Pages

Friday, August 19, 2011

ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးသိန်းစိန် ခေတ္တ တွေ့ဆုံ

-




နေပြည်တော် ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ နေ့ခင်းမှာ
သမ္မတဦးသိန်းစိန်နဲ့ ခေတ္တ တွေ့ဆုံတယ်လို့ သိရပါတယ်။ တွေ့ပြီးနောက်မှာ မြို့ထဲ သွားတယ်လို့ ဆိုပါတယ်။

ဧရာဝတီက ရရှိတဲ့ သတင်းတွေအရ ဒေါ်အောင်ဆန်းစုကြည်ဟာ စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲကို မရောက်သေးပါဘူး တဲ့။

နေပြည်တော် အစိုးရ အရာရှိတဦးကို ကိုးကား ရေးသားထားတဲ့ Reuters သတင်းတပုဒ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲ သွားရောက်ခြင်း မရှိကြောင်း၊ သမ္မတဦးသိန်းစိန်က
အဖွင့် မိန့်ခွန်း ပြောကြားကြောင်း ဖော်ပြထားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နေပြည်တော်သွားတာက ၂ ပိုင်းရှိတယ်။ သူရဲ့ အဓိက လုပ်ငန်းကတော့ သမ္မတ ဦးသိန်းစိန် အပါအ၀င် တွေ့သင့်တဲ့သူတွေနဲ့ တွေ့ဖို့ ပေါ့။ နောက်တပိုင်းက ညီလာခံကိစ္စ (စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲ တက်ရေး) ရှိတယ်။ ကျနော် ထင်တယ် ညီလာခံတော့ တက်ဖြစ်လိမ့်မယ် မထင်ဘူး” လို့ ဦးဝင်းတင်က ဧရာဝတီကို ဒီနေ့ နေ့ခင်းပိုင်းမှာ ပြောပါတယ်။



-

No comments:

Post a Comment