Pages

Friday, July 1, 2011

ဧရာဝတီ သောကြာစကားဝိုင်း ရပ်ပြီ

၂ နှစ်နီးပါး တင်ဆက်ခဲ့တဲ့ ဧရာဝတီ သောကြာစကားဝိုင်း ဒီနေ့ကနေ စတင်ရပ်နားပြီ ဆိုတဲ့အကြောင်း ပရိသတ်ကို အသိပေးလိုပါတယ်။ ဧရာဝတီသောကြာ စကားဝိုင်းကနေ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အနုပညာ စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးပွဲ ပုံစံနဲ့ တင်ဆက် ပေးခဲ့တာပါ။ သောကြာစကားဝိုင်း တင်ဆက်ခဲ့ပြီး မကြာခင်မှာပဲ ဧရာဝတီ ဝိုင်းတော်သားများရဲ့ တိုးချဲ့တဲ့ ရုပ်/ သံ အစီအစဉ်တွေကို ထပ်မံ တင်ဆက် နိုင်ခဲ့ပါတယ်။

များပြားလာတဲ့ တင်ဆက်မှုတွေနဲ့အတူ မူရင်းရှိခဲ့ပြီးဖြစ်တဲ့ ဝက်ဘ်ဆိုက် စာမျက်နှာပေါ်က ကဏ္ဍစုံ၊ ထပ်မံတိုးချဲ့ခဲ့တဲ့ ဧရာဝတီ ဘလော့ဂ် စသည်ဖြင့် ဝေဝေဆာဆာ ဖော်ပြ တင်ဆက်ရာမှာ လစ်ဟင်းမှု၊ အားနည်းချက်တွေ နည်းနိုင်သမျှ နည်းစေဖို့ ဧရာဝတီ ဝိုင်းတော်သားတွေ အားလုံး ဝိုင်းဝန်းကြိုးစား နေဆဲ ဖြစ်ပါတယ်။

လက်ရှိ ရှိပြီးဖြစ်တဲ့ အစီအစဉ်တွေကို အားနည်းချက် နည်းနိုင်သမျှ နည်းစေဖို့နဲ့ လစ်ဟာနေတဲ့ တချို့ လိုအပ်ချက်ကလေးတွေ ပိုမို ဖြည့်ဆည်းပြီး ကျစ်ကျစ်လျစ်လျစ်ရှိတဲ့ အစီအစဉ်တွေကို စဉ်ဆက်မပြတ် တင်ဆက်နိုင်ဖို့အတွက် တချို့ တချို့သော အစီအစဉ်နဲ့ ဖောင်းပွနေတဲ့ ကဏ္ဍတချို့ကို ရပ်နားဖို့ လိုအပ်လာပါတယ်။

ရုပ်သံ အစီအစဉ်များအနေနဲ့ Dateline Irrawaddy၊ Face to Face (Irrawaddy)၊ ဧရာဝတီ ရုပ်/ သံ သတင်းဆောင်းပါး အစီအစဉ်တွေကို ပိုမို အားဖြည့် တင်ဆက်မှာ ဖြစ်တဲ့အတွက် ဧရာဝတီ သောကြာစကားဝိုင်းကို ရပ်နားလိုက်တာ ဖြစ်တဲ့အကြောင်း ဧရာဝတီပရိသတ်ကို အသိပေးလိုပါတယ်။

No comments:

Post a Comment