Pages

Thursday, August 11, 2011

ဆိုင်းဘုတ် ၂ ခု

တနာရီမိုင် ၃၀ ထက် ပိုမမောင်းရ လို့ အဓိပ္ပာယ်ရတဲ့ အမှတ်အသား ဆိုင်းဘုတ်

sponsor ရှား သလား နေပြည်တော်ဝင်(၀န်) ရယ် လို့
facebook မှာ မှတ်ချက်ပြုထားတာ တွေ့ရပါတယ်။

9 comments:

  1. မြန်မာတို့အတွက် မြန်မာဘီယာ။
    ခွက် ၃၀ ထက်ပိုမသောက်ရ။

    ReplyDelete
  2. အမေရိကားတို့ ဥရောပတို့ မရောက်ဘူးလို့ မသိဘူးသေသေချာချာ အဲစကာင်္ပူ၊ထိုင်းမှာတော့ကားတွေ၊ယာဉ်တွေမောင်းရင်း အရက်၊ဘီယာသောက်တဲ့ကိစ္စဆိုတော်တော်တင်းတင်းကျပ်ကျပ်အရေးယူသဗျ. ထိုင်းဟိုင်းဝေးလမ်းမကြီးတွေဘေးက ဓါတ်ဆီဆိုင်ကြီးတွေနဲ့ တွဲဖွင့်တဲ့ Seven-Eleven ၂၄ နာရီဖွင့်တဲ့ဆိုင်မျိုးတွေ မှာဘီယာ၊ အရက်မရောင်းဘူးဗျ.. ဟဲ..ဟဲ မြန်မာပြည်ကတော့လေ.သူများတိုင်းပြည်ထက်ကိုထူးတယ်.. လူကြီးတွေလုပ်ပြီးဗဟုသုတကနဲ..စိတ်ထင်ရာလျှောက်လုပ်၊ စေတနာနဲ့ပြောလဲ အပြောမခံ၊ အဆိုးမြင်တယ်လို့ ဘဲထင်…အင်း..နိုင်ငံခြားသားတွေမြင်ရင်ရှက်စရာဗျာ…

    ReplyDelete
  3. စစ်ကိုနိုင်August 11, 2011 at 3:08 PM

    တော်ပါတော့ကွယ်.. စစ်တပ်နှိပ်စက်လို့ လူတွေလဲ သေ။ တိုင်းပြည်လဲ မွဲ။ ဟို နိင်ငံ ဖြစ်နေပါပြီ။
    ကမ္ဘာ့အလည်မှာ မျက်နှာငယ်လို့ ပတ်စ်ပို့တောင် ထူတ်မပြရဲတဲ့ ဘ၀ ရောက်အောင် လုပ်တဲ့ မင်းတို့ ပထွေးတွေကို စစ်တန်းလျားထဲမှာ ပိတ်လှောင်ထားကြပါတော့။ မင်း တို့က ရုရှားရောက် စစ်ဗိုလ်ပေါက်စလေးတွေ ထင်တယ်။

    ReplyDelete
  4. ဦးသောဘိတAugust 11, 2011 at 3:13 PM

ဲဖြူးဆရာတော်က ဟောခဲ့ဘူးတယ်။
ုမြန်မာပြည်မှာ တရားပွဲ တစ်ပွဲဟောဘို့ အရက်ဆိုင် တစ်ဆိုင် ဖွင့်ရတာလောက် မလွယ်ဘူးတဲ့။
    တရားပွဲ ပွဲမိန့်ရဘို့ ဌာနပေါင်း (၄၀) ကို တင်ပြရဆိုသကိုးဗျ။

    ReplyDelete
  5. ဒယ်အိုးသွားမယ့်အဖွဲ့..August 11, 2011 at 9:47 PM

    ဌါနပေါင်း(၄၀)ဆိုတဲ့ အရာတွေရဲ့ အထက်မှာ..ရှိနေကြတဲ့သူတွေရဲ့ ဦးခေါင်းတွေထဲမှာ..
    လူဦးနှောက်တွေ..မရှိပဲ..“ရွှေဥာဏ်တော်စူးရောက်” များဖြစ်နေခြင်းကြောင့်သာ..တရားပွဲတွေထက်.. အရက်ဆိုင်တွေကို..ပို၍.ခွင့်ပြု.ဦးစားပေးနေခြင်းပင်
    ဖြစ်ပါသည်..။

    ReplyDelete
  6. မောင်ကောင်းAugust 12, 2011 at 2:35 AM

    သြော် .. တိုင်းပြည်အုပ်ချုပ်မင်းလုပ်ဖို့ လားလားမျှအရည်အချင်းမရှိမတတ်တဲ့ သူတွေ တက် မင်းမူနေမှတော့ဗျာ အရာရာအားလုံး တလွဲတွေချည့်ပါပဲ ရှက်ဖို့တောင်ကောင်းတယ် ဟိုင်းဝေးလမ်းမှာ မိုင်ထိန်းဆိုင်းဘုတ်ကို အောက်က ဘီယာကြော်ငြာနဲ့တွဲ ထားတာ မြို့တော်ဝန်ဆိုတဲ့ ငနဲတွေလဲ ဘာမှ သိတဲ့ကောင်တွေမဟုတ်ဘူး တက်လာရင်တော့ ဆင်ဖမ်းမယ် ကျားဖမ်းမယ် တကဲကဲနဲ့ နောက်ဆုံးတော့ ယင်ကောင်တောင်မမိတဲ့ အဖြစ်မျိုးတွေနဲ့ချည့်ပဲ။

    ReplyDelete
  7. Drink Drive ဆိုတာ မြင်သာအောင် ပြထားတာနေမှာ.. :D

    ReplyDelete
  8. ပြောပြန်ရင်လည်းအောင်မင်းလွန်ရာရောက်မယ်။
    အောင်မင်းတွေးကြည့်တာက ဘီယာ၊အရက်သောက်
    ပြီးရင်မိုင်၃၀ထက်ပိုမမောင်းရလို့ဆိုလိုတာလို့ထင်တယ်။
    မဟုတ်ဟုတ်ကအကုန်လုပ် (ကြံ့ဖွတ်၊ကြံ့ဖွတ်)
    မိုက်မလား၊ရမ်းမလားအကုန်ဟုတ် (ကြံ့ဖွတ်၊ကြံ့ဖွတ်)
    အလွဲသုံးစားအသေလုပ် (ကြံ့ဖွတ်၊ကြံ့ဖွတ်)

    ReplyDelete
  9. Your people are so stupid, don't know that? if you drink this beer, do not drive more than 30 km/h, ok. otherwise you will die.. reverse to myanmar 30 to other side, ( means die!)
    Bo Gyi..

    ReplyDelete