စစ်တွေမှာ ကြိုဆိုသူများနဲ့ တွေ့ရတဲ့ ALP ဒုဥက္ကဌ ဦးခိုင်စိုးနိုင်အောင်
ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ သွားရောက်ဆွေးနွေးခဲ့တဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP အဖွဲ့က ဒုဥက္ကဌ ဦးခိုင်စိုးနိုင်အောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ မနေ့ညနေက ဘားအံမြ၀တီ လမ်းကြောကနေတဆင့် ထိုင်းနိုင်ငံ မဲဆောက် မြို့ကို ပြန်လည်ရောက်ရှိလာပါတယ်။
ဒီလ ၄ ရက်နဲ့ ၅ ရက်နေ့က စစ်တွေမြို့မှာ ပြည်နယ်အဆင့်ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးခဲ့တာပါ။
ဆွေးနွေးပွဲမှာ အပစ်အခတ် ရပ်စဲရေးအပါအ၀င် ပဏာမသဘောတူညီချက် ၅ ချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးမဲ့ကိစ္စကတော့ နောက် ၃ လလောက်မှ ဖြစ်နိုင်မယ်လို့ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဦးခိုင်စိုးနိုင်အောင်က ဧရာဝတီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ငါးချက် သဘောတူပြီးရင် ငါးခြောက်နှပ် သဘောတူဖို့ ပဲ ကျန်တော့တာပေါ့။