Pages

Wednesday, July 25, 2012

နယ်စပ် မြန်မာဆင်တို့ရဲ့ ကံကြမ္မာ

~



မြန်မာဆင်တွေကို ထိုင်းခရီးသွားလုပ်ငန်းမှာ သုံးဖို့ ခိုးထုတ်ခံနေရတယ်၊ ဆင်ပေါက်လေးတွေကို အလွန်အကျွံ နှိပ်စက်တဲ့နည်းနဲ့ ယဉ်ပါးအောင် လုပ်နေတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တခုက ဆိုပါတယ်။



သူတို့ထုတ်ပြန်တဲ့ ရုပ်သံမှတ်တမ်းတိုမှာ ဆင်စခန်းတွေအထိ ကွင်းဆင်း ရိုက်ကူးထားတာ တွေ့နိုင်ပါတယ်။


ဆက်စပ်ဖတ်ရှုရန်

Film Exposes Baby Elephant Smuggling (ဧရာဝတီသတင်းတို)

မြန်မာပြည်ကဆင်တွေ ထိုင်းနိုင်ငံကို ခိုးထုတ်နေ (RFA)
2012-07-24

မြန်မာနိုင်ငံက ဆင်တွေ တစ်နှစ်ကို အကောင် ၅၀ ကနေ ၁၀၀ ကြား ထိုင်းနိုင်ငံကို ခိုးထုတ်ခံနေရတယ်လို့ Ecologist Film Unit (EFU) ဆိုတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ဒီကနေ့ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။

ထိုင်းနိုင်ငံက ကမ္ဘာလှည့်ခရီးသည်တွေ ကြည့်ဖို့ ပြုလုပ်ထားတဲ့ ဆင်စခန်းတွေကို ပို့ဆောင် ရောင်းချခြင်းအားဖြင့် ဒီလုပ်ငန်း ဖြစ်ထွန်းတွင်ကျယ် နေတယ်လို့ ဆိုပါတယ်။
ဒီအကြောင်း EFU အဖွဲ့က လျှို့ဝှက် ရိုက်ကူးထားတာတွေကို အခု မှတ်တမ်း ရုပ်ရှင်အဖြစ် ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။

မှောင်ခို ခိုးထုတ်နေတဲ့ ဆင်တွေမှာ ဆင်ပေါက်လေးတွေနဲ့ ဆင်မကလေးတွေ အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။ ဆင်လေးတွေ ဖမ်းတဲ့အခါမှာလည်း ဆင်ကြီးတွေရဲ့ ရန်ကနေ အကာအကွယ်ရအောင် ဖမ်းဆီးသူတွေက မောင်းပြန်သေနတ်တွေ အသုံးပြုသလို ယဉ်ပါးအောင် လုပ်တဲ့အခါမှာလည်း အလွန်အကျွံ နှိပ်စက် ညှင်းပမ်းတာတွေ ရှိတယ်လို့လည်း EFU အဖွဲ့က ပြောဆိုပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံမှာ လာမယ့်နှစ် ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ တောရိုင်းတရိစ္ဆာန်နဲ့ သဘာဝ ပန်းမန် ကူးသန်း ရောင်းဝယ်မှုဆိုင်ရာ ညီလာခံ မတိုင်ခင် ဆင်မှောင်ခို လုပ်ငန်းကို နှိမ်နင်းခြေမှုန်းဖို့ တက်ကြွလှုပ်ရှားသူတွေက ထိုင်းအစိုးရကို တောင်းဆိုနေကြတယ်လို့ ဆိုပါတယ်။
~

No comments:

Post a Comment