Pages

Thursday, April 12, 2012

ALP နဲ့ ရခိုင်ပြည်နယ်အစိုးရ ၅ ချက် သဘောတူ

စစ်တွေမှာ ကြိုဆိုသူများနဲ့ တွေ့ရတဲ့ ALP ဒုဥက္ကဌ ဦးခိုင်စိုးနိုင်အောင်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ သွားရောက်ဆွေးနွေးခဲ့တဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP အဖွဲ့က ဒုဥက္ကဌ ဦးခိုင်စိုးနိုင်အောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ မနေ့ညနေက ဘားအံမြ၀တီ လမ်းကြောကနေတဆင့် ထိုင်းနိုင်ငံ မဲဆောက် မြို့ကို ပြန်လည်ရောက်ရှိလာပါတယ်။

ဒီလ ၄ ရက်နဲ့ ၅ ရက်နေ့က စစ်တွေမြို့မှာ ပြည်နယ်အဆင့်ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးခဲ့တာပါ။

ဆွေးနွေးပွဲမှာ အပစ်အခတ် ရပ်စဲရေးအပါအ၀င် ပဏာမသဘောတူညီချက် ၅ ချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမဲ့ကိစ္စကတော့ နောက် ၃ လလောက်မှ ဖြစ်နိုင်မယ်လို့ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဦးခိုင်စိုးနိုင်အောင်က ဧရာဝတီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။



























4 comments:

  1. ခိုင်ဖိုးရှုပ်April 12, 2012 at 7:32 PM

    ငါးချက် သဘောတူပြီးရင် ငါးခြောက်နှပ် သဘောတူဖို့ ပဲ ကျန်တော့တာပေါ့။

    ReplyDelete
    Replies
    1. အာလူးများများနဲ့နှပ်

      Delete
  2. ခေါင်းဆောင်ကြီးခိုင်မိုးလင်းကပြောသွားတယ်..
    ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့လွတ်လပ်ရေးလိုချင်ရင်
    လက်နက်ကိုင်တော်လှန်ရေးကလွဲလို့ အခြားမရှိဘူတဲ့..
    မှန်၏...မြန်မာအစိုးရငြိမ်းချမ်းရေးစာချုပ် ၃လမခံ..
    မယုံလျှက်ကချင်သွားကြည့်..

    ReplyDelete
  3. မြန်မာအစိုးရစာချုပ်ကို မယုံပေါင်..
    မယုံရတဲ့အကြောင်းက မယုံသင့်လို့ပဲ..
    သမီး လိုချင်မအေ ကြည့်ဆိုသလို..မြန်မာသမိုင်းစာချုပ်
    မှတ်တိုင်ဖြစ်တဲ့ ပင်လုံစာချုပ်ကိုကြည့်လိုက်ရင်
    မြန်မာအစိုးရတွေဟာ ကတိမတည်သူတွေ ပဲဆိုတာ
    မြင်ကြမှာပါ..အခုခေါင်းဆောင်တွေဟာလည်း အဲဒီထဲက
    နေပေါက်ဖွားလာတဲ့သူတွေသာဖြစ်ပါတယ်..
    သိပ်ပြီးခရီးရောက်မယ်မထင်ဘူး..တိုက်ပွဲတွေဘယ်အချိန်
    ပြန်ဖြစ်မလဲဆိုတာ ရင်တမမနဲ့စောင့်နေပါတယ်..
    ..ပုံ
    ငြိမ်းချမ်းရေးအမှန်တကယ်လိုသူ..

    ReplyDelete