Pages

Monday, July 23, 2012

မြန်မာ ET ဇာတ်လမ်းတွဲ ထိုင်းရုပ်သံမှာ လွှင့်မယ်



အီးတီ

အကြားအမြင် ဆရာမ ET ရဲ့ ဘဝဇာတ်ကြောင်း ဇာတ်လမ်းတွဲကို ထိုင်းနိုင်ငံမှာ ရိုက်ကူး ထုတ်လွှင့်ပြသပါမယ် တဲ့။ အဓိကသရုပ်ဆောင်တဦးကတော့ စည်ဖြိုး ဖြစ်ပါတယ်။

စည်ဖြိုး

ဒီဇာတ်လမ်းတွဲရိုက်ကူးမှုနဲ့ ပတ်သက်ပြီး မတ်လဆန်းပိုင်းတုန်းက စည်ဖြိုးရဲ့ ပြောဆိုချက်က ဒီလိုပါ -
"ဒီဇာတ်ကားက တစ်ကားလုံးကို အင်္ဂလိပ် စကားပြော ရမှာပါ။ ဒီဇာတ်ကားက ယိုးဒယား မှာ နာမည်ကြီးနေတဲ့ ဆရာမ ETကို စိတ်ဝင်စားတဲ့
ကောင်မလေး တစ်ယောက် ပေါ့။ ဆရာမက ကောင်မလေးရဲ့ ဖူးစာရှင်ဟာ သူလာ တဲ့ ယိုးဒယားနိုင်ငံမှာ ရှိတာ မဟုတ်ဘဲ မြန်မာပြည် မှာပဲရှိတာ။ အတိတ်ကလည်း ဒီကောင်မလေးက မြန်မာ အဆက်လို့ပြောတာနဲ့ မြန်မာပြည်မှာ ရှိတဲ့ကောင်လေးနဲ့ ဇာတ်လမ်းပေါ့"

ဒီဇာတ်ကား ထဲက ဆရာမ ET နေရာမှာ စည်ဖြိုးရဲ့ အဒေါ် ဖြစ်သူ ဆရာမ ET ကိုယ်တိုင် သရုပ်ဆောင် ပေးမှာ လို့ ဂျာနယ်ထဲမှာ ရေးထားပါတယ်။

ET လို့ ထင်ရှားတဲ့ ဒေါ်ဆွေဆွေဝင်းဟာ အသက် ၅၀ ကျော်စ ပြုလာပါပြီ။

သူဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကတည်းက မြန်မာပြည်မှာ လူသိများလာသူ ဖြစ်ပါတယ်။
သူနာမည်ထွက်စမှာ ပေါ်ပေါက်လာတဲ့ ကမ္ဘာကျော်ရုပ်ရှင်
ဂြိုလ်သား ET ဇာတ်ကားထဲက ဇာတ်ကောင်နဲ့ ဆင်တူတဲ့အတွက် သူ့နာမည်က ET ဖြစ်သွားတာပါပဲ။

မြန်မာပြည် ET ရဲ့ ဟောပြောချက်တွေ မှန်ကန်တယ်လို့ အများက ပြောဆိုကြတာ ကြားဖူးကြမှာပါ။

နောက်ပိုင်းမှာတော့ သူ့ရဲ့ အကြားအမြင်သတင်းက ပြည်ပကိုပါ ရောက်သွားပါတယ်။ သူ့ဆီကို အရောက်များတဲ့ နိုင်ငံခြားသားတွေဟာ ထိုင်းနိုင်ငံက အများဆုံး ဖြစ်မှာပါ။ အစောပိုင်းသတင်းတွေအရ အဲဒီထဲမှာ ထိုင်းနိုင်ငံက စစ်ဘက်၊ အရပ်ဘက် ထိပ်သီးပိုင်းတွေ ပါဝင်နေတယ်လို့ သိရပါတယ်။



မြန်မာ ET အကြောင်း ထိုင်းရုပ်သံ ထုတ်လွှင့်မှုတခု

4 comments:

  1. Can I get ET contact number?
    Please help.


    Thank you

    ReplyDelete
  2. အောင်ကြူးJuly 24, 2012 at 11:58 AM

    နေရပ် အဂါင်္ဂြိုလ်
    တယ်လီဖုံးအမှတ် ၈၈၈-၈၀၀၀-၈၀၈၀၈၀

    ReplyDelete
  3. သူကပုသိမ်ကပါ။ ကျွန်တော်ကောလိပ်မှာတက်နေတုန်း ၁၉ ၈၄ လောက်က သူ့ ဆီမှာသူငယ်ချင်းတွေနဲ့ အပျော်ဗေဒင်ကြည့်ဘူးတယ်.. တံတားကြီးတန်းလမ်းမကြီးပေါ်မှာ၊ အခုဗန္ဒုလ လမ်းပေါ့.. သူမနေခဲ့တဲ့အိမ်လေးရှိသေးလားမပြောတတ်ဘူး..

    ReplyDelete
  4. ကျေးဇူးပြုပြီးဆရာမရဲ့ လိပ်စာသိပါရစေ

    ReplyDelete