ကားဟောင်းနဲ့ ကားသစ် လဲတဲ့ အစီအစဉ် မနေ့ကပဲ စပါပြီ။ ကညနမှာ နှစ် ၄၀ သက်တမ်းရှိတဲ့ ကားတွေ တန်းစီနေပါတယ်။ တချို့ပိုက်ဆံတတ်နိုင်တဲ့သူတွေက ကားဟောင်းတွေကို ဈေးကြီးပေး ဝယ်ကြပါတယ်။ ဒါပေမယ့် ကားလဲရမယ့် အစီအစဉ်က အခုထိ မရှင်းမလင်း ဖြစ်နေလို့ ကားလဲချင်တဲ့သူတွေ အူကြောင်ကြောင် ဖြစ်နေရပါတယ်။ ကားလဲဖို့အတွက် အခွန်ငွေကတော့ စုစုပေါင်း ၁၆၅ ရာခိုင်နှုန်း ကျမှာပါ။ ဥပမာ - ကားတန်ဖိုးက သိန်း ၁၀၀၀ ဆိုရင် အခွန်ငွေက သိန်း ၁၆၅၀ ပါ။ ဒီတော့ စုစုပေါင်း ဒီကားရဲ့ တန်ဖိုးက သိန်း ၂၆၅၀ ပေါ့။ သိပ်မများပါဘူးနော် ကဲကဲ ကားတွေရမယ်၊ ဘီ ၆၀၀ တွေရမယ်၊ ဂျစ်ကားစုတ် တွေရမယ်၊ ကားဟောင်းနဲ့ကားသစ်လဲတယ်။ သြော် ငယ်ငယ်က ပဲလှော်နဲ့လဲတယ် ဆိုတာကိုတောင် သတိရမိပါရဲ့ :P သတင်းဖတ်ရန်
မယားဟောင်းနဲ့မယားသစ်လဲမယ့်အစီအစဉ်ရောရှိလား