုဖြစ်တယ်လို့လည်း ဆိုပါတယ်။ (သတင်းအပြည့်အစုံ ဖတ်ရန်)

(ဓာတ်ပုံ - ဒေါ်ခင်ဥမ္မာ)

No comments:

Post a Comment