
ဇူလိုင်လ ၂၄ ရက်နေ့ ညနေ့ ၃ နာရီခန့်က ရန်ကုန်မြို့တွင် မိုးသက်လေပြင်းတိုက်ခတ်ခဲ့လို့ ဗိုလ်အောင်ကျော် လမ်း အောက် ဘက်ဘလောက်ရှိ မြန်မာ့ ဆက်သွယ်ရုံးချုပ် အရှေ့ရှိ အထပ်မြင့် အဆောက်အအုံး မှန်များ ကွဲခဲ့ပါတယ်တဲ့။

သက်တမ်းရင့် အပင်တွေလဲ ပြိုလဲ သွားခဲ့ပြီး ဆက်သွယ်ရေးရုံးချုပ်ရှေ့မှာ ရပ်ထားတဲ့ ကား ၃ စီးကတော့ ကျိုးကျသွားတဲ့ သစ်ပင်ကြီးတွေနဲ့ ပိလို ပျက်စီးသွားပါသတဲ့။
ဖြစ်ပွားရာ နေရာကိုတော့ မြိုတော် စည်ပင်က တာဝန်ရှိသူတွေက လာရောက် ရှင်းလင်းသွားပါတယ်လို့ ကြေးမုံ သတင်းစာ မှာဖော်ပြထားပါတယ်။ လာရောက်ကြည့်ရှုတဲ့ မျက်မြင်သက်သေများပြောပြတာကတော့ အခုလို လေပြင်းတိုက် သစ်ပင်ကြီး တွေလဲတာကို နာဂစ်တုန်းက တစ်ခါနဲ့ အခုတစ်ခါသာ မြင်ဖူးတာလို့လဲပြော ပါတယ်။
ထူးခြားမှုကတော့ ရန်ကုန်မြို့ရှိ သက်တမ်းရင့် အပင်တွေပြိုလဲတိုင်း လမ်းမတွေပေါ်ကိုသာ ပြိုလဲတာဖြစ်ပြီး လမ်းဘေး ၀ဲ ယာက လူနေတိုက်ခန်းတွေကို မပိဘဲ အလျားလိုက်လဲတာများပါတယ်တဲ့။
လေဆိုတာအကာအရံမရှိတဲ့နေရာဘဲဖြတ်တိုက်လို့ရမှာပေါ့.
ReplyDeleteဘေးမှာတိုက်တွေကာနေတော့လေကလွတ်ရာ လမ်းကြောင်းအတိုင်းအလျားလိုက်တိုက်... သစ်ပင်တွေကလေလမ်းကြောင်းအတိုင်းလဲ.....
ဘာထူးဆန်းလဲဧရာဝတီရယ်......။။။
အပေါ်ကလူရေ... ဥပမာ.. လေက တောင်ဘက်ကို တိုက်နေတယ်.. သစ်ပင်က လေလမ်းကြောင်းနဲ့  အိမ်ကြားထဲမှာ ရှိနေတယ်။ အိမ်က လေကွယ်နေလို့ ဆိုပြီး လေကြောင်းက မြောက်ဘက်၊ အရှေ့ ဘက် သို့ မဟုတ် အနောက်ဘက်ကို လမ်းကြောင်း ပြောင်းတိုက်နိုင်သလား။ ခေါင်းကြီးကြီး နဲ့  စဉ်းစား။ နာဂစ်မှာ အိမ်နဲ့ အပင်တွေ ရှိချင်သလို ရှိနေကြတာ။ ကြားရ သလောက် အိမ်ပေါ် အပင်လဲတယ် ဆိုတာ မကြားရသလောက်ပဲ။
ReplyDelete