Pages

Monday, July 23, 2012

ရဲတပ်ဖွဲ့အတွက် ရေစိမ်ခံ အသံတိတ်လက်နက်

နောက်ဆုံးပေါ်လက်နက်ဆန်းဖြစ်တာကြောင် ဖေ့စ်ဘွတ်မှာ လက်သရမ်းသူများ သတိထားကြဖို့
နှိုးဆော်လိုက်ပါတယ် လို့ ဓာတ်ပုံ ပေးပို့လာသူက ဆိုပါတယ်။

ကာကွယ်ရေးအသုံးစရိတ် အားကောင်းပေမယ့် လက်နက်ဝယ်ယူမှု ပိတ်ဆို့ခံထားရတဲ့ မြန်မာပြည်မှာ ဒီလို လက်နက်မျိုးဟာ အင်မတန် အဆင်ပါတယ်။
စရိတ်နည်းပါး၊ ကျည်ဆံပေါများ၊ ရေစိုခံ၊ ပျောက်သွားလည်း အစီရင်ခံစာတွေ ထုချေလွှာတွေ ရေးတင်စရာ မလိုတဲ့ လက်နက် ဖြစ်ပါတယ်။

တခြား အားသာချက်တွေကတော့ သဘာဝပတ်ဝန်းကျင်ကို ဒုက္ခမပေး (ဆိုင်သလားတော့ မသိဘူး)၊ ကျည်ဆံ မတော်တဆထွက်တာမျိုးလည်း သိပ်မရှိ၊ ဆိုင်မှာလည်း ၀ယ်လို့ရ၊ အော်ဒါလည်း မှာလို့ရ၊ ကိုယ်တိုင်လည်း လုပ်လို့ရ၊ ထောက်ခံစာမပါလည်း ၀ယ်လို့ရနေတာပဲ ဖြစ်ပါတယ်။

3 comments:

  1. ကောင်းလိုက်တဲ့လက်နက် ကိုယ်ခံပညာလေ ရပ်ကြည့်နေဖို့ဘဲတတ်တာ

    ReplyDelete
  2. တောသားJuly 24, 2012 at 8:05 AM

    ဟ ဟ... ဘာကြီးလဲ?
    လောက်လေးခွကြီးလား?
    :)

    ReplyDelete
  3. It has been used by police to control a crowd since beginning of 21st century. Once, a police told me in 2001 that he and his colleagues were ordered to prepare လောက်လေးဂွ နဲ့လောက်စာ ၂၀၀ each to use once they were called to reinforce riot police.

    ReplyDelete