Pages

Friday, August 19, 2011

သတင်းထောက်များ လွှတ်တော်တွင်း သွားလာခွင့် ကန့်သတ်မည်


~




စည်သူ

သြဂုတ်လ ၂၂ ရက်တွင် ပြန်လည် ကျင်းပမည့် ဒုတိယအကြိမ်
လွှတ်တော် ပုံမှန်အစည်းအဝေးမှာ သတင်းယူမည့် သတင်းထောက်များ၏ လွှတ်တော်အတွင်း
သွားလာခွင့်ကို ကန့်သတ်မည်ဖြစ်ကြောင်း စစ်ဘက်ရေးရာလုံခြုံရေး (စရဖ)
သတင်းရပ်ကွက်ထံမှ သိရသည်။

“လွှတ်တော်တွင်းမှာ ဖိတ်ကြားထားတဲ့ သတင်းထောက်တွေ ကိုယ်နဲ့ မသက်ဆိုင်တဲ့
နေရာတွေ မသွားလာ အောင် စောင့်ကြည့်ဖို့ အထက်က တာဝန်ပေးထားပါတယ်” ဟု
စစ်ဘက်ရေးရာလုံခြုံရေးမှ အရာရှိငယ်တဦးက ပြောသည်။

လက်နတ်မဲ့အစောင့်များစွာကို တာဝန်ပေးထားရုံသာမက တနေရာမှ တနေရာသို့ သွားရာ ဖြတ်လမ်းများကို
တားဆီးကာရံရေးအတွက် စီစဉ်ထားမည်ဖြစ်ကြောင်း သူက ပြောသည်။

“လွှတ်တော်ထဲက အဆောက်အအုံတွေ တခုနဲ့ တခုကြား ဘလော့ကေ့ဒ်တွေထားဖို့
လုပ်နေပါတယ်။ အရင်က ကြိုးတန်းပဲ တန်းထားတာ။ အခုတော့ ဘလော့ကေ့ဒ်တွေထားဖို့
လူကြီးတွေက ညွှန်ကြားပါတယ်”” ဟု လွှတ်တော်ကို တာဝန်ယူတည်ဆောက်သည့်
အေစီအီးဆောက်လုပ်ရေးမှ အင်ဂျင်နီယာတဦးက ပြောသည်။

သတင်းရယူမည့်သူများ
လွှတ်တော် အဆောက်အအုံတွင်းသာ သွားလာရမည်ဟု သူက ဖြည့်စွက် ပြောကြားသည်။

“မသွားစေချင်သေးတဲ့ နေရာတွေကို သတင်းထောက်တွေ
ဓာတ်ပုံရိုက်မှာ စိုးရိမ်တယ်။ အဲဒါကြောင့်ပါ”” ဟု သူက ရှင်းပြသည်။

““ဘာပဲဖြစ်ဖြစ် တက်ခွင့်ရတာကိုက မနည်းပါဘူး။ ဓာတ်ပုံက တနေ့မဟုတ် တနေ့တော့
ရမှာပဲလေ””ဟု သြဂုတ်လ ၂၂ ရက် လွှတ်တော်တွင် သတင်းယူမည့် သတင်း ဂျာနယ် အယ်ဒီတာတဦးက ပြောသည်။



~

No comments:

Post a Comment