ကားဟောင်းနဲ့ ကားသစ် လဲတဲ့ အစီအစဉ် မနေ့ကပဲ စပါပြီ။ ကညနမှာ နှစ် ၄၀ သက်တမ်းရှိတဲ့ ကားတွေ တန်းစီနေပါတယ်။ တချို့ပိုက်ဆံတတ်နိုင်တဲ့သူတွေက ကားဟောင်းတွေကို ဈေးကြီးပေး ဝယ်ကြပါတယ်။ ဒါပေမယ့် ကားလဲရမယ့် အစီအစဉ်က အခုထိ မရှင်းမလင်း ဖြစ်နေလို့ ကားလဲချင်တဲ့သူတွေ အူကြောင်ကြောင် ဖြစ်နေရပါတယ်။ ကားလဲဖို့အတွက် အခွန်ငွေကတော့ စုစုပေါင်း ၁၆၅ ရာခိုင်နှုန်း ကျမှာပါ။ ဥပမာ - ကားတန်ဖိုးက သိန်း ၁၀၀၀ ဆိုရင် အခွန်ငွေက သိန်း ၁၆၅၀ ပါ။ ဒီတော့ စုစုပေါင်း ဒီကားရဲ့ တန်ဖိုးက သိန်း ၂၆၅၀ ပေါ့။ သိပ်မများပါဘူးနော် ကဲကဲ ကားတွေရမယ်၊ ဘီ ၆၀၀ တွေရမယ်၊ ဂျစ်ကားစုတ် တွေရမယ်၊ ကားဟောင်းနဲ့ကားသစ်လဲတယ်။ သြော် ငယ်ငယ်က ပဲလှော်နဲ့လဲတယ် ဆိုတာကိုတောင် သတိရမိပါရဲ့ :P သတင်းဖတ်ရန်
မယားဟောင်းနဲ့မယားသစ်လဲမယ့်အစီအစဉ်ရောရှိလား
ReplyDeleteThere is no car ks 1000 thein 3500$ is equal to 350000 only
ReplyDeleteကားဟောင်းနဲ့ကားသစ် လဲလှယ်တဲ့အစီအစဉ်ကို ဆင်းရဲမွဲတေမှု့ လျှော့ချရေးစီမံချက်အရယာယီရပ်ဆိုင်း
ReplyDeleteလိုက်ပါတယ်။ ချမ်းသာသူများ ကားစုတ်တွေနဲ့ပိုက်ဘောမိစေ။
ကားစုတ်ပိုင်ရှင်များဈေးကောင်းရစေ။
အဲဒါမှလူတန်းစားနဲနဲ ညှိ လိုက်တာ။
လူကြီး..ဆိုသူတွေ အိမ်ကမသိအောင်.. တိတ်တိတ်ပုန်း..အသစ်လဲဝတ်နေကြတာကို
ReplyDeleteမသိကြသေးဘူး..ထင်ပါရဲ့...
မယားဟောင်းနဲ့ မယားသစ်လဲမယ့် အစီအစဉ်ရှိရင်တော့ ကျွန်တော်သဘောကျတယ်။ လုပ်စမ်းပါ။
ReplyDeleteအိမ်က ဆိုက်ကား အဟောင်းလေးနဲ့ ကားအသစ် လဲမယ့် အစီအစဉ်ရှိ မရှိ စုံစမ်းပေးပါ ဧရာဝတီရေ..:P
ReplyDeleteနားမလည်နိုင်တော.ဘူး။လုပ်ချင်တာလုပ်နေကြတယ်။ တကယ်ဆိုရင်ကိုယ်လုပ်မဲ. project အတွက် plan သေချာချရမှာပေါ.။ခုတော.တကယ်လဲပေးမှာလားမလဲပေးဘူးလားဆိုတာယုံရခက်ခက်ပဲ။နောက်ပြီးအမြတ်ခွန်ကိုဘာဖြစ်လိ.အများကြီးကောက်ရတာလဲ။မရှင်းမရှင်းနဲ.။ဟူး............ခက်တော.နေပါပြီ
ReplyDelete